၂၀၁၉ခုနှစ် တရုတ် ကူမင်း နိုင်ငံတကာ ကျောက်တုံးပြပွဲကို ဇူလိုင်လ ၁၀ရက်မှ ၁၅ရက်အထိ ကျင်းပမည်
2019-07-12 09:48|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ၂၀၁၉ခုနှစ် တရုတ် ကူမင်း နိုင်ငံတကာ ကျောက်တုံးပြပွဲကို ဇူလိုင်လ ၁၀ရက်မှ ၁၅ရက်အထိ ကူမင်း နိုင်ငံတကာ ပြသရေးစင်တာ၌ ကျင်းပ၍ အရှေ့တောင်အာရှ၊ တောင်အာရှ၊ ဥရောပတိုက်၊ အမေရိကတိုက်၊ အာဖရိကတိုက် စသည်တို့မှ နိုင်ငံနှင့် ဒေသ(၂၄)ခုမှ လာသော ကျောက်မျက်ရတနာများကို စုစည်းဖော်ပြမည်။ ၂၀၁၉ခုနှစ် ကျောက်မျက်ရတနာ ယဉ်ကျေးမှု အနုပညာပွဲကို တစ်ချိန်တည်း ကျင်းပ၍ ပြည်တွင်း ပြည်ပ နာမည်ကျော်သော ကျောက်မျက်ရတနာ ဒီဇိုင်းဆွဲဆရာ၊ သတ္တုထည် အချောကိုင်ဆရာ၊ ကျောက်စိမ်းပန်းပုဆရာ၊ တက္ကသိုလ်နှင့် ကောလိပ်ကျောင်း ထူးချွန်သူ အယောက် (၆၀၀)ကျော်၊ အီတလီ၊ ဂျာမန်၊ စင်ကာပူ စသည့် နိုင်ငံနှင့်ဒေသ မှလာသော ကျောက်မျက်ရတနာနှင့် သတ္တုထည် အချောကိုင်ဆရာများ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ပြပွဲတွင် စုစည်းလာ၍ သေသပ်သိမ်မွေ့သော ဒီဇိုင်းဆွဲလက်ရာ အခု တစ်သောင်းကျော်ကို ပြသမည်။
ဤအကြိမ် ကျောက်တုံးပြပွဲသည် ပြတိုက်(၇)ခုကို ထောင်လိုက်၍ အရည်အသွေး ကောင်းမွန်သော ကျောက်မျက်ရတနာ ဒီဇိုင်းဆွဲပစ္စည်း၊ အနုပညာပစ္စည်း အခု တစ်သောင်းကျော်ကို ပြသမည်။ နိုင်ငံတကာပြတိုက်သည် ပြခန်းနံပါတ် ၁ တွင် တည်ရှိနေ၍ သီရိလင်္ကာ၊ သြစတြေးလျား၊ အာဖဂန်နစ္စတန်၊ မြောက်အမေရိကတိုက်၊ ပိုလန်၊ မြန်မာ၊ ဟောင်ကောင် စသည့် နိုင်ငံနှင့် ဒေသ မှလာသော ရောင်စုံကျောက်မျက်၊ ပယင်း၊ ကျောက်စိမ်း စသည့် ကျောက်မျက်ရတနာ ကုန်ပစ္စည်းများကို စုစည်း ပြသမည်။ ပြခန်းနံပါတ် ၂ သည် ကျောက်မျက်ကျောက်စိမ်း ပြတိုက် ဖြစ်၍ ကူမင်း၊ မန်စီ၊ ရွှေလီ၊ ထိန်ချုံး စသည့်နေရာမှ နာမည်ကျော်သော ကျောက်မျက်ကျောက်စိမ်း လုပ်ငန်းများကို အဓိက ပါဝင်မည်။ ပြခန်းနံပါတ် ၃ သည် ကျောက်မျက်ရတနာ ယဉ်ကျေးမှု အနုပညာပွဲ ပြတိုက် ဖြစ်၍ ပြည်တွင်း ထူးချွန်သော ကျောက်မျက်ဒီဇိုင်း၊ ကျောက်စိမ်းပန်းပု အနုပညာ လက်ရာများကို စုစည်း ပြသမည်။ ပေါင်းစုပြတိုက်သည် ပြခန်းနံပါတ် ၄ တွင် တည်ရှိနေ၍ သတ္တုပစ္စည်းပွင့်ခဲ၊ ဟွန်လုံကျောက်စိမ်း၊ မြကျောက် စသည်တို့ကို ပြသ၍ လုပ်ငန်းအသင်းနှင့် နာမည်ကျော်သော လုပ်ငန်း၏ ထူးဆန်းသော ကျောက်တုံးနှင့် ကျောက်စိမ်းပန်းပု ဒီဇိုင်းလက်ရာများကို အဓိက ပြသမည်။ ဟွန်လုံကျောက်စိမ်း ပြတိုက်သည် ပြခန်းနံပါတ် ၅ တွင် တည်ရှိနေ၍ လုံလင် ဟွန်လုံကျောက်စိမ်း၊ ထိန်ချုံး မဟူရာ စသည်တို့ကို ပြသမည်။ ပြခန်းနံပါတ် ၆ သည် အလှပြကျောက်တုံး ပြတိုက် ဖြစ်၍ အရှေ့ပင်လယ် စလင်း၊ စန်းဆုံး ထူးဆန်းသော ကျောက်တုံး၊ လျူကျူး ထူးဆန်းသော ကျောက်တုံး စသည့် တစ်နိုင်ငံလုံး နေရာအသီးသီးမှ အလှပြကျောက်တုံးများကို အဓိက ပြသရောင်းချမည်။ ပြခန်းနံပါတ် ၇ သည် ထိုင်ဝမ် အရည်အသွေး ကောင်းမွန်သော ကုန်ပစ္စည်း ပြတိုက် ဖြစ်၍ ထိုင်ဝမ်ပြခန်းနေရာနှင့် ရွှေလီပြခန်းနေရာ ပါဝင်မည်။
ထို့ပြင်၊ ပြပွဲ ကျင်းပရာတွင် ၂၀၁၉ခုနှစ် ကျောက်မျက်ရတနာ ဒီဇိုင်းဆွဲခြင်း ထိပ်သီးဖိုရမ်၊ တီထွင်ဆရာ ဖိုရမ်၊ နိုင်ငံတကာ သတ္တုထည် အချောကိုင်ဆရာ ဖိုရမ်၊ ထိုင်ဝမ်ရေလက်ခြား နှစ်ဖက်ကမ်း ကျောက်မျက်ရတနာ ဒီဇိုင်း အမှတ်တံဆိပ် ရောင်းဝယ်ဖောက်ကားခြင်း ဆွေးနွေးပွဲနှင့် ကျောက်မျက်ရတနာ ဆယ်လွန်၊ ကုန်ပစ္ကည်းသစ် ထုတ်ပြန်ခြင်း စသည့် လှုပ်ရှားမှု အခု(၅၀)ကျော်လည်း ကျင်းပမည်။
အာရှတိုက် အတိုင်းအတာ အကြီးဆုံး၊ သီးခြားမှုအဆင့် အမြင့်ဆုံး၊ အမှတ်တံဆိပ် ထိခိုက်မှု အကြီးဆုံးသော သီးခြား နိုင်ငံတကာ ကြီးကျယ်ခမ်းနားသော ပြပွဲအဖြစ်၊ တရုတ် ကူမင်း နိုင်ငံတကာ ကျောက်တုံးပြပွဲ (၁၂)ကြိမ်ကို အခုအထိ အောင်မြင်စွာ ကျင်းပ၍ ပြသခြင်း၊ ရောင်းချခြင်းနှင့် လှုပ်ရှားမှုကို စုစည်းသည့် အကြီးစား ဒေသတွင်း နိုင်ငံတကာ သီးခြား ကျောက်တုံးပြပွဲ ဖြစ်လာပါပြီ၊ ကျောက်တုံးလုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျယ်ဝန်းသော ပြင်ညီစင်ကို ပေးအပ်လျက်ရှိသည်။
昆明信息港讯 记者曹月 2019中国昆明国际石博览会将于7月10日至15日在昆明国际会展中心举行,来自东南亚、南亚、欧洲、美洲、非洲等24个国家和地区的珠宝将集中亮相。届时,2019珠宝文化艺术周在展会举办期间同步开启,将有600余位国内外知名珠宝设计师、金工大师、玉雕师、高校新锐,以及来自意大利、德国、新加坡等国家和地区的珠宝与金匠大师领衔的代表团齐聚石博会,展出近万件精美设计作品。
据了解,本届石博会共设7大场馆,展出近万件宝玉石设计、艺术精品。国际馆位于1号展厅,将集中展示来自斯里兰卡、澳大利亚、阿富汗、北美、波兰、缅甸、香港等国家和地区的彩色宝石、琥珀、翡翠等珠宝类产品;2号展厅为珠宝玉石馆,主要汇聚昆明、芒市、瑞丽、腾冲等地的知名珠宝玉石企业。3号展厅是珠宝文化艺术周展示馆,集中展示国内外优秀珠宝原创设计、玉雕艺术作品;综合馆位于4号展厅,展品包括矿晶、黄龙玉、祖母绿、南红、砚石等,主要展示行业协会和知名企业的奇石及玉雕设计精品;黄龙玉馆在5号展厅,展品包括龙陵黄龙玉、腾冲玛瑙等;6号展厅为观赏石馆,主要展销来自东海水晶、山东奇石、柳州奇石等全国各地的观赏奇石;7号展厅是台湾精品馆,由台湾展区和瑞丽展区组成。
同时,展会期间还将举行2019珠宝设计高峰论坛、创作大师论坛、国际金工高峰论坛、海峡两岸珠宝设计品牌营销对话,以及珠宝沙龙、新品发布、T台走秀等50余场活动。
据悉,作为亚洲规模最大、专业化程度最高、品牌影响力最大的专业国际盛会,中国昆明国际石博览会至今已成功举办过十二届,已经成为集展示、展销和活动于一体的大型区域性国际化专业石博览会,为石产业的发展提供了广阔的平台。
အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့