China Eastern လေကြောင်းလိုင်းသည် ကူမင်း-အိုဆာကာ တိုက်ရိုက်ခရီးစဉ်ကို အောက်တိုဘာလ ၁၇ရက်မှ စတင်ပြေးဆွဲမည်
2019-08-11 16:42|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) China Eastern လေကြောင်းလိုင်း ယူနန်ကုမ္ပဏီခွဲသည် ကူမင်း-အိုဆာကာ တိုက်ရိုက်ခရီးစဉ်ကို အောက်တိုဘာလ ၁၇ရက်မှ စတင်ပြေးဆွဲမည်။
အခုတလော၊ ကူမင်း-အိုဆာကာ ခရီးစဉ်သည် ရှန်ဟိုင်းမြို့၌ ရပ်နား လိုပါသည်။ စတင်ပြေးဆွဲမည့် ခရီးစဉ်သည် ရည်မှန်းချက်ပန်းတိုင်သို့ ရောက်လျှင် ၄နာရီခွဲခန့် လို၍ မူလ လမ်းခုလတ်တွင် ရပ်နားသည့် ခရီးစဉ်ထက် ၂နာရီခွဲ အတိုချုံ့မည်။
တိုက်ရိုက်ခရီးစဉ်၏ လေယာဉ်နံပါတ် MU2571/2572 ဖြစ်၍ ကူမင်း-အိုဆာကာ တိုက်ရိုက်ခရီးစဉ်သည် အင်္ဂါ၊ ကြာသပတေး၊ စနေ ဖြစ်ပြီး အိုဆာကာ-ကူမင်း တိုက်ရိုက်ခရီးစဉ်သည် ဗုဒ္ဓဟူး၊ သောကြာ၊တနင်္ဂနွေ ဖြစ်သည်။ အဆိုပါ လေကြောင်းလိုင်းသည် Boeing 737 အမျိုးအစား လေယာဉ်ကို အသုံးပြုမည်။
လေယာဉ်အချိန်ဇယားသည် ၁၆ နာရီခွဲတွင် ကူမင်းမှ ထွက်ခွာပြီး ၂၂ နာရီတွင် အိုဆာကာသို့ ရောက်ခြင်းနှင့် ၉ နာရီတွင် အိုဆာကာမှ ထွက်ခွာပြီး ၁၃ နာရီ နှင့် ၅ စက္ကန့်တွင် ကူမင်းသို့ ရောက်ခြင်း ဖြစ်ပါသည်။
အိုဆာကာသို့ ရောက်လျှင် ကုန်ပစ္စည်းဝယ်ခြင်း၊ အစားအစာ စာခြင်း၊ သားသမီးနှင့် မိဘ ခရီးသွားခြင်း၊ မြို့ပြရှုခင်းနှင့် ရှေးဟောင်းအဆောက်အအုံ ကြည့်ရှုခြင်း စသည်တို့ကို ဆောင်ရွက်နိုင်၍ စားကောင်းစရာနှင့် ကစားကောင်းစရာ များများရှိပါသည်။ တိုက်ရိုက်ခရီးစဉ် စတင်ပြေးဆွဲခြင်းမှာ ယူနန်လူတို့သည် ဂျပန်နိုင်ငံသို့ လည်ပတ်ရန် ပိုသွက်လက်ဖျတ်လတ် စေမည်။
အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့