တောင်အာရှ အရှေ့တောင်အာရှ ဆေးပညာရေးနှင့် ဆေးကုကျန်းမာရေး မဟာမိတ်အဖွဲ့ကို ထူထောင်ခဲ့

2019-07-16 14:47|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အခုတလော၊ တောင်အာရှ အရှေ့တောင်အာရှ ဆေးပညာရေးနှင့် ဆေးကုကျန်းမာရေး မဟာမိတ်အဖွဲ့ကို ကူမင်း ဆေးတက္ကသိုလ်၌ တရားဝင် ထူထောင်၍ ယူနန်သည် တောင်အာရှ အရှေ့တောင်အာရှ နိုင်ငံများနှင့် ဆေးပညာရေးနှင့် ဆေးကုကျန်းမာရေး ဝန်ဆောင်မှု နယ်ပယ်တွင် ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်သည့် အတွက် သစ်လွင်သော ပြင်ညီစင် တစ်ခုကို တည်ဆောက်ခဲ့သည်။

ဆေးပညာရေးနှင့် ဆေးကုကျန်းမာရေး မဟာမိတ်အဖွဲ့ကို ရှန်ဟိုင်း လမ်းပန်းဆက်သွယ်ရေး ပညာ တက္ကသိုလ်၊ ကူမင်း ဆေးတက္ကသိုလ် တို့သည် အတူတကွ ထူထောင်သည့် အပြင် တရုတ်နှင့် တောင်အာရှ အရှေ့တောင်အာရှ နိုင်ငံ(၁၂)ခုမှ ဆေးတက္ကသိုလ်နှင့် သုတေသနဌာန (၄၁)ခုသည် တက်ကြွစွာ ပါဝင်ပြီး တုံ့ပြန်ခဲ့သည်။ မဟာမိတ်အဖွဲ့သည် အဖွဲ့ဝင် အဖွဲ့အစည်း (၃၉)ဖွဲ့၏ ပညာရေး၊ သိပံ္ပပညာ သုတေသနပြုခြင်း၊ ဆေးကုဝန်ဆောင်မှု၊ နိုင်ငံတကာ ဖလှယ်ခြင်း၊ လူတော်လူကောင်း ပြုစုပျိုးထောင်ခြင်း၊ ဆရာဆရာမများ ပြည့်ဝစေခြင်း၊ လူမှုရေးဝန်ဆောင်မှု၊ ကျောင်းသူကျောင်းသားများ ဖလှယ်ခြင်း စသည့်နယ်ပယ်မှ သယံဇာတပစ္စည်း များကို တဖြည်းဖြည်း စုစည်း၍ ဉာဏ်ကြီးရှင်များအဖွဲ့၊ သယံဇာတပစ္စည်း အတူစံစားသည့် ပြင်ညီစင်၊ ပူးတွဲစမ်းသပ်ခန်း စသည်တို့ကို တည်ဆောက်၍ မဟာမိတ်အဖွဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်သည့် အခြေခံအုတ်မြစ်ကို ချထားမည်။ အဖွဲ့ဝင် အဖွဲ့အစည်းများ၏ လူတော်လူကောင်း၊ နည်းပညာ စသည့် သယံဇာတပစ္စည်းနှင့် အားသာချက်များကို မှီခို၍ ဒေသတွင်း၊ တစ်ကမ္ဘာလုံး နှင့်ပတ်သက်သော လူထုကျန်းမာရေး အရေးကြီးသော ပြဿနာများကို ဖြေရှင်းသည့် အဆိုပြုချက်များကို စူးစမ်းရှာဖွေပြီး တင်ပြ၍ ဒေသတွင်း ဆေးပညာရေးနှင့် ဆေးကုကျန်းမာရေး လုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဉာဏ်စွမ်းထောက်ခံမှုနှင့် လူတော်လူကောင်း အာမခံချက်ကို ပေးအပ်မည်။ ဒေသတွင်း ဆေးပညာရေးနှင့် ဆေးကုကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှု အမှတ်တံဆိပ် ဖြစ်လာ၍ ဒေသတွင်း တက္ကသိုလ်ကောလိပ်ကျောင်းနှင့် ဆေးကုဌာနသို့ အတွေ့အကြုံများ တင်ပို့ပြီး ပူပေါင်းဆောင်ရွက်ရေး အောင်မြင်မှုများ ဝေမျှခံစားပြီး ထိခိုက်မှု တိုးမြှင့်စေမည်။

昆明信息港讯(昆明日报 记者黄河) 近日,南亚东南亚医学教育与医疗卫生联盟(以下简称“医教医疗联盟”)在昆明医科大学正式成立,为云南与南亚东南亚国家在医学教育和医疗卫生服务领域开展全方位合作搭建了一个新平台。

医教医疗联盟由上海交通大学医学院、昆明医科大学共同发起成立,同时得到了中国和南亚东南亚12个国家的41个院所的积极参与和响应。医教医疗联盟将逐步整合39家联盟成员单位在教育教学、科学研究、医疗服务、国际交流、人才培养、师资建设、社会服务、学生交流等方面的资源,构建专家智库、资源共享平台、联合实验室等,奠定联盟长远发展基础;借助联盟成员单位人才、技术等资源与优势,探索并提出解决涉及区域以及全球公共卫生和健康重大问题的方案,为区域医学教育和医疗卫生事业发展提供智力支持和人才保障;形成区域医学教育和医疗卫生合作品牌,向区域内高校和医疗机构输出经验,分享合作成果,提升影响力。

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်