တရုတ်-ယူနန် ဟင်းသီးဟင်းရွက် မျိုးစေ့လုပ်ငန်းပြပွဲကို သြဂုတ်လတွင် ကျင်းပမည်
2020-06-04 14:48|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ၂၀၂၀ခုနှစ် တရုတ်-ယူနန် ဟင်းသီးဟင်းရွက် မျိုးစေ့လုပ်ငန်းပြပွဲကို သြဂုတ်လတွင် လျှန်းဝမ်းတောင် ခေတ်သစ် စိုက်ပျိုးရေးပန်းခြံထဲမှ ယူနန် ကုန်းပြင်မြင့် မျိုးစေ့လုပ်ငန်းဒေသ၌ ကျင်းပပါမည်။ လက်ရှိ ဒေသထဲတွင် တစ်နိုင်ငံလုံးနှင့် တခြားနိုင်ငံများမှ အသစ်ဆုံး၊ အကောင်းဆုံး၊ အထူးခြားဆုံး ဖြစ်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးများကို စိုက်ပျိုး နေပါသည်။
ယူနန် ကုန်းပြင်မြင့် မျိုးစေ့လုပ်ငန်းဒေသသည် ကူမင်းမြို့ တောင်ဘက် အမြန်ရထား ဘူတာရုံ၏ နောက်ဖက်မှ လျှန်းဝမ်းတောင် ခေတ်သစ်စိုက်ပျိုးရေးပန်းခြံ ထဲတွင် တည်ရှိနေ၍ ကူမင်း အဓိကမြို့တွင်းရပ်ကွက်နှင့် ၃၅ ကီလိုမီတာ ကွာဝေးပါသည်။ ဒေသကို ယူနန်နှုန်းဆင်း စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီနှင့် ယူနန် ယွင်းဆန်းကျားနှုန်း နည်းပညာဖွံ့ဖြိုးမှုကုမ္ပဏီတို့ ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံပြီး ဆောက်လုပ်ကာ အကျယ်အဝန်းမှာ အမို ၁ တောင်ကျော် ရှိပါသည်။ ဒေသထဲတွင် စံပြကုန်ထုတ်ဒေသ၊ ရေမလိုသော စိုက်ပျိုးဒေသ၊ လယ်ယာစိုက်ပျိုးရေး ယဉ်ကျေးမှုကို လက်တွေ့ခံစားဒေသ၊ နာမည်ကြီးသောပန်းများ ပြဒေသ၊ ဟင်းသီးဟင်းရွက် ပြဒေသနှင့် အနားယူဖို့ ခင်းထားသော မြက်ခင်း စသည်တို့ ရှိပါသည်။
ယူနန် ကုန်းပြင်မြင့်မှာ ကွဲပြားခြားနားသော ရာသီဥတု ရှိသောကြောင့် ဒေသထဲတွင် ရာသီမရွေး အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးနိုင်ပါသည်၊ ထို့ပြင် တိုးတက်သောနည်းပညာ အသုံးပြုပြီး ထွက်လာသည့် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ၏ အရည်အသွေးသည် အီးယူ၏ စံချိန်စံညွှန်း မှီ၍ တရုတ်ပြည် ဂွမ်ဒေါင်းပြည်နယ်၊ ဟောင်ကောင်နှင့် မကာအို စသည့်နေရာများသို့ ရောင်းချပါပြီ၊ မြို့သူမြို့သားများလည်း ကိုယ်ပိုင်ကားမောင်းပြီး အမျှင်မပြတ် ဆွတ်ခူး ရောက်လာပါသည်။ ကုန်းပြင်မြင့် ညစ်ညမ်း၊ ဓာတုပစ္စည်းမဲ့ အစိမ်းရောင် သဘာဝ ဟင်းသီးဟင်းရွက် အမှတ်တံဆိပ်သည် နာမည်ထင်ရှားကျော်ကြားစေရန် ၂၀၂၀ခုနှစ် တရုတ်-ယူနန် ဟင်းသီးဟင်းရွက် မျိုးစေ့လုပ်ငန်းပြပွဲကို သြဂုတ်လတွင် မျိုးစေ့လုပ်ငန်းဒေသ၌ ကျင်းပပါမည်။ ထိုအခါတွင် တစ်နိုင်ငံလုံး နေရာအသီးသီး မှလာသော တစ်ဆင့်ရောင်းချရေး ကိုယ်စားလှယ် တစ်ထောင်ကျော်သည် ပြပွဲကို လာရောက်ပါဝင် ကြပါမည်။ ထို့ပြင် ယူနန်ကုန်းပြင်မြင့် မျိုးစေ့လုပ်ငန်းဒေသတွင် အတူစံစားကြသည့် စိုက်ပျိုးခြံကို တည်ဆောက်၍ မြို့သူမြို့သားများသည် ဟင်းသီးဟင်းရွက်စိုက်မြေ တစ်ချပ်ကို တောင်းယူပြီး မိမိနှစ်သက်သော ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးပြီးနောက် ကလေးနှင့် အတူတူ ဆွတ်ခူးပြီး ကျေးလက်ဘဝ၏ ပျော်စရာကို လက်တွေ့ခံစား နိုင်မည်။
昆明信息港综合整理 2020年中国·云南蔬菜种业博览会将于8月在梁王山现代农业公园云南高原种业小镇举办。目前小镇种植了2000多种来自全国和其他国家最新、最好、最奇的蔬菜水果。
云南高原种业小镇位于梁王山现代农业公园内,距昆明主城区35公里,在高铁昆明南站背后。小镇规模达1000多亩,由云南农鑫农业开发有限公司与云南云上佳农科技发展有限公司共同投资建设。小镇有标准化生产区、无水栽培区、农耕文化体验区、名花展示区、百蔬园以及叶菜展区、辣椒展区、茄果区,还有供人休息的草坪。
云南高原气候立体,小镇一年四季瓜果不断,加上先进的种植技术,种出来的蔬菜瓜果达到欧盟标准,已经销售到粤港澳大湾区,自驾来这里采摘的市民也络绎不绝。为打响高原绿色有机蔬菜品牌,2020年中国·云南蔬菜种业博览会将于8月中下旬在种业小镇举办。届时,来自全国各地的1000多家经销商将来这里参会。同时,云南高原种业小镇将建设共享农庄,市民可以来这里认领一块菜地,种上自己喜欢的蔬菜瓜果,和小孩一起采摘,体验田园生活的乐趣。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့