တုံးချွန်း-ကယ်လယ် အမြန်မောင်းလမ်းမကြီး လမ်းပေါက်၍ ကူမင်းမှ ချမ်ဒူသို့ ကီလိုမီတာ (၁၂၀) လျော့နည်း

2019-07-02 15:29|ရောင်စုံတိမ်တံတား

166627_670x670

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ကူမင်း တုံးချွန်း-ကယ်လယ် အမြန်မောင်းလမ်းမကြီး လမ်းပေါက်ခြင်း အခမ်းအနားကို ဇူလိုင်လ ၂ရက်တွင် ကျင်းပသည်၊ ဇူလိုင်လ ၇ရက် ၁၁နာရီမှစ၍ သွားလာသည့် ကားများ အတွက် ဖြတ်သန်းသွားလာခ ယူမည်၊ ဇူလိုင်လ ၂ရက်မှ ၇ရက်အထိ၊ ကားများသည် အခမဲ့ ဖြတ်သန်းသွားလာ နိုင်မည်။

166628_670x670

နောက်နောင်တွင် ဤလမ်းမကြီးဖြင့် ချမ်ဒူသို့ ရောက်လျှင် G5 ပီကင်း-ကူမင်း အမြန်မောင်းလမ်းမကြီးထက် ကီလိုမီတာ (၁၂၀)ခန့် လျော့နည်း၍ ကုန်သည့် အချိန် ၁နာရီခွဲ အတိုချုံ့မည်။ ဤလမ်းမကြီးဖြင့် ချုံချင့်သို့ ရောက်လျှင် G85 ချုံချင့်-ကူမင်း အမြန်မောင်းလမ်းမကြီးထက် ကီလိုမီတာ (၇၀)ခန့် လျော့နည်းမည်။

166629_670x670

တုံးချွန်း-ကယ်လယ် အမြန်မောင်းလမ်းမကြီးသည် တုံးချွန်းဒေသ ပန်ဟယ်ခုတ် မှအစ ကုံးစန်း-တုံးချွန်း အမြန်မောင်းလမ်းမကြီးနှင့် ဆက်စပ်ပြီး တုံးချွန်းဒေသ ထောပခါမြို့ ကယ်လယ်ကျေးရွာ အထိ၊ စုစုပေါင်း (၃၉.၄၆၆)ကီလိုမီတာ ရှည်သည်။ အသွားအပြန် လမ်းကြောင်း (၄)ကြောင်းရှိပြီး အရှန်အဟုန် တစ်နာရီလျှင် ကီလိုမီတာ(၈၀) စီစဉ်သည်။ အဓိက စီမံကိန်းများသည် ဥမင်လိုဏ်ခေါင်း (၃)လုံး၊ တံတား အလုံး(၂၀)၊ ဖလိုင်းအိုဖါ (၃)ခု၊ ကားထိုးရပ်နေရာ (၁)ခု စသည်တို့ ပါဝင်သည်။

166630_670x670

တုံးချွန်း-ကယ်လယ် အမြန်မောင်းလမ်းမကြီးသည် ယူနန်ပြည်နယ် အမြန်မောင်းလမ်းမကြီးများ စီမံကိန်းထဲမှ ကူမင်း-ချောင်ကျား အမြန်မောင်းလမ်းမကြီး၏ အရေးကြီးသော အစိတ်အပိုင်း ဖြစ်၍ ယူနန်ပြည်နယ်မှ စီချွန်၊ ချုံချင့်သို့ ဝင်ရောက်သည့် အဓိက ပေါက်ရောက်ရာလမ်း တစ်လိုင်းဖြစ်၍ ကူမင်းမြို့ အဓိကလမ်းများထဲတွင် အရေးကြီးသော အစိတ်အပိုင်းလည်း ဖြစ်၍ ယူနန်ပြည်နယ်၊ ပြည်နယ်ခွဲ၊ မြို့၊ ခရိုင်၊ ဒေသတို့၏ ဒေသခံ စီးပွားရေး ပင်မလိုင်းဖြစ်သည်။

တုံးချွန်း-ကယ်လယ် အမြန်မောင်းလမ်းမကြီး လမ်းပေါက်သည် စီချွန်၊ ယူနန်၏ ပေါက်ရောက်ရာလမ်းမှ ဖြတ်သန်းသွားလာနိုင်စွမ်းကို များများ တိုးမြှင့်၍ အခု G85 ချုံချင့်-ကူမင်း အမြန်မောင်းလမ်းမကြီး၏ လမ်းပန်းဆက်သွယ်ရေး ဖိအားကို ထိရောက်စွာ ခွဲဝေထမ်းဆောင် နိုင်မည်။

166627_670x670

7月2日,昆明东格高速公路举行通车仪式,并于7月7日11时开始向过往车辆收取通行费,7月2日至7日期间车辆免费通行。

166628_670x670

今后,经此路到成都,比G5京昆高速少约120公里车程,耗时缩短约1.5小时;经此路到重庆,比G85渝昆高速少约70公里车程。

166629_670x670

据悉,东格高速起于东川区西北角板河口,顺接功东高速,止于东川拖布卡镇格勒村,路线全长约39.466公里。双向4车道,设计车速80公里/小时,合同工期3年,初步设计概算总投资60.07亿元。主要工程有隧道3座,桥梁20座,互通立交3处,停车区1处,路基挖方346万立方米。

166630_670x670

东格高速是云南省高速公路网规划中第8条纵线S25昆明至巧家高速公路的重要组成部分,是云南省入川、渝的主要通道之一,也是昆明市骨架路网重要组成部分,为云南省、州市、县区的一条地方经济干线。

东格高速的通车,能够大幅提升川、滇通道的通行能力,有效分流现有G85渝昆高速的交通压力。

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်