တရုတ် တိုင်းရင်းသားလူမျိုးစု အဘိဓာန်- လာဟူလူမျိုး စာအုပ် စတင်ထုတ်ဝေခြင်း အခမ်းအနားကို ကူမင်း၌ ကျင်းပခဲ့
2019-01-03 17:29|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) တရုတ် တိုင်းရင်းသားလူမျိုးစု အဘိဓာန်- လာဟူလူမျိုး စာအုပ် စတင်ထုတ်ဝေခြင်း အခမ်းအနားကို ဇန်နဝါရီလ ၁ရက်နေ့ ယူနန်မင်ဆုတက္ကသိုလ် ချမ်ကုန်ကျောင်းခွဲ စာကြည့်တိုက်၌ ကျင်းပခဲ့ပါသည်။
တရုတ် တိုင်းရင်းသားလူမျိုးစု အဘိဓာန် စာအုပ် များမှာ နိုင်ငံတော်သည် တိုင်းရင်းသား လူမျိုးစု ယဉ်ကျေးမှု ကာကွယ်ရေးနှင့် တည်ဆောက်ရေးကို ထောက်ခံသည့် အရေးကြီးသော ပုံနှိပ်ထုတ်ဝေခြင်း စီမံကိန်းတစ်ခုနှင့် ကျွန်မတို့နိုင်ငံ တိုင်းရင်းသား လူမျိုးစု(၅၅)ခုကို ဘက်စုံ၊ စနစ်တကျ၊ တိကျမှန်ကန်စွာ မိတ်ဆက်သည့် အကြီးစား အဘိဓာန် စာအုပ်များ ဖြစ်ပါသည်။ တရုတ် တိုင်းရင်းသားလူမျိုးစု အဘိဓာန်- လာဟူလူမျိုး စာအုပ်သည် ယူနန်မင်ဆုထုတ်ဝေရေးဌာန ပုံနှိပ်ထုတ်ဝေပေး၍ ယူနန်ပြည်နယ် လာဟူလူမျိုးအတွက် သုတေသနပြုသည့် ပါရဂူ၊ ပညာရှင် အယောက်(၂၀၀)ကျော်သည် နှစ်ပေါင်းမြောက်များစွာ ကြိုးစားခြင်းအားဖြင့် စီရင်ရေးသားပြုစုတည်းဖြတ်သည့် အကြီးစား အဘိဓာန်စာအုပ် ဖြစ်ပါသည်။ စာအုပ်တစ်အုပ်လုံးသည် နှစ်အုပ်ပါဝင်၍ (၅၈၆၅)ပုဒ်၊ စာလုံးအလုံး (၃)သန်းကျော်၊ သရုပ်ဖော်ပုံ အစောင်(၁၃၀၀)ကျော်၊ (၁၆၀၆)ချပ် ရှိ၍ လူမှုရေး၊ ပထဝီအခြေအနေ၊ သမိုင်း၊ အဘိဓမ္မအတွင်းအခေါ်၊ ဘာသာရေး၊ ဓလေ့ထုံးစံ၊ လက်မှုအနုပညာ၊ ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း၊ ရှုခင်းရပ်ကွက်နှင့် သမိုင်းဝင်နေရာ၊ စီးပွားရေး၊ သိပံ္ပနှင့်နည်းပညာ၊ ပညာရေး၊ ယဉ်ကျေးမှုအနုပညာ၊ ဆေးဝါးကုသရေးနှင့် ကျန်းမာရေး၊ အားကစားမှု၊ သတင်းနှင့် ထုတ်ဝေရေး၊ ဘာသာစကားနှင့် စာလုံး၊ စာပေ၊ ပုဂ္ဂိုလ်၊ ရှေးဟောင်းကျမ်းစာနှင့် နောက်ဆက်တွဲအကြောင်းအရာ (၂၁)မျိုး ပါဝင်၍ လာဟူလူမျိုး၏ လူမှုရေးဘဝကို စနစ်တကျဘက်စုံ ဖော်ပြသည့် ပညာစွယ်စုံကျမ်း တစ်အုပ် ဖြစ်ပါသည်။
昆明信息港综合整理 1月1日,《中国少数民族大辞典·拉祜族卷》首发式在云南民族大学新校区图书馆举行。
《中国少数民族大辞典》是国家支持少数民族文化保护和建设的一项重要出版工程,为全面、系统、准确介绍我国55个少数民族的大型系列辞书。《中国少数民族大辞典·拉祜族卷》由云南民族出版社出版发行,是我云南省200多位致力于拉祜族研究的专家学者,经过多年不懈努力编纂的大型辞典。全书分上下两卷,条目5865条,300余万字,插图1300多张,1606页,分社会、地理、历史、哲学思想、宗教、风俗、工艺、文物、风景名胜、经济、科技、教育、文化艺术、医药卫生、体育、新闻出版、语言文字、文学、人物、典籍论著及附录21类,是一部全面系统反映拉祜族社会生活的百科全书。
အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့
