ယဉ်ကျေးမှု ခရီးသွားလာရေး နိုင်ငံတကာ ထိပ်သီးအစည်းအဝေးနှင့် ကမ္ဘာဟိုတယ်ဖိုရမ်ကို အောက်တိုဘာလ ကူမင်းမြို့၌ ကျင်းပမည်
2018-09-26 08:44|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ယဉ်ကျေးမှု ခရီးသွားလာရေး နိုင်ငံတကာ ထိပ်သီးအစည်းအဝေးနှင့် ၁၁ကြိမ်မြောက် ကမ္ဘာဟိုတယ်ဖိုရမ်ကို အောက်တိုဘာလ ၁၁ရက်နေ့မှ ၁၃ရက်နေ့အထိ ကူမင်းမြို့၌ ကျင်းပမည်။ နိုင်ငံနှင့် ဒေသအခု(၂၀) မှလာသော ဧည့်သည်တော် ကိုယ်စားလှယ် အယောက်(၅၀၀)ကျော်သည် ကူမင်းမြို့၌ စုစည်း၍ ဟိုတယ် ခရီးသွားလာရေးလုပ်ငန်း၏ သိပ္ပံနည်းပညာများ အဆန်းထွင် ဖွံ့ဖြိုးတိုးတက်ရေး၊ ဟိုတယ်နှင့် ယဉ်ကျေးမှု ခရီးသွားလာရေး စီမံကိန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် စီမံခန့်ခွဲရေးပြောင်းလဲမှု၊ ဟိုတယ်အိမ်ရာမြေနှင့် ယဉ်ကျေးမှု ခရီးသွားလာရေး စီမံကိန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု စသည့် လူအာရုံစိုက်များသော အကြောင်းအရာများကို ဆွေးနွေးဖလှယ်မည်။
ဤအကြိမ် “ထိပ်သီးအစည်းအဝေးနှင့် ဖိုရမ်”သည် ယဉ်ကျေးမှု ခရီးသွားလာရေး နိုင်ငံတကာ ထိပ်သီးအစည်းအဝေး ကွင်းဖွင့်ပွဲနှင့် ခေါင်းစဉ်ဖြင့် အစီရင်ခံပွဲ၊ ယဉ်ကျေးမှု ခရီးသွားလာရေး နိုင်ငံတကာ လုပ်ငန်းရှာများ အတူစံစားခြင်း စည်းဝေး၊ ယဉ်ကျေးမှု ခရီးသွားလာရေး နိုင်ငံတကာ ထိပ်သီးအစည်းအဝေးနှင့် နာမည်ကျော် လုပ်ငန်းရှင်များ ဟောပြောပွဲ၊ ကမ္ဘာဟိုတယ်ဖိုရမ် ဥက္ကဌများ ဆွေးနွေးပွဲ၊ ဒသမအကြိမ်မြောက် တိုက်ငါးခု စိန်ဆု ချီးမြှင့်ခြင်း အခမ်းအနား စသည့် အရေးကြီးသော သီးခြားစည်းဝေးပွဲနှင့် ခေါင်းစဉ်ဖြင့် လှုပ်ရှားမှုများကို ပါဝင်ပါသည်။ ၎င်းအနက်၊ ဒသမအကြိမ်မြောက် တိုက်ငါးခု စိန်ဆု ချီးမြှင့်ခြင်း အခမ်းအနားသည် ၂၀၁၈ခုနှစ် ဟိုတယ်နှင့် ခရီးသွားလာရေး ရင်းနှီးမြှုပ်နှံမှုနှင့် စီမံခန့်ခွဲခြင်း၊ ဟိုတယ်နှင့်ပတ်သက်သော လုပ်ငန်းများ၊ ဟိုတယ်နှင့် ယဉ်ကျေးမှု ခရီးသွားလာရေး ဒီဇိုင်းလုပ်ငန်းထဲမှ ထူချွန်လုပ်ငန်းနှင့် ထူးချွန်သူများအတွက် အကဲဖြတ်၍ ဟိုတယ်နှင့် ယဉ်ကျေးမှု ခရီးသွားလာရေးလုပ်ငန်းမှ “အော်စကာ”ဆုကို နောက်ထပ်ထုလုပ်ပြီး တင်ပြမည်။
“ထိပ်သီးအစည်းအဝေးနှင့် ဖိုရမ်”ကို ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့၊ နိုင်ငံတကာ ခရီးသွာလာရေးနှင့် ဟိုတယ်ညွန့်ပေါင်းအဖွဲ့၊ အမေရိကန် အာရှတိုက်အသင်းနှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့သည် ထောက်ခံပါသည်။
昆明信息港综合整理 10月11日至13日,文旅国际峰会暨第十一届世界酒店论坛将在昆明举行。届时,来自20多个国家和地区的500多名嘉宾代表将齐聚昆明,围绕酒店旅游业科技创新发展、酒店及文旅项目投资与管理变革、酒店地产和文旅项目投资与合作共赢等热点话题深层交流。
本届“峰会和论坛”将举行文旅国际峰会开幕式及主报告会、文旅国际企业家“私享会”、文旅国际峰会及著名企业家主题演讲、世界酒店论坛总裁对话会以及第十届五洲钻石奖颁奖盛典等重要专场会议和主题活动。其中,第十届五洲钻石奖颁奖盛典将对2018年度酒店及旅游投资管理、酒店配套企业,以及酒店和文旅设计行业的优秀企业和优秀个人进行综合客观评价,进一步打造和推出酒店及文旅行业的“奥斯卡”大奖。
“峰会和论坛”得到联合国世界旅游组织、国际旅游与酒店联合会、美国亚洲协会和云南省政府特别支持。
အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့