ဒုတိယအကြိမ်မြောက် “ရောင်စုံယူနန်၊ ထိုင်ဝမ်၌ ချိန်းထားခြင်း” ယဉ်ကျေးမှု ဖလှယ်ခြင်း လှုပ်ရှားမှုကို ဒီဇင်ဘာလ ကျင်းပမည်

2018-10-31 16:07|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဒုတိယအကြိမ်မြောက် “ရောင်စုံယူနန်၊ ထိုင်ဝမ်၌ ချိန်းထားခြင်း” ယဉ်ကျေးမှု ဖလှယ်ခြင်း လှုပ်ရှားမှုကို ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၈ရက်နေ့မှ ၂၀၁၉ခုနှစ် မတ်လ ၁၀ရက်နေ့အထိ ထိုင်ဝမ်း ကောင်းရွှံမြို့ ဖိုကွန်းတောင် ဗုဒ္ဓ အထိမ်းအမှတ်တိုက်၊ ထိုင်ဝမ် တရုတ်ယဉ်ကျေးမှုသက္ကသိုလ် စသည့်နေရာများ၌ ကျင်းပမည်။

ဒုတိယအကြိမ်မြောက် “ရောင်စုံယူနန်၊ ထိုင်ဝမ်၌ ချိန်းထားခြင်း” ယဉ်ကျေးမှု ဖလှယ်ခြင်း လှုပ်ရှားမှုသည် “တရုတ်ယဉ်ကျေးမှုကို ထွန်းကားအောက် ဆောင်ရွက်ခြင်း၊ တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်ကို အတူတူ ထောပနာပြုခြင်း” ခေါင်းစဉ် ဖြစ်ပါသည်။ လှုပ်ရှားမှု ကျင်းပရာတွင် ယူနန်ခရီးသွားလာရေး မိတ်ဆက်ဖြန့်ချီပွဲ၊ ဒုတိယအကြိမ်မြောက် ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်ကမ်း တရုတ် လက်ဖက်ခြောက် ယဉ်ကျေးမှုဖိုရမ်နှင့် ယူနန်-ထိုင်ဝမ် ဖလှယ်သည့် လက်ဖက်ပွဲ၊ ယူနန် လက်ရေးလက်သားနှင့် ပန်းချီလက်ရာ၊ ဓာတ်ပုံ အနုပညာပြပွဲ၊ ယူနန်ထူးခြားသော အစားအစား ယဉ်ကျေးမှုပွဲ စသည့် ပေါများကြွယ်ဝသော လှုပ်ရှားမှုများကို ကျင်းပ၍ တရုတ်ယဉ်ကျေးမှုကို တင်ပြဆက်ခံပြီး ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်ကမ်း ချစ်ကြည်ရေးကို တိုးမြှင့်မည်။

“ရောင်စုံယူနန်၊ ထိုင်ဝမ်၌ ချိန်းထားခြင်း” ယဉ်ကျေးမှု ဖလှယ်ခြင်း လှုပ်ရှားမှုကို ဤနှစ် ဖေဖော်ဝါရီလ ၁၀ရက်နေ့မှ မတ်လ ၁၈ရက်နေ့အထိ ထိုင်ဝမ်း ဖိုကွန်းတောင် ဗုဒ္ဓ အထိမ်းအမှတ်တိုက်၌ ပထမဦးဆုံး ကျင်းပ၍ စုစုပေါင်း လှုပ်ရှားမှု (၈၈)ခုကို ကျင်းပ ခဲ့ပါသည်၊ ၎င်းအနက်၊ ယူနန်တိုင်းရင်းသားလူမျိုးစု အဝတ်တန်ဆာ ပြပွဲနှင့် သိမ်မွေ့နက်နဲသော ယဉ်ကျေးမှုပြပွဲသည် ယူနန်လူမျိုးအမျိုးမျိုး၏ ရိုးရာ အဝတ်တန်ဆာမှ ထူးခြားချက်များကို စုစည်းပြသ၍ ဖူအယ်လက်ဖက်ရည်ကို မြည်းကြည့်ခြင်း၊ လက်ဖက်ရည်ဖျော်နည်း ပြသခြင်းနှင့် ယူနန်အမျိုးသား ယဉ်ကျေးမှု အဆိုအက ပြသခြင်းကိုလည်း လက်တွေ့ရှိ၍ ပေါများကြွယ်ဝသော လှုပ်ရှားမှုနည်းလမ်းများသည် ထိုင်ဝမ်လူများနှင့် ကမ္ဘာ့နေရာအသီးသီးမှ ခရီးသည်များ နှစ်သက်ခံ၍ လူအယောက် (၂)သိန်းခန့်ကို ဆွဲဆောင်ပြီး ကြည့်ရှုသွား ခဲ့ပါသည်။

昆明信息港综合整理 记者获悉,第二届“七彩云南·相约台湾“文化交流活动将于2018年12月8日至2019年3月10日在台湾高雄市佛光山佛陀纪念馆、台湾中国文化大学等地举行。

据悉,第二届“七彩云南·相约台湾“文化交流活动以“弘扬中华文化,共贺新春佳节“为主题,活动期间,将开展云南旅游推介会、“妙香秘境”云南佛教艺术展、云南民族文化艺术节、第2届海峡两岸中华茶文化论坛暨云台交流茶会、云南书画摄影艺术展、云南特色美食文化节等丰富多彩的活动,传承中华文化,增进两岸情谊。

今年2月10日至3月18日,“七彩云南·相约台湾“文化交流活动首次在台湾佛光山佛陀纪念馆举办,期间共举办了88场次活动,其中,云南少数民族服装服饰展暨非遗文化展集中展示了云南各民族传统服装服饰特色,现场还有普洱茶品饮、茶道展演和云南民族文化歌舞表演,丰富的活动形式深受台湾民众和世界各地游客喜爱,吸引了约200万人次参观体验。

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်