တီထွင်ဆန်းသစ်ခြင်း ယူနန် ၂၀၁၉ခုနှစ် ယဉ်ကျေးမှု လုပ်ငန်း ပြပွဲကို သြဂုတ်လတွင် ကျင်းပမည်

2019-06-25 16:35|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ မြရွှေစင်) တီထွင်ဆန်းသစ်ခြင်း ယူနန် ၂၀၁၉ခုနှစ် ယဉ်ကျေးမှု လုပ်ငန်း ပြပွဲကို သြဂုတ်လ ၈ရက်နေ့မှ ၁၂ရက်နေ့အထိ ကူမင်း နိုင်ငံတကာ ပြသရေးစင်တာ၌ ကျင်းပမည် ဟု သတင်းထောက်သည် ဇွန်လ ၂၅ရက်နေ့တွင် သိရှိရခဲ့သည်။

ဤအကြိမ် ယဉ်ကျေးမှု လုပ်ငန်း ပြပွဲတွင် ယဉ်ကျေးမှု ရောနှောပေါင်းစပ်စွာ ဖွံ့ဖြိုးတိုးတက်မှု ပြတိုက်၊ အရည်အသွေး အထူးကောင်းသော ယဉ်ကျေးမှု တီထွင်ဆန်းသစ်ခြင်း ပြတိုက်၊ ယူနန် ပန်းမန်နှင့် မြေထည် ပြတိုက်၊ ပြည်နယ်ခွဲနှင့် မြို့များမှ အရည်အသွေး အထူးကောင်းသော ယဉ်ကျေးမှုပစ္စည်း ပြတိုက်၊ ကူမင်း အရည်အသွေး အထူးကောင်းသော ယဉ်ကျေးမှုပစ္စည်း ပြတိုက်၊ ယဥကျေးမှုလုပ်ငန်း အောင်မြင်မှု ပြတိုက် ဖြစ်သည့် ပြတိုက်(၇)ခုကို စီစဉ်မည်။ ယဉ်ကျေးမှု ခရီးသွားလာရေးနှင့် ယဉ်ကျေးမှု သိပ္ပံနည်းပညာ ပြသခြင်း၊ ပြည်တွင်း နာမည်ကျော်သော ပညာရှင်များ၏ လက်ရေးလက်သားနှင့် ပန်းချီလက်ရာ၊ အရည်အသွေး အထူးကောင်းသော လက်မှုအနုပညာပစ္စည်း ပြသခြင်း စသည့် ယဉ်ကျေးမှုလုပ်ငန်း နှင့်သက်ဆိုင်သော ယဉ်ကျေးမှု အနုပညာ ပြသခြင်း လှုပ်ရှားမှုများကို ကျင်းပမည်။ ထို့ပြင်၊ ယဉ်ကျေးမှု လုပ်ငန်း ပြပွဲကို လိကျန်းရှေးဟောင်းမြို့၊ တလီရှေးဟောင်းမြို့ စသည့်နေရာများ၌ ပြသနေရာခွဲများကို ထောင်လိုက်၍ ဒေသခံနေရာများ၌ ထူးခြားချက် ပါရှိသော လှုပ်ရှားမှုများကို ကျင်းပသည့်အပြင် အဓိကပြသရာနေရာနှင့် အပြန်အလှန်လှုပ်ရှားမှုလည်း ဆောင်ရွက်မည်။

ထို့ပြင်၊ ဤနှစ် ယဉ်ကျေးမှုလုပ်ငန်း ပြပွဲတွင် တီထွင်ဆန်းသစ်ခြင်း ဒီဇိုင်း ပြသရေးနှင့် ဖလှယ်ခြင်း ပြင်ညီစင်များကို တည်ခင်းပြီး လှုပ်ရှားမှုများကို ကျင်းပ၍ ကိုယ့်ရပ်ကိုယ့်မြေမှ ဒီဇိုင်းဆွဲဆရာများ၊ လုပ်ငန်းများ စသည်တို့နှင့် ရှေ့တန်းကျနေရာများနှင့် ဆက်သွယ်ဖလှယ်ရန် တွန်းအားပေး၍ ယူနန်ပြညနယ်၏ တီထွင်ဆန်းသစ်ခြင်း ဒီဇိုင်းဆွဲလုပ်ငန်းများ၏ အဆင့်အတန်းကို အဆက်မပြတ် တိုးမြှင့်ရန် ဖြစ်သည်။ "ယဉ်ကျေးမှုလုပ်ငန်း ဇေကျန်းကုန်သည်များသည် ယူနန်သို့ ဝင်ရောက်ခြင်း" စသည့် လှုပ်ရှားမှုများကိုလည်း ကျင်းပ၍ ယဉ်ကျေးမှုလုပ်ငန်း ပြပွဲသည် အရည်အသွေး အထူးကောင်းသော ယေဉ်ကျေးမှုကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို မိတ်ဆက်ဖြန့်ချီသည့် ပြသရေး ပြင်ညီစင်ကို ဖြစ်လာစေမည်။

 

昆明信息港讯 记者甘凌菲 6月25日,记者获悉,创意云南2019文化产业博览会将于8月8日至8月12日在昆明国际会展中心举办。

本届文博会共设文化融合发展馆、精品文创馆、云花云陶馆、州市文产精品馆、昆明文产精品馆、文化产业成就馆7大场馆。分别进行文化旅游和文化科技展示、国内名家书画和工艺美术精品展示等文化产业方面及相关文化艺术展演活动。同时,文博会还将在丽江古城、大理古城等设有分会场,分会场既在当地开展特色活动,还与主会场进行互动。

此外,今年的文博会将设置搭建多个创意设计展示交流平台,举办多项活动,推动本土的设计力量与先进地区对接和交流,不断提升我省创意设计产业能级。还将开展“文化浙商走进云南”等活动,使文博会成为推介优质文化产品和服务的展示平台。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်