၁၄ကြိမ်မြောက် တရုတ်-ကူမင်း နိုင်ငံတကာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ပြပွဲ အောက်တိုဘာလ ၁၁ရက်နေ့ ကွင်းဖွင့်မည်

2018-09-26 08:57|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ၁၄ကြိမ်မြောက် တရုတ်-ကူမင်း နိုင်ငံတကာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ပြပွဲကို အောက်တိုဘာလ ၁၁ရက်နေ့မှ ၁၅ရက်နေ့အထိ ကျင်းပမည်။ အဓိက ကျင်းပရာနေရာသည် ပြတိုက်(၁၀)ခုကို စီစဉ်ပြီး အကျယ်အဝန်း စတုရန်းမီတာ(၁)သိန်း ရှိ၍ ခန့်မှန်းချက်အရ လုပ်ငန်းအခု(၂၈၀၀)ကျော်သည် ပါဝင်လာမည်။

“ညစ်ညမ်းမဲ့ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး၊ ချမ်းမြေ့သာယာသော နေထိုင်မှု” ခေါင်းစဉ်ဖြင့် ဤအကြိမ် ပြပွဲကို ကူမင်းမြို့ ပြည်သူ့အစိုးရ၊ ယူနန်ပြည်နယ် လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာန၊ ယူနန်ပြည်နယ် သစ်တောလုပ်ငန်း ဝန်ကြီးဌာန၊ ယူနန်ပြည်နယ် ကုန်သွယ်ရေး ဝန်ကြီးဌာနတို့သည် ဦးစီးကျင်းပပါသည်။ အဓိက ကျင်းပရာနေရာသည် ပြတိုက်(၁၀)ခု၊ ပြခန်းအခု(၄၀၀၀)ကျော်ကို စီစဉ်ပြီး အကျယ်အဝန်း စတုရန်းမီတာ(၁)သိန်း ရှိ၍ ခန့်မှန်းချက်အရ လုပ်ငန်းအခု(၂၈၀၀)ကျော်သည် ပါဝင်လာမည်။ ၎င်းအနက်၊ ပြတိုက်နံပါတ်(၃)သည် လယ်ယာစိုက်ပျိုးရေး ကုန်လုပ်အရင်းအနှီး ပြတိုက်၊ ပြတိုက်နံပါတ်(၄)သည် လယ်ယာစိုက်ပျိုးရေး သိပ္ပံနည်းပညာနှင့် အပန်းဖြေ လယ်ယာစိုက်ပျိုးရေး ပြတိုက်၊ ပြတိုက်နံပါတ်(၅)သည် အစားအစာ ပြတိုက်၊ ပြတိုက်နံပါတ်(၆)သည် ခွံမာသီးများ ပြတိုက်၊ ပြတိုက်နံပါတ်(၇)သည် “ညစ်ညမ်းမဲ့ အစိမ်းရောင် အစားအစာ” အမှတ်တံဆိပ် လယ်ယာစိုက်ပျိုးရေး ပြတိုက်၊ ပြတိုက်နံပါတ်(၈)သည် ယူနန်ကုန်းပြင်မြင့် ထူးခြားချက်ရှိ လယ်ယာစိုက်ပျိုးရေး ပြတိုက်၊ ပြတိုက်နံပါတ်(၉)သည် ကူမင်းမြို့ပြ ခေတ်မှီ လယ်ယာစိုက်ပျိုးရေး ပြတိုက်၊ ပြတိုက်နံပါတ်(၁၀)သည် လယ်ယာစိုက်ပျိုးရေး ယဉ်ကျေးမှုနှင့် ထွန်းယက်စိုက်ပျိုးလုပ်ကိုင်ခြင်း ယဉ်ကျေးမှု ပြတိုက်၊ ပြတိုက်နံပါတ်(၁၁)သည် နိုင်ငံတကာနှင့် ဟောင်ကောင် မတ်ကောက် ထိုင်ဝမ် ပြတိုက်၊ ပြတိုက်နံပါတ်(၁၂)သည် ပြည်တွင်း ညွှန့်ပေါင်းပြတိုက် ဖြစ်ပါသည်။ ထို့ပြင်၊ ပန်းများ ခင်းကျင်းပြသရောင်းချရေး သီးခြား ပြသရာနေရာခွဲကို ကူမင်းချမ်ကုန်ရပ်ကွက် တုပ်နန်ပန်းမန် ကုန်ထုတ်လုပ်ငန်းဇုန်၌ စီစဉ်၍ ဇီဝလယ်ယာစိုက်ပျိုးရေး ပြသရာနေရာခွဲကို ကူမင်းဆုံးမင်းခရိုင် ချမ်နုံ လယ်ယာစိုက်ပျိုးရေး ပြဇုန်၌ စီစဉ်မည်။

နိုင်ငံတကာနှင့် ဟောင်ကောင် မတ်ကောက် ထိုင်ဝမ် ပြတိုက်သည် ပြခန်း(၃၉၆)ခု စီစဉ်၍ ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ လာအို၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အာဖကန်နစ်စတန်၊ ပါကစ္စတန်၊ ကိုရီးယား၊ ရုရှား၊ အီဂျစ်၊ ပီရူး၊ သြစတြေးလျား၊ ပြင်သစ်၊ ချီလီ၊ စပိန်၊ အီတလီ၊ ဂါနာနှင့် ထိုင်ဝမ်နှင့် ဟောင်ကောင်ဒေသ (၂၁)ခုမှ ကုန်သည်များသည် ပါဝင်လာမည်။ ဇီဝဆေးပစ္စည်း၊ လက်မှုအနုပညာပစ္စည်း၊ လယ်ယာနှင့်ဘေးပန်း ထွက်ကုန်ပစ္စည်း၊ လယ်ယာ၊ သစ်တော၊ တိမွေး အချောကိုင် ထွက်ကုန်ပစ္စည်းများကို အဓိက ပြသ၍ စားနပ်ရိက္ခာနှင့် အဆီ၊ သစ်သီး၊ အစားအစာ၊ ကော်ဖီ၊ ပင်လယ်ထွက်ကုန်ပစ္စည်း၊ သစ်သားပစ္စည်း စသည်တို့ကို ပါဝင်ပါသည်။

ပြပွဲကျင်းပရာတွင် ကွင်းဖွင့်ပွဲ၊ ညစ်ညမ်းမဲ့ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်၊ ကူမင်း လယ်ယာစိုက်ပျိုးရေး အာမခံဖိုရမ်၊ တရုတ် သစ်ကျားသီးလုပ်ငန်း ဖိုရမ်၊ သြစတြေးလျားတိုက် ခွံမာသီး နိုင်ငံတကာဖိုရမ်၊ ကူမင်း ပန်းမန်လုပ်ငန်းဖိုရမ်၊ ကျေးရွာဖွံ့ဖြိုးစေ တင်ဆက်ပြသခြင်း လှုပ်ရှားမှုများ၊ အရည်အသွေး ကောင်းမွန်သော လယ်ယာ ထွက်ကုန်ပစ္စည်းများ အကဲဖြတ်ခြင်း၊ ဓာတ်ပုံရိုက်ပြိုင်ပွဲ စသည့် လှုပ်ရှားမှုများကို ကျင်းပမည်။

မြို့သူမြို့သားများသည် သတ်မှတ်ထားသော နေရာသို့ အဝင်လက်မှတ်ကို အခမဲ့ရယူ၍ ပြပွဲသို့ လည်ပတ်ကြည့်ရှု နိုင်မည်။

昆明信息港讯 记者孙红亮 实习记者斯孟娜 第十四届中国昆明国际农业博览会将于10月11日至15日在滇池国际会展中心举行。本届农博会主会场设10个展馆,展览面积10万平方米,计划参展企业2800余家。

本届农博会以“绿色发展、幸福生活”为主题,由昆明市人民政府、云南省农业厅、云南省林业厅、云南省商务厅主办。主会场设10个展馆,展览面积10万平方米,设4000多个展位,计划参展企业2800余家。其中,3号馆为农业生产资料馆、4号馆为农业科技及休闲农业馆、5号馆为食尚生活馆、6号馆为坚果馆、7号馆为“绿色食品”品牌农业馆、8号馆为云南高原特色农业馆、9号馆为昆明都市现代农业馆、10号馆为农业文明、农耕文化馆、11号馆为国际及港、澳、台馆、12号馆为国内综合馆。同时在昆明呈贡区斗南国际花卉产业园设花卉展销专业分会场,在昆明嵩明县“晨农农博园”设置生态农业种植实体展分会场。

国际及港、澳、台馆共设置396个展位,有来自泰国、越南、缅甸、老挝、马来西亚、印度尼西亚、菲律宾、阿富汗、巴基斯坦、韩国、俄罗斯、埃及、秘鲁、澳大利亚、法国、智利、西班牙、意大利、加纳以及台湾和香港地区的共计21个国家及地区展商参展。展示商品主要为生物制品、工艺品、农副产品、农畜林牧加工产品,包括粮油、水果、食品、咖啡、海产品、木制品等。

会展期间,将举行开幕活动、绿色发展论坛、昆明农业保险论坛、中国核桃产业论坛、澳洲坚果国际论坛、昆明花卉产业论坛、乡村振兴展演系列活动、优质农产品评选、摄影大赛等一系列活动。

本届展会通过多种手段,方便广大市民逛展。在门票设置方面,参会市民可到指定地点免费领取门票后入场。

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်