၂၀၁၈ခုနှစ် လန်ချာမြစ်-မဲခေါင်မြစ် ပူပေါင်းဆောင်ရွက်ရေးပြပွဲကို နိုဝင်ဘာလ ၂၃ရက်နေ့မှ ၂၇ရကနေ့အထိ ကူမင်းမြို့၌ ကျင်းပမည်

2018-09-28 15:35|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) “မြစ်တစ်ကြာင်းထဲရေ အတူတူသောက်ကြ၊ ပူးပေါင်းဆောင်ရွက်၍ အတူတူ ဖွံ့ဖြိုးတိုးတက်ခြင်း” ခေါင်းစဉ်ဖြင့် ၂၀၁၈ခုနှစ် လန်ချာမြစ်-မဲခေါင်မြစ် ပူပေါင်းဆောင်ရွက်ရေးပြပွဲကို နိုဝင်ဘာလ ၂၃ရက်နေ့မှ ၂၇ရကနေ့အထိ ကူမင်း နိုင်ငံတကာ ပြသရေးစင်တာ၌ ကျင်းပမည်။

ဤအကြိမ်ပြပွဲ၏ ပြသရေး အကျယ်အဝန်းသည် စတုရန်းမီတာ(၅)သောင်း ရှိပြီး နိုင်ငံတကာ စံပြပြခန်းအခု(၂၅၀၀) ရှိ၍ လန်ချာမြစ်-မဲခေါင်မြစ် နိုင်ငံ(၅)နိုင်ငံ၊ တရုတ်ကုန်းတွင်းနှင့် တရုတ်ဟောင်ကောင်၊ မတ်ကောင်၊ ထိုင်ဝမ် လုပ်ငန်းများနှင့် ဂျပန်နှင့် တောင်ကိုးရီးယား၊ အာဖရိကတိုက်၊ ဥရောပတိုက် လုပ်ငန်းများကို ဖိတ်ခေါ်ပြီး ပါဝင်လာ၍ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး အနှစ်(၄၀)ပြည့် လန်ချာမြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်ရေး အောင်မြင်မှု ပြသခြင်း၊ လန်ချာမြစ်-မဲခေါင်မြစ် နိုင်ငံများ ပြသခြင်း၊ စွမ်းအင်သစ်နှင့် ထူးခြားသည့် ကုန်ပစ္စည်းများ၊ မဟော်ဂနီသစ်နှင့် သစ်လက်မှုအနုပညာ စသည့် ခေါင်းစဉ်များဖြင့် ပြတိုက်(၇)ခုကို စီစဉ်မည်။

ပြပွဲသည် တရုတ်-လာအို ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ၊ တရုတ်-ကမ္ဗောဒီးယား ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ၊ တရုတ်-ဗီယက်နမ် တစ်ဆင့်ရောင်းချရေး ကိုယ်စားလှယ်များ ဝယ်ယူပွဲ၊ ၂၀၁၈ခုနှစ် လန်ချာမြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်ရေး ဉာဏ်ကြီးရှင်များအဖွဲ့ အဖော်များ ဆွေးနွေးပွဲ၊ လန်ချာမြစ်-မဲခေါင်မြစ် စီးပွားရေးကောင်စီ ဒုတိယအကြိမ် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်း စည်းဝေးပွဲ စသည့် စည်းဝေးပွဲများကို စီစဉ်ပါသည်။ ထို့ပြင်၊ တတိယအကြိမ်မြောက် လန်ချာမြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်ရေး တျိန်ချီးဖိုရမ်ကို ၂၃ရက်နေ့မှ ၂၄ရက်နေ့အထိ ကျင်းပမည်။ အထူးသဖြင့်၊ လန်ချာမြစ်-မဲခေါင်မြစ် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းရှင်များ စည်းဝေးပွဲကို ၂၂ရက်နေ့မှ ၂၃ရက်နေ့အထိ ကူမင်းမြို့၌ ကျင်းပမည်။

昆明信息港讯 记者谭石艳 2018澜湄合作博览会将于11月23至27日在昆明国际会展中心举办。主题是:“同饮一江水,合作共发展。”

据了解,本届博览会展出面积达5万平方米,折合国际标准展位2500个,邀请澜湄五国、中国大陆及港澳台企业以及日韩、非洲、欧洲企业参展,设立改革开放40周年澜湄合作成果、澜湄国家展示、新能源及特色商品、红木与木艺等7个主题馆。

展会设立中老投资洽谈会、中柬投资洽谈会、中越经销商采购大会、2018澜湄合作智库伙伴对话会、澜湄商务理事会第2次筹备工作会议等专题会议。博览会期间,组委会还将在23日至24日举办第3届澜湄合作滇池论坛。值得注意的是,澜沧江—湄公河区域合作企业家大会也拟于11月22至23日在昆明召开。

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်