၂၀၁၉ခုနှစ် တရုတ် လျံဟယ် နိုင်ငံတကာ ဟူလူစ်ပြွေ ယဉ်ကျေးမှု ခရီးသွားလာရေးပွဲကို သြဂုတ်လ ၈ရက်တွင် ကျင်းပ
2019-08-08 17:03|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ၂၀၁၉ခုနှစ် တရုတ် လျံဟယ် နိုင်ငံတကာ ဟူလူစ်ပြွေ ယဉ်ကျေးမှု ခရီးသွားလာရေးပွဲသည် သြဂုတ်လ ၈ရက်တွင် တယ်ဟုံ တိုင်လူမျိုး၊ ကျင်ဖော်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ လျံဟယ်ခရိုင်၌ ကွင်းဖွင့်၍ လျံဟယ်ခရိုင်မှ ဟူလူစ်ပြွေ၊ အမျိုးသား ရိုးရာဓလေ့ထုံးစံ စသည့် ယဉ်ကျေးမှု သယံဇာတပစ္စည်းများကို စုစည်းပြသ၍ လျံဟယ်ခရိုင်မှ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး တို့သည် နက်ရှိုင်းစွာ ရောနှောပေါင်းစပ်ရန် တစ်ဆင့်တက်ပြီး တွန်းအားပေးမည်။
လှုပ်ရှားမှု အကြောင်းအရာသည် ထွေပြားစုံလင်၍ ကွင်းဖွင့်ပွဲ၊ နိုင်ငံတကာ ဟူလူစ်ပြွေ တီးမှုတ်ပြိုင်ပွဲ၊ လူတစ်သောင်း လျံဟယ် လည်ပတ်ခြင်း၊ ကမ္ဘာ့ ခရီးသွားရန် နာမည်ကျော်သူ လျံဟယ် စူးစမ်းရှာဖွေခြင်း၊ ၂၀၁၉ခုနှစ် ခရီးသွားလာရေးဖိုရမ်- လျံဟယ် ဘက်စုံ ခရီးသွားလာရေး မိတ်ဆက်ဖြန့်ချီပွဲ၊ ရုပ်သိမ်းပွဲ၊ ဆုချီးမြှင့်ပွဲ စသည့် လှုပ်ရှားမှုများကို ကျင်းပ၍ ဟူလူစ်ပြွေ ပြုလုပ်ခြင်း၊ အာချမ်းလူမျိုး၏ မင်္ဂလာဆောင်ခြင်း ဓလေ့ထုံးစံ ပြသခြင်း၊ အစားအစာမြည်းကြည့်ခြင်း စသည်တို့သည် လှုပ်ရှားမှု၏ ထူးခြားချက် ဖြစ်လာမည်။ ၄င်းအနက်၊ နိုင်ငံတကာ ဟူလူစ်ပြွေ တီးမှုတ်ပြိုင်ပွဲ၏ စုစုပေါင်းဆုငွေ အယွမ် (၂)သိန်း နီးပါး ရှိ၍ ပြိုင်ပွဲပါဝင်သူ အယောက်(၈၀၀) ရှိရောက်မည် ခန့်မှန်းပါသည်။
ဤအကြိမ် ယဉ်ကျေးမှု ခရီးသွားလာရေးပွဲကို ပြည်တွင်းနှင့် ပြည်နယ်တွင်း ဟူလူစ်ပြွေ၊ တရုတ်ဘာဝူ တတ်ကျွမ်းသူများ၊ တရုတ် ဂီတပညာသင်ကျောင်း၊ ဝူဟန့် ဂီတပညာသင်ကျောင်း၊ ယူနန် အနုပညာသင်ကျောင်း စသည့် သီးခြားသော တက္ကသိုလ်နှင့် ကောလိပ်ကျောင်းမှ ပါမောက္ခများ၊ နာမည်ကျော်သော ဂီတပညာရှင်များ စသည်တို့ကို ဖိတ်ခေါ် ပါဝင်လာမည်။
တရုတ် လျံဟယ် နိုင်ငံတကာ ဟူလူစ်ပြွေ ယဉ်ကျေးမှု ခရီးသွားလာရေးပွဲကို ၂၀၀၇ခုနှစ် မှစ၍ ကျင်းပပြီး အခုအထိ (၄)ကြိမ် အောင်မြင်စွာ ကျင်းပ၍ တယ်ဟုံပြည်နယ်ခွဲနှင့် ယူနန်ပြည်နယ်၏ ကြီးကျယ်ခမ်းနားသော ဟူလူစ်ပြွေပွဲ ဖြစ်လာ၍ လျံဟယ်ခရိုင်၏ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးလုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်ရန် ဘက်စုံ တွန်းအားပေး ခဲ့ပါပြီ။
2019中国·梁河国际葫芦丝文化旅游节将于8月8日在德宏傣族景颇族自治州梁河县开幕,将集中展示梁河县葫芦丝、民族民俗等文化资源,进一步推动梁河文化和旅游深度融合。
活动内容丰富多彩,将举办开幕式、国际葫芦丝大赛、万人游梁河、世界旅游达人探秘梁河、2019云旅四季论坛—梁河全域旅游推介会、闭幕式、颁奖晚会等活动,而葫芦丝制作、阿昌婚俗展示、美食品鉴等也将成为活动亮点。其中,国际葫芦丝大赛奖金总额近20万元,葫芦丝参赛选手预计将达800人。
本次文化旅游节还邀请了国内及省内葫芦丝巴乌专家,中国音乐学院、武汉音乐学院、云南艺术学院等专业院校的教授,知名音乐人等将到梁河共襄盛会。
中国·梁河国际葫芦丝文化旅游节自2007年开始至今已成功举办了四届,并已发展成为德宏州乃至云南省的葫芦丝品牌盛会,全面推动了梁河县文化旅游产业发展。
အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့