၁၁ ကြိမ်မြောက် လစ်ကျန်း ဟွာဖျင် သရက်သီး ယဉ်ကျေးမှု ပွဲတော်သည် ကွင်းဖွင့်ခဲ့

2019-08-19 16:45|ရောင်စုံတိမ်တံတား

196366

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) “တရုတ်ပြည်သစ် ထူထောင်ရေး နှစ် ၇၀ ပြည့်ကို ပျော်ပျော်ရွှင်ရွှင် ကြိုဆိုခြင်း” ခေါင်းစဉ်ဖြင့် ၁၁ ကြိမ်မြောက် လစ်ကျန်း ဟွာဖျင် သရက်သီး ယဉ်ကျေးမှု ပွဲတော်ကို သြဂုတ်လ ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပပါသည်။ ကာလအတွင်း သရက်သီးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စည်းဝေးပွဲ၊ ကုတ်ထုတ်လုပ်ခြင်းနှင့် ကုန်ရောင်းခြင်း စည်းဝေးပွဲ၊ ဒုတိယအကြိမ် ယန်စီမြစ်ညာ ညစ်ညမ်းမဲ့ အစိမ်းရောင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် စသည့် လှုပ်ရှားမှုများကိုလည်း ကျင်းပပါသည်။

196369

၂၀၁၈ခုနှစ်တွင် ဟွာဖျင်ခရိုင်၏ သရက်သီး စိုက်ပျိုးရေး အကျယ်အဝန်းသည် အမို (၃၃.၆)သောင်း ရောက်ရှိ၍ ယူနန်ပြည်နယ် ပထမနေရာတွင် တည်ရှိပြီး တစ်နိုင်ငံလုံး တတိယနေရာတွင် တည်ရှိ၍ အမို (၇.၈)သောင်းသည် နိုင်ငံတော် ပတ်ဝန်းကျင် ထိခိုက်မှု မရှိသော အစားအစာ သက်သေပြုခြင်းကို ရရှိပြီး အမို (၂.၂၂)သောင်းသည် ညစ်ညမ်းမဲ့ အစိမ်းရောင် အစားအစာ သက်သေပြုခြင်းကို ရရှိပြီး အမို (၂.၈၇)သောင်းသည် ပြည်တွင်းနှင့် ဥရောပသမဂ္ဂ ဓာတုပစ္စည်းမဲ့ ထွက်ကုန်ပစ္စည်း သက်သေပြုခြင်းကို ရရှိ၍ သရက်သီး ထွက်ကုန်တန်ဖိုး အယွမ်(၂)ဘီလျံခန့် ရှိခဲ့ပါသည်။ အခုတလော၊ ဟွာဖျင် သရက်သီးသည် နိုင်ငံတော် ပထဝီဝင် အမှတ်အသား ထွက်ကုန်ပစ္စည်းကို အောင်မြင်စွာ စာတမ်းတင်ပြ၍ ယူနန်ပြည်နယ် ညစ်ညမ်းမဲ့ အစိမ်းရောင် အစားအစာထဲမှ နာမည်အကျော်ဆုံး ထွက်ကုန်ပစ္စည်း (၁၀)မျိုးထဲသို့ အရွေးခံပါပြီ။

196370

ပထမအကြိမ် သရက်သီး ယဉ်ကျေးမှုပွဲတော်ကို ၂၀၀၉ခုနှစ် ကျင်းပပြီးနောက် အခုအထိ (၁၀)ကြိမ်ကို အောင်မြင်စွာ ကျင်းပပါပြီ။ နှစ်ပေါင်းမြောက်များစွာ ထုလုပ် ခြင်းအားဖြင့် လစ်ကျန်း ဟွာဖျင် သရက်သီး ယဉ်ကျေးမှုပွဲတော်မှာ ဟွာဖျင်ခရိုင်သည် ပြည်ပသို့ တံခါးဖွင့်ခြင်း တိုးချဲ့ပြီး စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး တိုးပွားစေသည့် အရေးကြီးသော အခြေခံအုတ်မြစ် ဖြစ်လာပါပြီ၊ ဟွာဖျင်၏ ရုပ်ပုံလွှာနှင့် စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်ချက်များကို ပြသသည့် အရေးကြီးသော ပြတင်းပေါက် ဖြစ်၍ ဆင်းရဲသူနှင့် ကုန်သည်များ၊ ကုန်ထွက်ရာဒေသနှင့် ရောင်းချရာဒေသ နီးစပ်စွာ ဆက်သွယ်သည့် ပြင်ညီစင်လည်း ဖြစ်ပါသည်။

196366

昆明信息港讯 记者钱荣帅 817,以“喜迎新中国成立70周年”为主题的第十一届丽江华坪芒果文化节开幕,本届芒果节持续至19日。节日期间将举行芒果产业发展大会、产销对接会、第二届长江上游绿色产业发展丽江华坪论坛等系列活动。

196369

据介绍,2018,华坪县芒果种植面积达33.6万亩,居云南第一、全国第三,7.8万亩获国家无公害食品认证,2.22万亩获绿色食品认证,2.87万亩获国内和欧盟有机产品认证,芒果产值近20亿元。目前,华坪芒果已成功申报国家地理标志产品,入选云南省绿色食品“10大名品”。

196370

2009年举办首届芒果文化节以来,至今已成功举办了十届,通过多年的打造,丽江华坪芒果文化节已成为华坪扩大对外开放、促进经贸合作的重要载体,也是展示华坪形象和经济社会发展成果的重要窗口,更是广大贫困群众和众多客商、产地和销地“零距离”对接的平台。

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်