အန်နင်ပါကျေ၌ စားသုံးနှင်းဆီပန်း အမို ၁ သောင်းကျော်သည် ဝေဝေဆာဆာ ပွင့်ဖူးနေ
2020-04-30 13:02|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဧပြီလကုန်မှ မေလကုန်အထိ အန်နင်ပါကျေ၌ စိုက်ပျိုးထားသည့် စားသုံးနှင်းဆီပန်း အမို ၁ သောင်းကျော်သည် ဝေဝေဆာဆာ ပွင့်ဖူးချိန်သို့ ဝင်ရောက်၍ ဆဌမကြိမ် “ပါကျေ၏ နေထိုင်မှုနှေး၊ နှင်းဆီပန်း၏ ချိန်းဆိုခြင်း၊ မွှေးကြိုင်သော ခရီးစဉ်” နှင့်ပတ်သက်သော လှုပ်ရှားမှုများကို စရားဝင် စတင် ကျင်းပပါသည်။
ရာသီဥတု သင့်တော်သောကြောင့် ပါကျေ၏ နှင်းဆီပန်းများ၏ အမွှေးရနံ့ ပိုထူထပ်ပြီး ဖန်ရနံ့ ပိုပေါ့ပြီး ပွင့်ဖတ် ပိုထူခြင်း စသည့် ထူးခြားချက်များ ရှိ၍ ယူနန်ပြည်နယ် နှင်းဆီပန်းမုန့် အချောကိုင်လုပ်ငန်းများ မရွေးမဖြစ်သော နှင်းဆီပန်း ဖြစ်ပြီး ကုန်သည်များသည် လက်ဦးအောင်အမြန်ဝယ်သည့် အရေးကြီးပစ္စည်းလည်း ဖြစ်ပါသည်။ ဤနှစ် “မွှေးကြိုင်သော ခရီးစဉ်” လှုပ်ရှားမှုများ ကျင်းပရာတွင် မြို့သူမြို့သားများသည် နှင်းဆီပန်းများနှင့် အတူတူ ဓာတ်ပုံရိုက် နိုင်ပါသည်၊ ကိုယ့်ဟာကိုယ် နှင်းဆီပန်းများ ဆွတ်ခူး နိုင်ပါသည်။ ပါကျေ၌ နှင်းဆီပန်းဖြင့် ပြုလုပ်သည့် ထူးခြားသော ထမင်းစားပွဲ၊ နှင်းဆီပန်းအရက်၊ နှင်းဆီပန်းဖျော်ရည်၊ နှင်းဆီပန်းမုန့် စသည်တို့ကိုလည်း မြည်းကြည့် နိုင်ပါသည်။ ထို့ပြင်၊ ရှောင်းလျန်နှင့် မော်နန်တယ်တို့၌ အခု များပြားသော ချယ်ရီသီး ရှိ၍ ခရီးသည်များသည် ဆွတ်ခူး နိုင်ပါသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့