အဌမအကြိမ် ယူနန်-ထိုင်ဝမ် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ဖလှယ်ခြင်း နှီးနှောပွဲကို ကူမင်းမြို့၌ ကျင်းပ

2019-06-27 17:08|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဇွန်လ ၂၆ရက် မနက်ပိုင်းတွင် နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာ ညွှန်ကြားရေးရုံးခန်းနှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရ အတူတူ ဦးစီးကျင်းပသည့် အဌမအကြိမ် ယူနန်-ထိုင်ဝမ် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ဖလှယ်ခြင်း နှီးနှောပွဲကို ကူမင်းမြို့၌ ကြီးကျယ်ခမ်းနားစွာ စတင်ကျင်းပ၍ ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်ကမ်းမှ လာသော အဆင့်မြင့်အရာရှိ၊ လုပ်ငန်းရှင်၊ ပါရဂူနှင့် ပညာရှင်၊ နာမည်ကျော်သူ အယောက် (၁)ထောင်ကျော်သည် ကွင်းဖွင့်ပွဲကို ပါဝင်တက်ရောက်ခဲ့သည်။ ပါဝင်သည့် ခေါင်းဆောင်များ၊ ဧည့်သည်တော်များသည် ယူနန် “ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်ကမ်း ကူးလူးဖလှယ်မှု စခန်း” ထူထောင်ခြင်း၊ ယူနန်-ထိုင်ဝမ် ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများ လက်တွေ့စာချုပ်ချုပ်ဆိုခြင်းကို အတူတူ မျက်မြင်သက်သေ ခဲ့သည်။ စီမံကိန်း (၁၃)ခုကို စာချုပ်ချုပ်ဆို၍ တန်ဖိုး အယွမ်(၄.၄)ဘီလျံ ရှိသည်။

အဌမအကြိမ် ယူနန်-ထိုင်ဝမ် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ဖလှယ်ခြင်း နှီးနှောပွဲ၏ ခေါင်းစဉ်သည် “ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု” အခွင့်ကို အတူစံစားကြခြင်း၊ ယူနန်-ထိုင်ဝမ်း ရောနှောပေါင်းစပ်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို နက်ရှိုင်းစေခြင်း၊ ဗဟိုချက်မမှ ဖြာထွက်ရေး စင်တာကို တည်ဆောက်ရန် တွန်းအားပေးခြင်း ဖြစ်သည်။ ကွင်းဖွင့်ပွဲ၊ စီမံကိန်းစာချုပ်ချုပ်ဆိုခြင်း၊ ခေါင်းစဉ်ဖြင့် ဟောပြောပွဲ အပြင်၊ အရှေ့အမြောက်ပိုင်း ထိုင်ဝမ်းအသင်း ဥက္ကဌများ ဖလှယ်ရေးဖိုရမ်၊ ယူနန်-ထိုင်ဝမ် ယဉ်ကျေးမှု အဆန်းထွင်ရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်၊ ယူနန်-ထိုင်ဝမ် လူငယ်များ အဆန်းထွင်ခြင်းနှင့် လုပ်ငန်းစတင်လုပ်ကိုင်ခြင်း ဝေမျှခံစားခြင်း၊ ယူနန်-ထိုင်ဝမ် ညစ်ညမ်းမဲ့ အစိမ်းရောင် အစားအစာလုပ်ငန်း ပူးပေါင်းဆောင်ရွက်ခြင်း၊ ယူနန်-ထိုင်ဝမ် သတ္တဝါဆေးနှင့် ကျန်းမာရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ခြင်း စသည်တို့ကို အဓိက ကျင်းပသည်။

ဤအကြိမ် နှီးနှောပွဲ ကွင်းဖွင့်ပွဲကို လူအယောက် (၁)ထောင်ကျော်သည် ပါဝင်ခဲ့သည်၊ ၎င်းအနက်၊ ထိုင်ဝမ်လူ အယောက်(၅)ရာကျော် ရှိသည်၊ နောက်နောင်မှ လက်တွေ့ခံစားခြင်း လှုပ်ရှားမှုကို လူအယောက် (၈)ရာကျော် ပါဝင်ခဲ့သည်။ လှုပ်ရှားမှု၏ အဆင့်အတန်း၊ အကျယ်အဝန်းနှင့် ပါဝင်သူ၏ အရေအတွက်သည် အများဆုံး ဖြစ်သည်၊ ၎င်း၏ အကျိုးသက်ရောက်မှု များပြား၍ ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်ကမ်းမှ စီးပွားကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု ဖလှယ်ခြင်း ပူးပေါင်းဆောင်ရွက်မှုထဲတွင် နာမည်ကျော်သော ယူနန့် အမှတ်တံဆိပ်နှင့် အရေးကြီးသော အမှတ်တံဆိပ် ဖြစ်လာပါပြီ။

စာချုပ်ချုပ်ဆိုသည့် စီမံကိန်းများသည် ညစ်ညမ်းမဲ့ အစိမ်းရောင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်း၊ ကျန်းမာရေးလုပ်ငန်း၊ ထူးခြားသောမြို့နယ်၊ ခရီးသွားယဉ်ကျေးမှု စသည့် နယ်ပယ်များကို အဓိက ပါဝင်သည်။ ကူမင်း-ထိုင်ကျုံ တိုက်ရိုက်ပျံသန်းသည့် လေယာဉ်ကို ခုတ်မောင်း၍ ယူနန် ပြည်နယ်ခွဲ၊ မြို့ (၁၁)ခုမှ စီမံကိန်း အခု(၃၀)ကျော်သည် ထိုင်ဝမ်ကုန်သည် များသို့ မိတ်ဆက်ဖြန့်ချီပြီး ယူနန်-ထိုင်ဝမ် ဖလှယ်ရေး ဆက်ဆံရေးနှင့် လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ပေါင်းသင်းစေရန် တွန်းအားပေးသည်။ ၂၀၁၈ခုနှစ် အထိ၊ ယူနန်ပြည်နယ် တစ်ခုလုံးတွင် ထိုင်ဝမ်ကုန်သည် ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်း (၈၅၃)ခုရှိ၍ ထိုင်ဝမ်ရင်းနှီးငွေ ကန်ဒေါ်လာ(၁.၂၂)ဘီလျံ ကျင့်သုံးခဲ့သည်။ မနှစ်က ယူနန်-ထိုင်ဝမ် ကုန်သွယ်ရေးပမာဏ ကန်ဒေါ်လာ(၁.၃၆၇)ဘီလျံ ရှိပြီး လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၄၅၄ရာခိုင်နှုန်း တိုးပွားလာခဲ့သည်။

ဤပွဲကို ၂၀၁၂ခုနှစ်မှ စတင်ကျင်းပ ပြီးနောက် အခုအထိ (၈)ကြိမ် ဆက်လက် ကျင်းပပါပြီ။ ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်ကမ်း ဖလှယ်ခြင်း လှုပ်ရှားမှု၏ အရေးကြီးသော နည်းလမ်းတစ်ခု ဖြစ်လာပါပြီ၊ တစ်နိုင်ငံလုံး တစ်ခုတည်းသော ယူနန်ထူးခြားချက် ရှိသော ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်ကမ်း ဖလှယ်ခြင်း အမှတ်တံဆိပ် ဖြစ်လာပါပြီ။

昆明信息港讯 记者陈盈盈 6月26日上午,由国务院台湾事务办公室和云南省人民政府共同主办的第8届云台会在昆明隆重开幕,来自两岸的政要、企业家、专家学者、知名人士1000余人出席开幕式。与会领导、嘉宾现场见证了云南“海峡两岸交流基地”授牌,同时见证云台合作项目现场签约,共签约13个项目,价值44亿人民币。

第8届云台会主题为共享“一带一路”机遇,深化云台融合发展,推进辐射中心建设。除开幕仪式、项目签约、主题演讲外,还重点举办东西部台协会长交流论坛、云台文化创意产业合作论坛2场论坛研讨;云台青年创新创业分享、云台绿色食品产业合作、云台生物医药大健康产业合作3场产业交流合作对接会以及5场体验交流拓展活动。

本届云台会开幕式活动邀请1000余人参加,其中台湾同胞500余人,后续拓展体验活动800多人参加,活动规格、规模和参加人数为历年来云台经贸文化交流活动历史之最,其影响面广,已成为两岸经贸文化交流合作中响亮的云南名片和重要品牌。

会议现场签约的项目主要涉及绿色农业、生物医药与大健康、特色小镇、旅游文化等领域。开通“昆明——台中”直航班机,云南11个州市30余个项目对台商进行招商推介,推动云台交流交往和产业合作精准对接。截至2018年底,全省共有台资企业853户,实际使用台资12.2亿美元;去年滇台贸易额达到创历史新高的13.67亿美元,同比增长454%。

云台会自2012年创办以来,至今已连续举办到第8届。云台会已经成为海峡两岸交流活动的重要平台之一,成为全国独具云南特色的两岸交流品牌。

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်