တီထွင်ဆန်းသစ်မှု ယူနန် ၂၀၁၉ခုနှစ် ယဉ်ကျေးမှုလုပ်ငန်းပြပွဲသည် သြဂုတ်လ ၈ရက်တွင် ကွင်းဖွင့်မည်

2019-08-07 15:19|ရောင်စုံတိမ်တံတား

182663

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) တီထွင်ဆန်းသစ်မှု ယူနန် ၂၀၁၉ခုနှစ် ယဉ်ကျေးမှုလုပ်ငန်းပြပွဲကို သြဂုတ်လ ၈ရက်မှ ၁၂ရက်အထိ ကူမင်း နိုင်ငံတကာ ပြသရေး စင်တာ၌ ကျင်းပမည်။ ဤအကြိမ် ပြပွဲသည် ပြတိုက်(၇)ခုကို ထောင်လိုက်၍ လှုပ်ရှားမှုအခု(၂၀)ကို စီစဉ်မည်။ ယူဖန် ယဉ်ကျေးမှု တီထွင်ဆန်းသစ်မှု လုပ်ငန်း ဖွံ့ဖြိုးရေးဇုန်နယ်၌ နေရာခွဲကို ထောင်လိုက်၍ ဘက်စုံ၊ အဆင့်အတန်း မြင့်မားသော လက်ရာများဖြင့် ယူနန့် ယဉ်ကျေးမှုလုပ်ငန်၏ ကျော်လွန်သော ဖွံ့ဖြိုးတိုးတက်ရေးကို ပြသမည်။

ဤယဉ်ကျေးမှုလုပ်ငန်းပြပွဲသည် “ယဉ်ကျေးမှုသည် ရောနှောပေါင်းစပ်စွာ ဖွံ့ဖြိုးတိုးတက်ခြင်း၊ တီထွင်ဆန်းသစ်မှုသည် တန်ဖိုး တိုးမြှင့်ခြင်း” ခေါင်းစဉ်ဖြင့် အဓိက ကျင်းပရာနေရာ၌ ပြတိုက်(၇)ခုကို ထောင်လိုက်၍ ယဉ်ကျေးမှု ရောနှောပေါင်းစပ်စွာ ဖွံ့ဖြိုးတိုးတက်ခြင်း ပြတိုက်၊ အရည်အသွေး ကောင်းမွန်သော ယဉ်ကျေးမှု တီထွင်ဆန်းသစ်မှု ပြတိုက်၊ ယူနန့်ပန်းနှင့် မြေထည်ပြတိုက်၊ ကာတွန်းနှင့်ရုပ်ပြောင် E-sports ပြတိုက်၊ ပြည်နယ်ခွဲ(မြို့) အရည်အသွေး ကောင်းမွန်သော ယဉ်ကျေးမှုပစ္စည်း ပြတိုက်၊ ကူမင်း အရည်အသွေး ကောင်းမွန်သော ယဉ်ကျေးမှုပစ္စည်း ပြတိုက်၊

ယဉ်ကျေးမှုလုပ်ငန်း၏ အောင်မြင်မှုပြတိုက် ပါဝင်မည်။ အဓိက ကျင်းပရာနေရာ အပြင်၊ လစ်ကျန်းရှေးဟောင်းမြို့၊ ယူဖန် ယဉ်ကျေးမှု တီထွင်ဆန်းသစ်မှု လုပ်ငန်း ဖွံ့ဖြိုးရေးဇုန်နယ်၊ တလီရှေးဟောင်းမြို့၊ အိုက်ဝေပန်းချီပြတိုက်၊ တုပ်နန်၊ 871 အလုပ်ရုံတို့၌ နေရာခွဲကို ခွဲခြားထောင်လိုက်၍ ကြွယ်ဝပေါများသော လှုပ်ရှားမှုများကို ကျင်းပမည်။

182664

ပြပွဲတွင် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ သြစတြေးလျား မှလာသော မြေထည်လက်မှုဆရာ အယောက်(၂၀)သည် မိမိ၏ ကိုယ်စားလှယ်ပြုနိုင်သည့် မြေထည်လက်ရာများကို ကိုင်လာ၍ ကူမင်းမြို့တွင် ပြသ၍ မြို့သူမြို့သားများနှင့် နီးစပ်စွာ ဆွေးနွေးဖလှယ်မည်။ ပြည်တွင်းပြည်ပ မြေထည်ဆရာနှင့် တတ်ကျွမ်းသူများသည် မိမိ၏ ကုန်ထွက်ရာဒေသတွင် မြေထည်အနုပညာ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေကို မိတ်ဆက်ပြောဆို၍ ယူနန့် မြေထည်အနုပညာလုပ်ငန်း တီထွင်သည့်လမ်း၊ လက်ရာ အကဲဖြတ်ရှုစားခြင်း၊ အနုပညာ ထူးခြားချက် လေ့လာခြင်း စသည်တို့ကို ဗဟိုပြု၍ လုပ်ငန်းနယ်ပယ်မှ တတ်ကျွမ်းသူများကို ဖိတ်ခေါ်ပြီး ယူနန့်မြေထည် အနုပညာဈေးကွက်၏ သယံဇာတပစ္စည်းများ ရောနှောပေါင်းစပ်စေ၍ အနာဂတ်တွင် ယူနန့် မြေထည်အနုပညာ၏ တီထွင်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဆင့်အတန်း တိုးမြှင့်၍ ယူနန့်မြေထည်၏ အမှတ်တံဆိပ် သရုပ် တိုးမြှင့်၍ ကျန့်ဆွေ ခရမ်းရောင်မြေထည်သည် ပြည်တွင်းပြည်ပတွင် ထိခိုက်နိုင်စွမ်းကို တိုးချဲ့၍ ယူနန့်ယဉ်ကျေးမှု၊ ခရီးသွားလာရေး စသည်တို့နှင့် ပတ်သက်သော လုပ်ငန်း၊ ယူနန့် ယဉ်ကျေးမှု တီထွင်ဆန်းသစ်မှု လုပ်ငန်းများသည် ဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားပေးမည်။

182666

မြို့သူမြို့သားများသည် တီထွင်ဆန်းသစ်မှု ယူနန် ၂၀၁၉ခုနှစ် ယဉ်ကျေးမှုလုပ်ငန်းပြပွဲသို့ သွားချင်လျှင် ကျင်းပရာနေရာသို့ လက်မှတ်ဝယ်ယူနိုင်မည်၊ သို့မဟုတ် အင်တာနက် အားဖြင့် ဝယ်ယူနိုင်မည်။ ၎င်းအနက်၊ ကျင်းပရာနေရာသို့ သွားဝယ်လျှင် လက်မှတ်တစ်စောင် အယွမ်(၃၀)ဖြစ်၍ အင်တာနက် အားဖြင့် ဝယ်ယူလျှင် အယွမ်(၂၀)သာ လိုမည်။ အထူးသဖြင့်၊ ဤလက်မှတ်ဖြင့် နံပါတ်၁၊ ၂၊ ၅၊ ၆၊ ၇ ပြတိုက်သို့သာ ဝင်ရောက်နိုင်မည်၊ နံပါတ်၃နှင့် ၄ ပြတိုက်သို့ ဝင်ရောက်လျှင် လက်မှတ်ကို ပြန်လည် ဝယ်ယူရမည်။

182663

昆明信息港讯 记者上官艳君 8月8日至12日,创意云南2019文化产业博览会将在昆明国际会展中心举办。本届文博会设立7大展馆,20项活动。还在云纺文创园设立分会场,从多方位,高层次的作品展示云南文化产业跨越式发展。

组委会介绍,本届文博会以“文化融合发展创意提升价值”为主题,将在主会场设置7个展馆,分别为:文化融合发展馆、精品文创馆、云花云陶馆、动漫电竞馆、州市文产精品馆、昆明文产精品馆、文化产业成就馆。除主会场外,还将设置丽江古城分会场、云纺文化创意园分会场、大理古城分会场、艾维美术馆分会场、斗南分会场、871分会场等6个分会场,期间将举办丰富多样的系列活动。

182664

本届文博会上,将有20位来自中国、日本、韩国、澳大利亚的陶艺大师携带各自的代表性陶瓷作品亮相春城,与市民零距离交流。中外陶艺家和专家将介绍各自产区陶艺产业发展现状,并围绕云南陶艺产业创造之路、作品鉴赏、艺术特点研究等,请行内专家把脉云南陶瓷艺术市场的资源整合,提升云南未来陶艺创作发展水平,提升“云陶”品牌形象,扩大建水紫陶作为中国四大名陶在国内以及国际的影响力,带动云南文化、旅游等相关产业的发展,进而推动云南文创产业的创新和发展。

182666

想去文博会的市民注意了,本届文博会门票将采取现场售票和网络售票两种方式发售。线上购票渠道7月22日上线,据悉,现场购票门票价格为30元/张,线上购票可享受10元优惠,价格为20元/张(本次文博会门票只能进入一、二、五、六、七号展馆,三号馆和四号馆需单独买票)。

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်