၁၄ ကြိမ်မြောက် ကူမင်း ချမ်ကုမ် ပန်းမြို့တော် ယဉ်ကျေးမှု ခရီးသွားလာရေးပွဲကို ဇူလိုင်လ ၂၅ရက် ကျင်းပမည်

2019-07-24 18:01|ရောင်စုံတိမ်တံတား

175299

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ၂၀၁၉ခုနှစ် နွေးဦးမြို့ ယဉ်ကျေးမှုပွဲနှင့် ၁၄ ကြိမ်မြောက် ကူမင်း ချမ်ကုမ် ပန်းမြို့တော် ယဉ်ကျေးမှု ခရီးသွားလာရေးပွဲကို ဇူလိုင်လ ၂၅ရက်မှ ၂၆ရက်အထိ ချမ်ကုမ် တုပ်နန် ဟွားဟွားစစ်ကျက်၌ ကျင်းပမည်။ ခရီးသည်များသည် ယူနန်အော်ပရာဇာတ် ကြည့်ခြင်း၊ မီးပဒေသာထွန်းညှိ၍ ရောင်စုံဖဲကြိုးပိုးထည်များဖြင့် မွမ်းမံအလှဆင်ခြင်း၊ တောသီချင်းကြားခြင်း၊ ဒြပ်ဝတ္ထု မဟုတ်သော ယဉ်ကျေးမှု အမွေအနှစ် ရှုစားခြင်း၊ ထူးခြားသော နယ်ခံကုန်ပစ္စည်းများ ဝယ်ယူခြင်း၊ အစားအစာ မြည်းကြည့်ခြင်း စသည်တို့ကို ဆောင်ရွက်နိုင်မည်။

175300

အကြီးစား အနုပညာ တင်ဆက်ပြသခြင်း အမျိုးမျိုး၊ အများပြည်သူ အနုပညာပြိုင်ပွဲ၊ ထူးခြားသော အစားအစာ ရောင်းဈေး၊ “တရုတ်နိုင်ငံသစ် ထူထောင်မှု နှစ် ၇၀ ပြည့်” ထောပနာပြုရန် ချမ်ကုမ် ရိုးရား ပန်းချီပြပွဲ၊ ဒြပ်ဝတ္ထု မဟုတ်သော ယဉ်ကျေးမှု အမွေအနှစ် လက်မှုအနုပညာ ပြသခြင်း စသည့်နည်းများဖြင့် ချမ်ကုမ် နယ်ခံ ယဉ်ကျေးမှု မိမိကိုယ်ကို မိမိ ယုံကြည်ခြင်းနှင့် ချမ်ကုမ် ယဉ်ကျေးမှု၏ ထူးခြားချက်များ ထင်ရှားပေါ်လွင်စေ၍ ချမ်ကုမ်၏ အနုပညာ အခြေအနေများကို ပြသမည်။

175301

အထူးသဖြင့်၊ ဤအကြိမ် ယဉ်ကျေးမှုပွဲတွင် ရိုးရာပန်းချီ၊ ပန်းထိုးထည်၊ ကတ်ကျေးညှပ်စက္ကူ အလှပစ္စည်း၊ ဂျုံမှုန့်ညက်ပန်းပု စသည့် ဒြပ်ဝတ္ထု မဟုတ်သော ယဉ်ကျေးမှု အမွေအနှစ် စီမံကိန်းများနှင့် ချမ်ကုမ်စားတော်ပဲမှုန့်၊ နံစော်တိုဟူး စသည့် အစားအစာများ မြည်းကြည့် ခြင်းအားဖြင့် ချမ်ကုမ် ဒြပ်ဝတ္ထု မဟုတ်သော ယဉ်ကျေးမှု အမွေအနှစ်၏ ပြည့်ဖြိုးသော သက်ရှိစွမ်းအားနှင့် ဖြူနီကြောင်ကျားသော အရောင်အဆင်းကို ပြသမည်။

175302

ထို့ပြင်၊ ဤအကြိမ် ယဉ်ကျေးမှုပွဲသည် “အများပြည်သူ တေးဂီတသီဆိုပွဲတော်နေ့” လှုပ်ရှားမှုကို ဆက်လက်စီစဉ်၍ အများပြည်သူသည် ယဉ်ကျေးမှု လှုပ်ရှားမှုကို ပါဝင်သည့် တက်ကြွမှု တိုးမြှင့်စေ၍ မိမိကိုယ်ကို ပြသသည့် အခွင့်အလမ်း ရှိစေမည်။

175299

昆明信息港讯 记者段佳琪 看滇剧、闹花灯、听山歌、逛花街、赏非遗、购特产、品美食……7月25日至26日,2019年春城文化节暨第十四届昆明·呈贡花都文化旅游节将在呈贡斗南花花世界举行。

175300

此次活动将通过各种大型文艺演出、群众文艺比赛、特色美食街、“庆祝新中国成立70周年”呈贡民间绘画主题展览、非物质文化遗产技艺展示等活动形式,突出呈贡地方文化自信和呈贡区文化特色,展示呈贡的艺术风采。

175301

值得一提的是,本届文化节上将进行非物质文化遗产项目如民间绘画、圣贤画、刺绣、剪纸、糖人、面塑以及呈贡豌豆粉、臭豆腐美食品尝等,展示呈贡区非物质文化遗产旺盛的生命活力和斑斓色彩。

175302

此外,本届文化节将继续开设“群众音乐节”活动环节,增加群众参与文化活动的积极性,让广大群众有登上舞台在聚光灯下展示自己的机会。

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်