ကူမင်း နိုင်ငံတကာ ချစ်ကြည်ရေးမြို့ ခရီးသွားလာရေး မဟာမိတ် မီဒီယာ လည်ပတ်ကြည့်ရှုခြင်း လှုပ်ရှားမှုကို စတင်ကျင်းပ
2019-03-18 09:29|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ကူမင်း နိုင်ငံတကာ ချစ်ကြည်ရေးမြို့ ခရီးသွားလာရေး မဟာမိတ် မီဒီယာ လည်ပတ်ကြည့်ရှုခြင်း လှုပ်ရှားမှုကို မတ်လ ၁၆ရက်နေ့ ကူမင်းမြို့၌ စတင် ကျင်းပခဲ့ပါသည်။ (၁၅)ရက်ကြာသော လှုပ်ရှားမှုကို ကျင်းပရာတွင် ခရီးသွားလာရေး စီမံကိန်းချသူများ၊ နာမည်ကျော်သော ခရီးသွားလာရေး ကျွမ်းကျင်သူများ၊ သတင်းထောက်များသည် ကမ္ဘောဒီးယား ဖနွမ်းပင်၊ မြန်မာ ရန်ကုန်၊ မလေးရှား ကူကျင့်နန်၊ နီပေါပေါ်ခလာ (၅)မြို့သို့ လည်ပတ်ကြည့်ရှု၍ မဟာမိတ်အဖွဲ့ဝင်မြို့များ အတွက် မီဒီယာများ၏ ဖြန့်ဖြူးခြင်း လှုပ်ရှားမှုကို စတင်လုပ်ဆောင်မည်။
ဤလှုပ်ရှားမှုသည် ကူမင်း နိုင်ငံတကာ ချစ်ကြည်ရေးမြို့ ခရီးသွားလာရေး မဟာမိတ်အဖွဲ့ဝင် မြို့များ၏ ခရီးသွားလာရေး ရုပ်ပုံလွှာကို ပူပေါင်းဆောင်ရွက်ပြီး ဖြန့်ဖြူး၍ မဟာမိတ်သည် လုပ်ငန်းဆက်များကို အကျိုးတက်ရောက်စွာ ဆောင်ရွက်စေ၍ ယူနန်ပြည်နယ်၏ ရှေ့ဆောင်ရှေ့ရွက်ပြု စွမ်းဆောင်နိုင်မှုကို အကြီးဆုံး ထုတ်ဖော်ရန် ရည်ရွယ်ပါသည်။ တောင်အာရှ အရှေ့တောင်အာရှ (၅)နိုင်ငံသို့ လည်ပတ်ကြည့်ရှုချိန် မဟာမိတ် အတွင်းရေးမှူးအဖွဲ့သည်လည်း လစ်ကျန်း၊ တယ်ဟုံ၊ တီချင့်၊ ဟုံဟယ်၊ ဆစ်ဆောင်ပန်းနား စသည့် ယူနန်ပြည်နယ်တွင်း အဖွဲ့ဝင်ပြည်နယ်ခွဲ၊ မြို့များသို့ မီဒီယာများ လည်ပတ်ကြည့်ရှုခြင်း လှုပ်ရှားမှုကို ဆောင်ရွက်၍ မီဒီယာဖြင့် ဖြန့်ဖြူးသည့် လုပ်ငန်းများကိုလည်း လုပ်ဆောင်မည်။
ဤနှစ် မဟာမိတ် အတွင်းရေးမှူးအဖွဲ့သည် တောင်အာရှ အရှေ့တောင်အာရှ အဖွဲ့ဝင်မြို့ (၅)မြို့၏ မီဒီယာများကို မိတ်ခေါ်၍ ကူမင်း၊ လစ်ကျန်း၊ တယ်ဟုံ၊ တီချင့်၊ ဟုံဟယ်၊ ဆစ်ဆောင်ပန်းနား စသည့် ပြည်နယ်တွင်း အဖွဲ့ဝင်ဖြစ်သော ပြည်နယ်ခွဲ၊ မြို့များသို့ လည်ပတ်ကြည့်ရှု လာမည်။ မီဒီယာများ အချင်းချင်း လဲလှယ်ခြင်းအားဖြင့် အဖွဲ့ဝင်ဖြစ်သော မြို့များ၏ ခရီးသွားလာရေး သယံဇာတပစ္စည်းများနှင့် ခရီးလမ်းစဉ်များကို ဖြန့်ဖြူး၍ ယူနန်နှင့် တောင်အာရှ အရှေ့တောင်အာရှတို့၏ အကောင်းစား ခရီးလမ်းစဉ် အမှတ်တံဆိပ်ကို ထုလုပ်မည်။
၂၀၁၇ခုနှစ် နိုဝင်ဘာလ၊ ကူမင်းသည် မလေးရှား ကူကျင့်နန်၊ ကမ္ဘောဒီးယား ဖနွမ်းပင်၊ နီပေါပေါ်ခလာ၊ လာအို ဗီယင်ကျန်း၊ မြန်မာ ရန်ကုန် ဖြစ်သည့် နိုင်ငံတကာ ချစ်ကြည်ရေးမြို့ (၅)မြို့နှင့် လစ်ကျန်းမြို့၊ တယ်ဟုံ တိုင်လူမျိုးနှင့် ကျင်ဖော်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ၊ တီချင့် တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ၊ ဟုံဟယ် ဟာနီလူမျိုးနှင့် ယီလူမျိုးတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ၊ ဆစ်ဆောင်ပန်းနား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ဖြစ်သည့် ယူနန်ပြည်နယ်တွင်း ခရီးသည်ကြိုက်များသော ခရီးသွားလာရေး ပြည်နယ်ခွဲနှင့်မြို့ (၅)ခုနှင့် ကူမင်း နိုင်ငံတကာ ချစ်ကြည်ရေးမြို့ ခရီးသွားလာရေး မဟာမိတ်ကို အတူတူ ဖွဲ့စည်း ခဲ့ပါသည်။
အမြတ်ရယူခြင်းမဲ့၊ ပွင့်လန်းပြီး အပြန်အလှန် အကျိုးရရှိသော မြို့များအကြား သီးခြား ခရီးသွားလာရေး ပြေပြစ်ညီညွတ်ခြင်းအဖွဲ့ အဖြစ်၊ မဟာမိတ်သည် ပူးပေါင်းဆောင်ရွက်ပြီး ဖွံ့ဖြိုးတိုးတက်ရေး ခံယူချက်ကို မှီခို၍ ချစ်ကြည်ရေးမြို့များ အကြားမှ ခရီးသွားပေါ်လစီများ ဖလှယ်ခြင်း၊ ခရီးလမ်းစဉ် အတူတူတည်ဆောက်ခြင်း၊ ခရီးသည် သယံဇာတပစ္စည်းများ အတူစံစားကြခြင်း၊ ခရီးသွားလာရေး အတပ်အဆင်ပစ္စည်းများ ပြည့်စုံခြင်း၊ ခရီးသွားဈေး တန်းတူရည်တူ အပြန်အလှန် အကျိုးရရှိစေရေး၊ ခရီးသွားသတင်းများ အတူစံစားကြခြင်း၊ ခရီးသွားလာရေး ထူးချွန်သူများ ပြုစုပျိုးထောင်ခြင်းများကို တက်ကြွစွာ ပြုလုပ်၍ အားသာမှုများ အပြန်အလှန် ဖြည့်တင်းရေး၊ အကျိုးတူရရှိရေးကို အကောင်အထည်ဖော်၍ အဖွဲ့ဝင်မြို့များ၏ ခရီးသွားလာရေး ပူပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေ၍ မဟာမိတ်၏ ပြည်သူလူထုများသည် ချစ်ကြည်ရင်းနှီးစေပြီး ပို၍ နားလည်စေပါသည်။
၂၀၁၈ခုနှစ် နိုဝင်ဘာလ၊ ကူမင်းမြို့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီသည် Tongcheng Tourism Group ကို တာဝန်လွှဲအပ်ပေး၍ ကူမင်း နိုင်ငံတကာ ချစ်ကြည်ရေးမြို့ ခရီးသွားလာရေး မဟာမိတ် အတွင်းရေးမှူးအဖွဲ့ တည်ထောင်ရန် ပြင်ဆင် ခဲ့ပါသည်၊ မဟာမိတ် အမြဲတမ်းအဖွဲ့အစည်းများ၏ နိုင်ငံခြားသို့ ဆက်သွယ်ရေး လုပ်ငန်းများကို တာဝန်ထမ်းဆောင်ပါသည်။
တောင်အာရှ အရှေ့တောင်အာရှနှင့် နယ်နိမိတ်ချင်း ဆက်စပ်သောကြောင့် ကူမင်းမြို့သည် အနောက်တောင်ပိုင်းနှင့် တရုတ်နိုင်ငံသည် တောင်အာရှ အရှေ့တောင်အာရှ နိုင်ငံများနှင့် ပေါင်းသင်းဆက်ဆံသည့် ဗဟိုမြို့ ဖြစ်လာစေပါသည်။ ယူနန်ပြည်နယ် အစိုးရရုံးစိုက်ရာမြို့ အဖြစ်၊ ကူမင်းမြို့သည် “ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု” တည်ဆောက်ရေးထဲသို့ ဖာသာအလျောက် ရောနှောပေါင်းစပ်၍ တာဝန်ထမ်းဆောင်၍ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ရောနှောပေါင်းစပ်စွာ ဖွံ့ဖြိုးတိုးတက်ရေး စံပြမြို့၊ ဒေသတွင်း နိုင်ငံတကာ လူမှုရေး ဖလှယ်ရေးစင်တာ တည်ဆောက်ရေးကို တက်ကြွစွာ ရှေ့သို့ ဆောင်ရွက်ပါသည်။
昨日,昆明国际友城旅游联盟媒体采风在昆明启动。为期15天的采风活动期间,旅游规划人员、知名旅游达人、记者将探访柬埔寨金边、老挝万象、缅甸仰光、马来西亚古晋南、尼泊尔博克拉5座城市,拉开联盟会员城市媒体宣传推广活动序幕。
此次采风活动,旨在合力推广昆明国际友城旅游联盟会员城市旅游形象,促进联盟务实高效地开展后续工作,最大化地发挥云南省的辐射带动作用。在前往南亚东南亚5个国家开展采风活动的同时,联盟秘书处也将同步赴丽江、德宏、迪庆、红河、西双版纳等省内会员州市开展媒体采风,并开展一系列媒体宣传推广工作。
今年,联盟秘书处还将邀请南亚东南亚5国会员城市媒体来到昆明、丽江、德宏、迪庆、红河、西双版纳等省内会员州市采风,通过媒体互换开展会员城市旅游资源和线路的宣传推广,打响云南与南亚东南亚黄金旅游线路品牌。
2017年11月,昆明与马来西亚古晋南、柬埔寨金边、尼泊尔博克拉、老挝万象、缅甸仰光5个国际友好城市和丽江市、德宏州、迪庆州、红河州、西双版纳州5个云南热点旅游州市,共同成立昆明国际友城旅游联盟。
作为一个非营利性、开放互利的城市间专业旅游协调组织,联盟秉承合作发展理念,积极开展各友城间旅游政策沟通、旅游线路共建、游客资源共享、旅游设施完善、旅游市场互惠、旅游信息共享、旅游人才培养,实现优势互补、互利共赢,深化会员城市之间旅游合作,实现“旅游让生活更美好”,促进联盟城市人民增进友谊,加深理解。
2018年11月,昆明市旅游发展委员会委托同程旅游筹建昆明国际友城旅游联盟秘书处,负责联盟常设机构的各项对外联络工作。
毗邻南亚东南亚,让昆明成为西南乃至中国与南亚东南亚国家交往的节点城市。作为云南的省会城市,昆明主动融入和服务“一带一路”建设,积极推进文旅融合发展示范城市、区域性国际人文交流中心建设。
အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့
