ပဉ္စမကြိမ်မြောက် ယူနန်ပြည်နယ် ရေကူးယဉ်ကျေးမှုပွဲတော်ကို စတင်ကျင်းပ
2020-06-05 15:39|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) မေလျစ်-ခန်းတားကြီး ဟူသော ပဉ္စမကြိမ်မြောက် ယူနန်ပြည်နယ် ရေကူးယဉ်ကျေးမှုပွဲတော်ကို ယခု ကျင်းပနေပါပြီ၊ ဇွန်လ ၁၅ ရက်နေ့အထိ ကပ်ရောဂါကာလအတွင်း ဝူဟန်မြို့ကို အကူအညီ ပေးခဲ့ကြသည့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် ကူမင်းမြို့၊ ယူရှီမြို့၊ လင်ဆန်းမြို့တို့၌ ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းစနစ်မှ လုပ်ငန်းဌာန ၃၂ခု၏ ဝန်ထမ်းစလုံးသည် ရေကူးယဉ်ကျေးမှုပွဲတော်၏ အခမဲ့ သို့မဟုတ် ဈေးလျှော့လှုပ်ရှားမှုများကို ခံစားနိုင်ပါသည်။
ဤအကြိမ် ရေကူးယဉ်ကျေးမှုပွဲတော်ကို ယူနန်ပြည်နယ် အားကစားဦးစီးဌာနနှင့် မေလျစ်ခန်းကုမ္ပဏီ တို့သည် ပူးပေါင်းကျင်းပပါသည်၊ မေလျစ်ခန်းကုမ္ပဏီ အောက်ရှိ ကူမင်းမြို့၊ ယူရှီမြို့၊ လင်ဆန်းမြို့တို့၌ ရေကူးကန်များသည် ဝူဟန်မြို့ကို အကူအညီ ပေးခဲ့ကြသည့် ဆေးဘက်ဆိုင်ရာ ဝန်းထမ်းများ အတွက် ရေကူးကတ် ၂၀၅ချပ်ကို အခမဲ့ ဖြန့်ဝေပေးပါမည်၊ ထို့ပြင် ဆေးဘက်ဆိုင်ရာ ဝန်းထမ်းစလုံးသည် လတိုင်း ၁၂ ရက်နေ့တွင် ရေကူးကန်ထဲသို့ အခမဲ့ ရေကူးနိုင်ပါမည်။
ယူနန်ပြည်နယ်၏ ကပ်ရောဂါ ခုခံတိုက်ဖျက်ရေး အခြေအနေသည် တည်ငြိမ်လာ သောကြောင့် တစ်ပြည်နယ်လုံးရှိ အလတ်စား အသေးစား ရေကူးကန်များသည်လည်း တဖြည်းဖြည်း ပြန်လည်ဖွင့်လှစ် လိုက်ပါပြီ။ နှစ်တိုင်း မေလတွင် ယူနန်ပြည်နယ် ရေကူးယဉ်ကျေးမှုပွဲတော်ကို သတ်မှတ်ထားသည့် အချိန် အတိုင်း ကျင်းပလေ့ရှိပါသည်၊ ယခင်နှစ်များတွင် ပွဲတော် ကျင်းပရာတွင် မြို့သူမြို့သားများ အတွက် အခမဲ့ ရေကူးခြင်း လှုပ်ရှားမှုကိုလည်း စီစဉ်တတ်ကြခဲ့ပါသည်။ ကပ်ရောဂါကာလအတွင်း ကိုယ်ကျိုးမဖက် ပေးလှူခဲ့ကြသည့် ဝန်ထမ်းများကို ကျေးဇူးတင်ကြောင်း ဖော်ပြရန် ဤနှစ် ပွဲတော်သည် ဝူဟန်မြို့ကို အကူအညီ ပေးခဲ့ကြသည့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ အတွက် ထူးထူးခြားခြား ကျင်းပပေးပါသည်။
ကြိုတင်ကာကွယ် လုပ်ငန်းကို ကောင်းမွန်စာ ပြုလုပ်နိုင်ရန် အတွက် ပွဲတော် နှင့်ပတ်သက်သော ရေကူးကန်များအား ပိုးသန့်ခြင်း၊ ခုခံတိုက်ဖျက်ရေး လုပ်ငန်းကို တင်းကျပ်စွာ ဆောင်ရွက်တတ်ပါသည်။ နေ့တိုင်း ရေကူးကန် ပိတ်ပြီးနောက် ရေကူးကန်ကို အပြည့်အဝ ပိုးသန့်တတ်ပါသည်။
昆明信息港综合整理 美利康·达兹第五届云南省游泳文化节已启动,从即日起到6月15日,援助武汉医务人员、医务工作人员,以及昆明市、玉溪市、临沧市所有疫情联防联控工作机制32个部门的工作人员都能享受相关免费或优惠活动。
本次省游泳文化节由云南省体育局和美利康公司联合推出,美利康旗下昆明市、玉溪市、临沧市多家游泳馆将对援助湖北武汉医务人员发放205张免费游泳卡,所有医务人员每月12日可免费到游泳馆畅游。
随着我省防疫形势趋于稳定,全省中小型游泳馆也逐步恢复营业,开门迎客。每年5月,我省游泳文化节都会如期而至,以往文化节期间都会推出市民免费游活动。为了表达对在疫情中无私奉献的工作者们的感谢之情,今年的游泳节特别针对援助武汉医务人员。
为了做好防护工作,游泳节所涉及游泳馆都严格实行消杀、防控工作。每天闭馆后,还对游泳馆进行全面消毒。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့