ယူနန်ပြည်နယ် ဆဌမအကြိမ် လက်ဖက် အနုပညာရှင်များ ပြိုင်ပွဲကို နိုဝင်ဘာလ ကျန့်ဆွေခရိုင်၌ ကျင်းပမည်
2019-08-13 16:12|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) “ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု” ယူနန်ပြည်နယ် ဆဌမအကြိမ် လက်ဖက် အနုပညာရှင်များ ပြိုင်ပွဲနှင့် ပဉ္စမအကြိမ် ယူနန် အမျိုးသား လက်ဖက်ယဉ်ကျေးမှု ကိုယ်စားလှယ် ရွေးပြိုင်ပွဲကို နိုဝင်ဘာလ ၂၃ရက်မှ ၂၅ရက်အထိ ဟုံဟယ်ပြည်နယ်ခွဲ ကျန့်ဆွေခရိုင်၌ ကျင်းပမည်။ “လက်ဖက်ခြောက် ယှဉ်ပြိုင်ခြင်း၊ လက်ဖက်ရည်ဖျော်ခြင်း၊ လက်ဖက်ရည်ကို အရသာခံသောက်ခြင်း၊ လက်ဖက်ရည် အကဲဖြတ်ခြင်း” ဖိုင်နယ်ပွဲကို စက်တင်ဘာလ ၂၃ရက်မှ ၂၄ရက်အထိ ကူမင်းမြို့၌ ကြိုတင်ကျင်းပမည်။
ဤအကြိမ် ပြိုင်ပွဲ၏ နာမည်စာရင်းပေးသွင်းချိန်သည် ဇူလိုင်လ ၁၅ ရက်မှ စက်တင်ဘာလ ၂၀ ရက်အထိ ဖြစ်ပါသည်။ ၎င်းအနက်၊ လက်ဖက်ခြောက် ယှဉ်ပြိုင်ခြင်း၊ လက်ဖက်ရည်ဖျော်ခြင်း၊ လက်ဖက်ရည်ကို အရသာခံသောက်ခြင်း၊ လက်ဖက်ရည် အကဲဖြတ်ခြင်း ဖြစ်သော ပြိုင်ပွဲ၏ နာမည်စာရင်းပေးသွင်းချိန်သည် စက်တင်ဘာလ ၁၀ ရက်အထိ ရောက်မည်။ စက်တင်ဘာလတွင် ကူမင်းမြို့၌ လက်ဖက်ခြောက် ယှဉ်ပြိုင်ခြင်း၊ လက်ဖက်ရည်ဖျော်ခြင်း၊ လက်ဖက်ရည်ကို အရသာခံသောက်ခြင်း၊ လက်ဖက်ရည် အကဲဖြတ်ခြင်း စသည့် ဖိုင်နယ်ပွဲကို ကျင်းပသည့်အပြင် ယူနန် အမျိုးသား လက်ဖက်ယဉ်ကျေးမှု ကိုယ်စားလှယ် ရွေးပြိုင်ပွဲကို ကျင်းပ၍ ယူနန် အမျိုးသား လက်ဖက်ယဉ်ကျေးမှု ကိုယ်စားလှယ်ကို ရွေးချယ်အကဲဖြတ်မည်။
ကျင်းပရေးကော်မတီသည် တစ်ဦးချင်းပြိုင်ပွဲ၊ အဖွဲ့လိုက်ပြိုင်ပွဲ၊ ကလေးပြိုင်ပွဲ၊ လက်ဖက်ရည်စားပွဲခုံ ဒီဇိုင်းဆွဲပြိုင်ပွဲ၊ လက်ဖက်ခြောက်ပြိုင်ပွဲ၊ လက်ဖက်ရည်ဖျော် ပြိုင်ပွဲ၊ လက်ဖက်ရည်ကို အရသာခံသောက် ပြိုင်ပွဲ၊ လက်ဖက်ရည် အကဲဖြတ်ပြိုင်ပွဲ ဖြစ်သော ပြိုင်ပွဲအမျိုးအစား (၈)ခုကို စီစဉ်မည်။ ထို့ပြင်၊ စီစဉ်သည့် ပြိုင်ပွဲအမျိုးအစား၏ ပြိုင်ပွဲဝင်၏ အသက်အရွယ်ကို ကန့်သတ်ခဲ့ပါသည်။ ၎င်းအနက်၊ ကလေးပြိုင်ပွဲ ပါဝင်လျှင် အသက်အရွယ် ၅-၁၃ နှစ်လည် ဖြစ်ရမည်။ လူလားမြောက်လာသော အမျိုးသမီးပြိုင်ပွဲ ပါဝင်လျှင် အသက်အရွယ် ၂၃-၅၅ နှစ်လည် ဖြစ်ရမည်။ လူလားမြောက်လာသော အမျိုးသားပြိုင်ပွဲ ပါဝင်လျှင် အသက်အရွယ် ၁၈-၃၅ နှစ်လည် ဖြစ်ရမည်။ လက်ဖက်ရည်စားပွဲခုံ ဒီဇိုင်းဆွဲပြိုင်ပွဲနှင့် အဖွဲ့လိုက်ပြိုင်ပွဲ ပါဝင်လျှင် အသက်အရွယ်နှင့် ကျား-မ မကန့်သတ်ပါဘူး။
ဤအကြိမ် ပြိုင်ပွဲသည် ပြည်နယ်တစ်ခုလုံး လက်ဖက် အနုပညာရှင်များ၏ လက်ဖက် အနုပညာ၊ လက်ဖက်အတတ်ပညာ၊ လက်ဖက်ယဉ်ကျေးမှု အရည်အချင်းကို တိုးမြှင့်၍ သက်သေခံလက်မှတ် ကိုင်သည့် လက်ဖက် အနုပညာရှင်များ၊ သီးခြား လက်ဖက်အနုပညာ သင်ပေးခြင်း အဖွဲ့အစည်းများ၊ တက္ကသိုလ်နှင့် ကောလိပ်ကျောင်းမှ လက်ဖက်အနုပညာ သင်ပေးခြင်း အဖွဲ့အစည်းများ၊ လုပ်ငန်းနှင့် ဌာန အသီးသီး၏ လက်ဖက်အနုပညာ အဆင့်အတန်းကို စစ်ဆေးကြည့်ရှုခြင်း၊ ဖလှယ်ခြင်း၊ အထွေထွေစုံစမ်းခြင်း ဆောင်ရွက်၍ ယူနန် လက်ဖက်လုပ်ငန်း အမှတ်တံဆိပ်ကို ပုံလုပ်ရန် ရည်ရွယ်ပါသည်။
昆明信息港讯 记者黄彩英 “一带一路”云南省第六届茶艺师大赛暨第五届云南民族茶文化形象大使选拔赛定于11月23日-25日在红河州建水县举行,而9月23日-24日,昆明分赛场将提前举行“斗茶、泡茶、品茶、评茶”决赛。
本届大赛报名时间为7月15日至9月20日,其中斗茶、泡茶、品茶、评茶比赛报名时间截至9月10日。9月份,除了在昆明举行斗茶、泡茶、品茶、评茶等决赛外,将同步举行云南民族茶文化形象大使选拔赛,并评选出云南民族茶文化形象大使。
据了解,组委会将在大赛设立个人赛、团体赛、少儿组、茶席设计组、斗茶单项赛、泡茶单项赛、品茶单项赛、评茶单项赛8个奖项供参赛选手角逐。同时,对大赛设立的9个比赛组别选手进行了年龄限制。其中,少儿组参赛年龄规定为5—13周岁;女子成人组参赛年龄规定为23—55周岁;男子成人组年龄规定为18—35周岁;茶席设计组、团体赛组参赛选手年龄、性别不限。
据介绍,本届大赛旨在提升全省茶艺师队伍的茶艺、茶道、茶文化综合水平,对持证茶艺师、专业茶艺培训机构、高校茶艺培训机构以及各企事业单位茶艺水平的一次大检阅、大交流、大普查,以打通茶产业链的“最后一公里”,塑造云南茶产业品牌。
အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့