ကူမင်း ထန်ဟွာဘုရားကျောင်းဥယျာဉ်၌ Agapanthus africanus (L.) Hoffmanns အပင် ၂ သောင်းသည် အရက် ၂၀ ခန့်စော၍ ပွင့်ဖူး

2020-05-11 16:46|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ ခင်ခင်) ကူမင်းမြို့၏ ရာသီဥတုသည် တဖြည်းဖြည်း ပူပြင်းလာပါသည်။ ထန်ဟွာဘုရားကျောင်း ဥယျာဉ်တွင် Agapanthus africanus (L.) Hoffmanns အပင် နှစ်သောင်းကျော်သည် လွန်ခဲ့သည့်နှစ်ထက် အရက် ၂၀ ခန့်ပိုစော၍ ပန်းရှုစားသည့် ရာသီချိန်ကို ကြိုဆိုလာ၍ ခရီးသည်များကို နွေရာသီအစောပိုင်း၏ အေးမြစရာအား ခံစားစေပါသည်။

ထန်ဟွာဘုရားကျောင်းဥယျာဉ်သည် ကူမင်းတွင် အကြီးဆုံးသော Agapanthus africanus (L.) Hoffmanns စိုက်ပျိုးသည့် ဥယျာဉ် ဖြစ်ပါသည်။ မျက်မှောက်အချိန် Agapanthus africanus (L.) Hoffmanns ၆ မျိုး၊ အပင် နှစ်သောင်းကျော်သည် စတင်ပွင့်ဖူး၍ စိုက်ပျိုးသည့် အကျယ်အဝန်းသည် စတုရန်းမီတာ ၁၃၀၀ ရှိကာ ပန်းမာလ်များကို ရှုစားရန် အကောင်းဆုံးသော နေရာသည် ထန်ဟွာဘုရားကျောင်းဥယျာဉ်၏ ရှေ့ပိုင်း အဓိကပြသနယ်ပယ် ဖြစ်ပါသည်၊ ရိုက်ကူးရန် အကောင်းဆုံးသော နေရာသည် ဥယျာဉ်၏ အလယ်ပိုင်းတွင် တည်ရှိနေသော ယွမ်ကြားကူ အထိမ်းအမှတ်ဥယျာဉ်၏ အနား၊ ချန်နန်ယွမ် အထိမ်းအမှတ်စင်္ကြံ၏ အတွင်းနှင့် ဥယျာဉ်၏ အနောက်ပိုင်းတွင် တည်ရှိနေသော ပန်းမာလ်များကို မိတ်ဆက်ပေးသည့် စံပြဥယျာဉ်၏ အနား ဖြစ်ကြပါသည်။

ယခု Agapanthus africanus (L.) Hoffmanns ရာခိုင်နှုန်း၂၀-၃၀ ခန့်သည် ပွင့်ဖူးပါပြီ၊ သို့သော်လည်း လွန်ခဲ့သည့်နှစ် အချိန်တူကာလများ၌ အများစု အဖူး ဖြစ်သေးပါသည်ဟု ထန်ဟွာဘုရားကျောင်းဥယျဉ် သက်ဆိုင်ရာ တာဝန်ခံပုဂ္ဂိုလ်သည် မိတ်ဆက်ပေးခဲ့ပါသည်။ ဤနှစ် ကပ်ရောဂါဖြစ်ပွားမှု ကြောင့် ဥယျာဉ်ပိတ်ထားရာတွင် ထန်ဟွာဘုရားကျောင်းဥယျဉ်သည် Agapanthus africanus (L.) Hoffmanns ပါဝင်သည့်

အစိမ်းရောင်ရုက္ခပင်များ၏ ထိန်းသိမ်းရန် အားဖြည့်ပေး သောကြောင့် Agapanthus africanus (L.) Hoffmanns များသည် ရှင်ရှင်သန်သန် ပေါ်ပေါက်လာ စေကြပါသည်၊ လွန်ခဲ့သည့်နှစ်ထက် ၂၀ ရက်ခန့် ပိုစော၍ ပွင့်ဖူးစေ ရုံသာမက ပန်းပွင့်များလည်း ပိုမိုကြီးမားရွှန်းတင့် လာပါသည်။ ကြိုတင်ခန့်မှန်းချက် အရ ဝေဝေဆာဆာ ပွင့်ဖူးသည့် ရာသီချိန်သည် မေလ ဒုတိယ၊ တတိယဆယ်ရက်ပိုင်းတွင် ရောက်လာပါမည်။

昆明信息港综合整理 昆明天气逐渐炎热,在昙华寺公园,2万余株百子莲比去年提前近20天迎来赏花期,给游客带来初夏的清凉。

昙华寺公园是昆明最大的集中种植百子莲的公园。眼下,6个品种共2万余株百子莲迎来初花期,栽种面积1300平方米,最佳赏花点为昙华寺公园前园主展区,最佳拍摄点在中园袁嘉谷纪念园旁、钱南园纪念走廊内侧以及后园花卉科普示范园周边。

“目前,约两三成的百子莲已经盛开,而往年这个时候,基本都还是花苞。”昙华寺公园相关负责人介绍,今年因疫情闭园期间,昙华寺公园加强了包括百子莲在内的绿化植物的水肥管养,盆栽的百子莲重新换盆,地栽的则增加施肥量,精心管理让百子莲长势喜人,不仅比去年提前了近20天盛开,花剑更高,花朵也更加硕大艳丽。预计5月中下旬迎来盛花期。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်