သာယာသော နွေဦးတွင် ပန်းပေါင်းစုံစွာ ပွင့်ဖူးလာ၍ ယူနန် မဟာပထဝီမြေကြီးပေါ်၌ ရောင်စုံသော အဝတ်အစား ဝတ်ဆင်
2020-03-13 12:31|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) နွေဦးမတ်လ၊ သာယာသော နွေဦးတွင် ပန်းပေါင်းစုံစွာ ဝေဝေဆာဆာ ပွင့်ဖူးလာ ကြပါသည်။ လော်ဖျင် စသည့် နေရာများမှ မုန်ညင်းစိမ်းပန်း များသည် အစီအစဉ် အလိုက် ပွင့်ဖူးနေ၍ ဝါဝင်းဝင်း ပါသည်။ ကျောင်းထုံး စသည့် နေရာများမှ မက်မန်းပန်းများသည် ယှဉ်ပြိုင်စွာ ဝေဝေဆာဆာ ပွင့်ဖူးနေ၍ ဖြူဖွေးဖွေးပါသည်။ ချမ်းနင် စသည့် နေရာများမှ ဇလပ်နီပန်းများသည် ဝေဝေဆာဆာ ပွင့်ဖူးနေ၍ နီလွင်လွင်ပါသည်။ နွေဦးလေပြည်သည် ညတွင် ရုတ်တရက် လာသည်လို အရောင်အဆင်း အမျိုးမျိုး အစုံစုံနှင့် ရွှန်းတင့်သော ပန်းပေါင်းစုံစွာ ပွင့်ဖူးလာ ကြပါသည်။ ယူနန် မဟာပထဝီမြေကြီးပေါ်၌ ရောင်စုံသော အဝတ်အစား ဝတ်ဆင် ထားပါသည်။
ချမ်းနင် ထျန်းထန်တောင်
မိုပေါင်းသောင်းကျော်သော ဇလပ်နီပန်းများသည် နီလွင်လွင်နေ
တစ်နှစ်မတ်လ ထပ်လာချိန် ချမ်းနင် ထျန်းထန်တောင်မှ မိုပေါင်းသောင်းကျော်သော ဇလပ်နီပန်းများသည် ချိန်းထားသည့် အချိန်အလိုက် ဝေဝေဆာဆာ ပွင့်ဖူးနေပါသည်၊ များပြားသော ခရီးသည်တို့သည် ထင်ရှားကျော်ကြားမှုကို အားဂျာမိ သောကြောင့် ထျန်းထန်တောင်သို့ ဝင်ရောက်၍ အေးအေးညှင်းညှင်း လန်းလန်းဆန်းဆန်း ဖြစ်သော လေထဲတွင် ပန်းရှုစားပြီး လည်ပတ်၍ သဘာဝလောကကြီး၏ စိတ်ဝင်စားဖွယ် ကောင်းလှသည်ကို ခံစားပါသည်။
လန်းဆန်းဝေဆာသော ထျန်းထန်တောင်မှ ပန်းများထဲတွင် ဆွဲဆောင်အား အကြီးဆုံးသည် သလိုမြစ်ဘေးနားမှ မိုပေါင်းသောင်းကျော်သော Albizzia julibrissin Durazz ဖြစ်ပါသည်။
ပန်းရှုစားလာသည့် လူသည် တဖြည်းဖြည်း များလာ၍ တစ်ယောက်ယောက် တယ်လီဖုန်း ကိုင်ထားပြီး လက်မလည်နိုင်လောက်အောင် ပျော်ရွှင်ဖွယ်ကောင်းလှသည် မဟုတ်တုံလော။ ကလေးတွေ အပျော်ဆုံးဖြစ်၍ သူတို့သည် သစ်တောထဲတွင် အမီလိုက်သည် သို့မဟုတ် ကျယ်ဝန်းသော မြက်ခင်းပြင်ပေါ်တွင် မြူးထူးစွာ ကစားပါသည်။
ဆွေကျန်း ရန်ကျင်း
မိုပေါင်းသောင်းကျော်သော မက်မန်းပန်းများသည် အစီအစဉ် အလိုက် ပွင့်ဖူးနေ
၅ရက်သည် တရုတ်သက္ကရာဇ် ပိုးမွှားစတင်နိုးထကာလ ဖြစ်ပါသည်၊ ယူနန် အရှေ့မြောက်ပိုင်း တည်ရှိနေသည့် ကျောင်းထုံးမြို့ ဆွေကျန်းခရိုင်၊ ရန်ကျင်းခရိုင်တို့မှ မက်မန်းပန်း များသည် နွေဦးကြိုပြီး ဝေဝေဆာဆာ ပွင့်ဖူးနေ၍ ပန်းမျိုးစုံစွာ ရွှန်းတင့်ဝေဆာပြီး မွှေးရနံ့ နေရာအနှံ့ လျှံထွက်ပြီး ပျားနှင့် လိပ်ပြာများ လွင့်ပျံပြီး ပန်းတော ဖြစ်လာ၍ ရှုခင်းရှုကွက်များတွင် ပန်းချီအလှ ဆေးခြယ်သထားဘိ သကဲ့သို့ တစ်နှစ်ထဲမှ ပန်းရှုစားကောင်းသော အချိန်ကာလ ဖြစ်ပါသည်။
အခုရက်များတွင် ကျင်ဆာမြစ်ဘေး၌ တည်ရှိနေသည့် ဆွေကျန်းခရိုင် ရှင်းထန်းမြို့နယ် စီလုံကျေးရွာ ထျန်းပေါင်တောင်ပေါ်မှ မက်မန်းပန်း အမို ၃ သောင်းသည် ယှဉ်ပြိုင်စွာ ဝေဝေဆာဆာ ပွင့်ဖူးနေ၍ ဆီးနှင်းသကဲ့သို့ သန့်စင်ဖြူဖွေးပါသည်။
တောတောင်အနှံ့ ရှိသည့် မက်မန်းပန်းအပြင် ရွှေဝါရောင်ဖြစ်သော မုန်ညင်းစိမ်းပန်း၊ ပန်းရောင်ဖြစ်သော မက်မုံပန်းများလည်း ရှိပါသည်။
ရန်ကျင်းခရိုင် ကျုံးဟယ်မြို့နယ် အိုက်ထျန်ကွန်မြူနီတီမှ အမို (၁.၄)ထောင်ကျော်သော မက်မန်းပင်ဥယျာဉ် ထဲ၌ သာယာနွေးထွေးသော နွေဦးလေပြည်သည် COVID-19 ပါလာသော အနှောင့်အယှက်ပြုခြင်း ကွယ်ပျောက်သွား စေပါသည်။ မက်မုံပန်း၊ မက်မန်းပန်း၊ မုန်ညင်းစိမ်းပန်း အတူတူ ပွင့်ဖူးနေ၍ လူတွေလိုက်ပြီး နွေဦးရာသီသို့ ဝင်ရောက် ကြပါသည်။
လော်ဖျင် ဖုယွန် ယူလုံ
မုန်ညင်းစိမ်းပန်းများ ပွင့်ဖူးနေ၍ လှပသည့်အရာများ များပြားလှ
ဖေဖေါ်ဝါရီလကုန်တွင် ရာသီဥတု နွေးထွေးလာ၍ လော်ဖျင်ခရိုင်မှ မိုးပေါင်းသန်းကျော် သော မုန်ညင်းစိမ်းပန်းများသည် အစီအစဉ် အလိုက် ဝေဝေဆာဆာ ပွင့်ဖူးပြီး ပန်းများပွင့်ဖူးချိန် ကြိုလာပြီး ပန်းရှုစား ကောင်းသောအချိန် ဖြစ်ပါသည်။ ရွှေဝါရောင်ဖြစ်ပြီး မွှေးရနံ့ နေရာအနှံ့ လျှံထွက်သည့် မုန်ညင်းစိမ်းပန်းများသည် စိန်းလန်းသောတောင်၊ ချောင်ရေ၊ လှပသော အရပ်သားနေအိမ်၊ လယ်ယာထဲမှ အလုပ်လုပ်နေသည့် လူတွေနှင့် အပြန်အလှန် ပေါ်လွင်ထင်ရှားလာအောင် ကူပင့်ပေး၍ အနှစ်သာရနှင့် ပြည့်စုံသော ရှုခင်းပန်းချီကား တစ်ချပ်ချပ်ကို ဖွဲ့စည်းထားပါသည်။ အခုတလော၊ လော်ဖျင်၏ ခရီးသွားလုပ်ငန်းများသည် လုပ်ငန်းများကို ဘက်စုံ ပြန်လည် လုပ်ကိုင်ဆောင်ရွက်ပါပြီ။
အခု ဖုယွန်ခရိုင် စီဘားလျံစန်းမြို့နယ် ရူဝမ်းကျေးရွာ၊ ဟွာဘိကျေးရွာ၊ ဟွန်နီဟယ်မြို့နယ် ဝူလက်ကျေးရွာနှင့် ကူကန်မြို့နယ် စီရင်အုပ်ချုပ်သော ဒေသများမှ တောတောင် လယ်ခင်း တွင် တောရိုင်းပန်းများသည် ဝေဝေဆာဆာ ပွင့်ဖူးနေ၍ အလွန်လှပပါသည်။ ပန်းရှုစားသည့် အပြင် အရသာကောင်းသော အစားအစာ စားနိုင်ပါသည်။
ယူလုံထိုက်ကျီ၏ လေးဘက်လေးတန်းတွင် တောတောင်ဝိုင်းဝန်ပြီး မိုးရွာပြီးနောက် နေထွက်ချိန်တွင် လေသည် အေးညှင်းလန်းဆန်းလှ၍ မုန်ညင်းစိမ်းပန်းများသည် အလွန်လှပပြီး လူများများ ဆွဲဆောင်နိုင်ပါသည်။ တစ်ခါတစ်လေ သဘာဝ ထိုက်ကျီပေါ်မှ ကောင်းကင်ထဲတွင် သက်တံ့လည်း ပေါက်နိုင်ပါသည်၊ သက်တံ့၊ မြူခိုးမြူနှင်း၊ မုန်ညင်းစိမ်းပန်းနှင့် နောက်ကျောဘက်မှ တောတောင်နှင့် တပေါင်းတစ်စည်းတည်း ဖြစ်လာ၍ တွေ့ခဲ့သည့် ရှုခင်း ဖြစ်ပါသည်။ ပန်းပွင့်ချိန် တစ်ခုလုံးသည် တစ်လကျော် ကြာရှည်ပါသည်။
အန်းနင် ထန်လန်ချွန်း၊ တလီ ပင်ချွန်းခရိုင်မှ ဆင်ခြေဖုံးရပ်ကွက် စသည့်နေရာများမှ မုန်ညင်းစိမ်းပန်း များသည် ဝေဝေဆာဆာ ပွင့်ဖူးနေပါသည်။ ကြည့်၍ ကောင်းပါသည်။
阳春三月,春暖花开。罗平等地的油菜花次第开,黄澄澄的;昭通等地的李子花竞相绽放,白花花的;昌宁等地杜鹃花俏上枝头,红艳艳的……忽如一夜春风来,万紫千红百花开。云岭大地着上了七彩的行装,满园春色,撩人心弦。
昌宁天堂山
万亩杜鹃红霞似火
又是一年三月时,昌宁天堂山万亩杜鹃如约盛开,许多人慕名进入秘境天堂山,在清新的空气里赏花踏青,享受大自然的无限妙趣。
烂漫的天堂山山花,最吸引人的要数大炉河那万亩连片的马缨花(杜鹃花属的一种)。
赏花的人逐渐多了起来,一个个拿出手机,忙得不亦乐乎。最开心的,是孩子们,他们或在树林里追逐,或在宽阔的草地上玩耍嬉戏。
绥江 盐津
万亩李子花次第开
5日是农历惊蛰,位于滇东北的昭通市绥江县、盐津县李子花迎春绽放,花团锦簇,花香四溢,蜂蝶飞舞,形成花海,风景如画,又是一年赏花好时节。
最近几天,地处金沙江畔的绥江县新滩镇石龙村天宝山3万亩“半边红”李子花竞相绽放,洁白如雪,争奇斗艳。
除了漫山遍野的李子花,还有不时夹杂在山坳间的金黄色油菜花、粉红色桃花,更加映衬出李子花的高洁与纯净。
在盐津县中和镇艾田社区的1400多亩李子园,和煦的春风吹走了新冠肺炎疫情带来的烦扰,桃花、李子花、油菜花百花齐放,驱散了人们心中的阴霾,带着人们走进春天。
罗平 富源 云龙
油菜花开美不胜收
2月底,天气转暖,罗平百万亩油菜花次第绽放,迎来盛花期,踏青赏花正当时。金黄灿烂、香气四溢的油菜花海依山傍水、层层叠叠,与连绵的青山、蜿蜒的溪水、漂亮的民居以及田间劳作的人们相映成趣,构成一幅幅精彩绝伦的山水画。目前,罗平的旅游行业全面恢复营业。
时下,富源县十八连山镇雨汪村、华毕村,黄泥河镇五乐村和古敢乡辖区的山野田间,早已春色一片,山花烂漫,春意盎然,美不胜收。赏花之余,鲜嫩可口的油菜花腌制的小菜备起,喷香爽脆的酥肉炸起,甘甜的美酒候起,企盼八方游客共赏这彩云之南的撩人春色,共品这家乡的人间美味。
一花唤醒百花开!云龙太极四面群山环抱,雨后初晴时,空气特别清新,时而云雾升腾,时而丽日高照,油菜花变得格外艳丽,无比迷人。运气好的时候,天然太极上空还会出现彩虹,彩虹、云雾、油菜花、背后的远山融为一体,更是很难遇见的景致。整个花期可持续一个月以上。
安宁螳螂川、大理宾川县城郊区等地的油菜花田都披上了黄澄澄的外衣,给人带来美的视觉体验。(记者申时勋 崔敏 蒋琼波 秦蒙琳 张彤 通讯员黄跃达 黄成元 邱琴 吴再忠 杨德 邓成斌 李少军 左东敏)
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့