အယ်စန်း မီးတုတ်ပွဲတော်နေ့ကို ဇူလိုင်လ ၁၈ရက်မှ သြဂုတ်လ ၄ရက်အထိ ကျင်းပမည်

2019-07-22 17:34|ရောင်စုံတိမ်တံတား

175251

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) “အယ်စန်းခရိုင် ၂၀၁၉ခုနှစ် မီးတုတ်ပွဲတော်နေ့နှင့် ပဉ္စမအကြိမ် ယီလူမျိုး ဝှာကူအက အနုပညာပွဲ”ကို ဇူလိုင်လ ၁၈ရက်မှ သြဂုတ်လ ၄ရက်အထိ ကျင်းပမည်။ ပွဲကျင်းပရာတွင် မီးညှိခြင်း အခမ်းအနား၊ ဝှာကူအက နယ်လှည့် တင်ဆက်ပြသခြင်း၊ အကောင်းဆုံး ပန်းထိုးသမီး (၁၀)ယောက် အကဲဖြတ်ရွေးချယ်ခြင်း၊ ထိုးကြိတ်သတ်ပုတ်ပြိုင်ပွဲ၊ လမ်းပေါ် ထမင်းစားပွဲ၊ မီးပုံညပွဲ စသည့် ယီလူမျိုး၏ ညှိ့နိုင်စွမ်းရှိသည့် အမျိုးသား ယဉ်ကျေးမှု လှုပ်ရှားမှုများကို ထက်ထက်သန်သန် ကျင်းပမည်။

175252

အယ်စန်းသည် တရုတ်နိုင်ငံ ပထမအခု ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင် ဖြစ်၍ တရုတ်နိုင်ငံ ယီလူမျိုး ဝှာကူအက၏ ဇာတိ ဖြစ်ပါသည်။ မီးတုတ်ပွဲတော်နေ့သည် အယ်စန်းတွင် ကြီးကျယ်အခမ်းနားဆုံး၊ အမျိုးသား ထူးခြားချက် အများဆုံးရှိသော ပွဲတော်နေ့ ဖြစ်ပါသည်။ ဤအကြိမ် အယ်စန်းခရိုင် ၂၀၁၉ခုနှစ် မီးတုတ်ပွဲတော်နေ့နှင့် ပဉ္စမအကြိမ် ယီလူမျိုး ဝှာကူအက အနုပညာပွဲ၏ ရည်ရွယ်ချက်သည် အယ်စန်းတွင် ထူးခြားချက်ရှိပြီး ထွေပြားစုံလင်သော ယီလူမျိုး ယဉ်ကျေးမှုကို ပြသ၍ တရုတ်နိုင်ငံသစ် ထူထောင်မှု နှစ် ၇၀ ပြည့်ကို အထိမ်းအမှတ်ပြုရန် ဖြစ်ပါသည်။

175253

ပွဲကျင်းပရာတွင် သစ်ဖောက်မီးမွှေးခြင်း အခမ်းအနား၊ မီးစ လွှဲပြောင်းလက်ခံခြင်း အခမ်းအနား၊ ဘိုးဘွားပူဇော်ကန်တော့ခြင်း အခမ်းအနား၊ မီးမွှေးခြင်း အခမ်းအနား၊ ညအနုပညာပဒေသာကပွဲ၊ ဝှာကူအက နယ်လှည့် တင်ဆက်ပြသခြင်း၊ ပဉ္စမအကြိမ် ယီလူမျိုး ဝှာကူအကပြိုင်ပွဲ၊ အကောင်းဆုံး ပန်းထိုးသမီး (၁၀)ယောက် အကဲဖြတ်ရွေးချယ်ခြင်း၊ အကောင်းဆုံး ပန်းထိုးသမီး (၁၀)ယောက်၏ လက်ရာများ ပြသခြင်း၊ ဒြပ်ဝတ္ထု မဟုတ်သော ယဉ်ကျေးမှု အမွေအနှစ် ပြသခြင်း၊ ထိုးကြိတ်သတ်ပုတ်ပြိုင်ပွဲ၊ ၂၀၁၉ခုနှစ် အိမ်ပြင်အားကစား လှုပ်ရှားမှုများ (Mountain bike စက်ဘီးပြိုင်ပွဲ၊ တောင်တန်းတက် လမ်းကြမ်းအပြေးပြိုင်ပွဲ၊ လူတစ်ထောင် အကြီးစား ခြေလျင်လျှောက်ခြင်း)၊ ကုန်သည်ခေါ်ယူခြင်းနှင့် ရင်းနှီးငွေ သွင်းယူခြင်း မိတ်ဆက်ဖြန့်ချီပွဲ၊ လမ်းပေါ် ထမင်းစားပွဲ၊ မီးပုံညပွဲ စသည့် ထွေပြားစုံလင်သော ယဉ်ကျေးမှုနှင့် အားကစားလှုပ်ရှားမှု များကို ကျင်းပမည်။ များပြားသော ယီလူမျိုး အခြေအနေ ပါရှိရုံသာမက ထူးခြားချက် ခွဲခြားရှိပြီး ဘက်စုံမှ အယ်စန်းခရိုင်တွင် ညှိ့နိုင်စွမ်းရှိသည့် အမျိုးသား ယဉ်ကျေးမှုကို ပြသသည်။

175251

昆明信息港讯 记者张子源 “峨山县2019年火把狂欢旅游节暨第五届彝族花鼓舞艺术节”将于7月18日—8月4日举行。期间,点火仪式、花鼓舞巡演、十大绣娘评选、格斗比赛、长街宴、篝火晚会等独具彝族魅力的民族文化活动将火热上演。

175252

峨山是中国第一个彝族自治县,中国彝族花鼓舞之乡。火把节是峨山最隆重、最盛大、最富有民族特征的节日。本次峨山县2019年火把狂欢旅游节暨第五届彝族花鼓舞艺术节旨在展示峨山独具特色、丰富多彩的彝文化,纪念中华人民共和国成立70周年。

175253

节日期间,将举办钻木取火仪式、火种传接仪式、祭祖仪式、点火仪式、文艺晚会、花鼓舞巡演、第五届彝族花鼓舞大赛、十大绣娘评选、十大绣娘作品展示、非物质文化遗产展示、格斗比赛、2019户外运动系列活动(山地自行车赛、山地越野跑赛、千人大型徒步)、探险露营体验、彝人谷竹海火把夜、醉美峨山自驾游、招商引资推介会、移动智能体验、峨山大酒店彝族特色长桌宴、篝火晚会系列活动、特色商贸街等丰富多彩的文体活动,既蕴含了浓浓的彝乡情调,又各有风味、各具特色,多角度、全方位展现了彝乡峨山独具魅力的民族文化。

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်