ကူမင်းမြို့သည် စိုင်ကူလော်ကန်မြို့နှင့် ချစ်ကြည်ရေးမြို့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကြံရွယ်ချက်စာချုပ်ကို ချုပ်ဆိုခဲ့
2019-06-30 16:00|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဇွန်လ ၂၆ရက်တွင် တရုတ်ကွန်မြူနစ်ပါတီ ကူမင်းမြို့ ပါတီကော်မတီ အမြဲတမ်းကော်မတီ အဖွဲ့ဝင်၊ ဒုမြို့တော်ဝန် ဟူပေါင်ကော်သည် ဘရာဇီးနိုင်ငံ စိုင်ကူလော်ကန်မြို့ လွှတ်တော် ဒုဥက္ကဌ လော်ဖစလ်၊ အဝူနဘော်လစလ်မြို့ လယ်ယာစိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင် ဝန်းကြီးဌာန အတွင်းရေးမှူး ဝလန်ထလ်တို့ကို တွေ့ဆုံ၍ ကူမင်းမြို့နှင့် စိုင်ကူလော်ကန်မြို့တို့ ချစ်ကြည်ရေးမြို့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု၊ ချမ်ကုမ်ဒေသနှင့် အဝူနဘော်လစလ်မြို့တို့ ချစ်ကြည်ရေးမြို့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကြံရွယ်ချက်စာချုပ်ကို ချုပ်ဆိုခဲ့သည်။
ဟူပေါင်ကော်သည် ကူမင်းမြို့ပြည်သူ့အစိုးရနှင့် ကူမင်းမြို့သူမြို့သားတို့ကို ကိုယ်စားပြု၍ ဝေးလံသောအရပ်မှ ခရီးနှင်ပြီး ရောက်လာသော ကိုယ်စားလှယ်အဖွဲ့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆို၍ ကိုယ်စားလှယ်အဖွဲ့သို့ ကူမင်းမြို့၏ အခြေခံ အခြေအနေများကို မိတ်ဆက်ခဲ့သည်။ ၂၀၁၈ခုနှစ်တွင် စိုင်ကူလော်ကန်မြို့သည် ကူမင်းမြို့နှင့် စတင် စေ့စပ်ကမ်းလှမ်း၍ နီးစပ်သည့် အဝူနဘော်လစလ်မြို့သည် ကူမင်းမြို့ ချမ်ကုမ်ဒေသနှင့် ချစ်ခင်ရင်းနှီးသော ဆက်ဆံရေးကို ပေါင်းသင်းရန် မိတ်ဆက်ပြီး ထောက်ခံချက်ပြု ခဲ့သည်။ ဤအကြိမ် တွေ့ဆုံပွဲတွင် အဖက်ဖက်သည် ချစ်ကြည်ရေးမြို့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကြံရွယ်ချက်စာချုပ်ကို ချုပ်ဆိုခဲ့သည်၊ နောက်နောင်တွင် ကြံရွယ်ချက်စာချုပ်ကို မှီခို၍ ချစ်ခင်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုကို ဆောင်ရွက်၍ တိကျသော ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများကို အကောင်အထည်ဖော်၍ အနာဂတ်တွင် မြို့နှစ်မြို့တို့သည် ချစ်ကြည်ရေးမြို့ ဆက်ဆံရေးကို တရားဝင် ပေါင်းသင်းသည့် အတွက် ကြံ့ခိုင်သော အခြေခံအုတ်မြစ် ချသည်။
ကူမင်းမြို့နှင့် စိုင်ကူလော်ကန်မြို့၊ အဝူနဘော်လစလ်မြို့ တို့သည် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး စသည့် နယ်ပယ်များတွင် တူလီသော အခြေအနေ များများရှိ၍ နောက်နောင် တရုတ်တိုင်းရင်းဆေးပညာ ယဉ်ကျေးမှု ဖလှယ်ခြင်း၊ ကျောင်းချင်းပူးပေါင်းဆောင်ရွက်မှု၊ အဆင့်မြင့်အရာရှိ အပြန်အလှန် သွားရောက်တွေ့ဆုံခြင်း စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည် မျှော်လင့်သည် ဟု ဘရာဇီး ကိုယ်စားလှယ် အဖွဲ့သည် ပြောဆိုခဲ့သည်။
昆明信息港讯(昆明日报 记者董宇虹)26日,市委常委、副市长胡宝国会见了巴西塞古罗港市议会副主席洛佩斯、艾乌纳波里斯市农业环境秘书瓦兰特一行,并签署了昆明市与塞古罗港市发展友城关系、呈贡区与艾乌纳波里斯市发展友好城市(区市)关系的意向书。
胡宝国代表昆明市政府和昆明市民对远道而来的代表团表示热烈欢迎,并向代表团介绍了昆明的基本情况。2018年,塞古罗港市开始与昆明市接洽,并引荐其邻近城市艾乌纳波里斯市与昆明市呈贡区缔结友好关系。在昨日的会见中,各方签署了发展友好城市(区市)意向书,在意向书的合作框架下,下一步将深入开展友好合作,落实具体的合作项目,为两市今后正式缔结友好城市关系打下牢固基础。
巴西代表团表示,昆明与塞古罗港市、艾乌纳波里斯市在城市发展、产业发展等方面有很多类似的地方,希望今后能在中医文化交流、校际合作、高层互访等方面加强合作。
အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့
