ခန်းဖူမြို့နယ်၌ ဒဗစ်ဒီယာ အင်ဗိုလူကရာတာပန်းများသည် ပွင့်ဖူးနေ
2020-06-12 15:05|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဘိုင်မာဆီးနှင်းတောင် နိုင်ငံတော်အဆင့် သဘာဝထိန်းသိမ်းရေးဇုန် ခန်းဖူမြို့နယ် နီဖူဇီစ်ဒေသသို့ ဝင်ရောက်လျှင် မြင့်မားမတ်စောက်သော တောင်တန်းများ အကြားမှာ မြစ်များ တလှိမ့်လှိမ့်နှင့် ဒလဟောစီးဆင်းပြီး လေပြေသုတ်ဖြူးပြီး မွှေးပျံ့ တစ်ဖြိုက်ဖြိုက်သည် ပီတိသော မနဿဖြစ်စေ၍ တောင်စောင်းပေါ်၊ လျှိမြောင်ဘေး၊ လျှိအတွင်းတို့၌ ဝေဝေဆာဆာပွင့်ဖူးနေသည့် ဒဗစ်ဒီယာ အင်ဗိုလူကရာတာပန်းများကို နေရာတကာ တွေ့မြင်ကြည့်ရှုနိုင်ပါသည်။ လေယူရာ ခုန်ကနေသည့် နို့နှစ်ရောင်ဖြစ်သော ပန်းပွင့်များကို မျက်လုံးမော့ပြီး ကြည့်လျှင် ထောင်လိုက်သောင်းလိုက်သည့် ခိုဖြူများသည် သစ်ကိုင်းပေါ်တွင် ခုန်ကနေသကဲ့သို့ ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် အလှပြရုက္ခပင် ၁၀ မျိုးထဲမှ ၁ မျိုးအဖြစ် ထည့်သွင်းပေးသည့်၊ ရုက္ခပင်များထဲမှ ပန်ဒါဝက်ဝံဟု တင်စားခေါ်ဝေါ်သည့် ဒဗစ်ဒီယာ အင်ဗိုလူကရာတာ များသည် ပင်လယ်ရေမျက်နှာပြင်ထက် မီတာ ၂၀၀၀ မှ ၃၀၀၀ အထိ ဖြစ်သော တောင်တန်းဒေသ လျှိမြောင်ထဲ၌ သဘာဝအလျှောက် ရှင်သန်ကြီးထွား လာပါသည်၊ ဝေရှီးခရိုင် ခန်းဖူမြို့နယ်သည် တီချင့် တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲထဲတွင် အရေးကြီးသော ဒဗစ်ဒီယာ အင်ဗိုလူကရာတာ၏တောရိုင်း သဘာဝ ပျံ့နှံ့နယ်မြေ ဖြစ်ပါသည်။ ခန်းဖူမြို့နယ် နီဖူဇီစ်ဒေသ၌ တောရိုင်း ဒဗစ်ဒီယာ အင်ဗိုလူကရာတာ ၆၈ ပင်ရှိ၍ ၎င်းတို့ထဲတွင် အပင်အချု့များ၏ အသက်သည် အနှစ် ၁၀၀ ကျော်နေပါပြီ။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့