ဒုတိယအကြိမ် ယူနန်-ဟောင်ကောင်-မတ်ကောက်-ထိုင်ဝမ် လူငယ် လုပ်ငန်းဖွင့်လှစ်ခြင်းနှင့် ဆန်းသစ်တီထွင်မှုအပတ်ကို ကူမင်းမြို့၌ ကျင်းပ

2018-09-11 09:21|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ မြရွှေစင်) ဒုတိယအကြိမ် ယူနန်- ဟောင်ကောင်- မတ်ကောက်- ထိုင်ဝမ် လူငယ် လုပ်ငန်းဖွင့်လှစ်ခြင်းနှင့် ဆန်းသစ်တီထွင်မှုအပတ် လှုပ်ရှားမှုများကို စက်တင်ဘာလ ၇ရက်နေ့ ကူမင်းမြို့၌ စတင်ကျင်းပ ခဲ့ပါသည်။

ဤအကြိမ် လုပ်ငန်းဖွင့်လှစ်ခြင်းနှင့် ဆန်းသစ်တီထွင်မှုအပတ်သည် "တရုတ်အိပ်မက် အတူတူ ပေါင်းစပ်ခြင်း၊ လူငယ်များ ရောင်စုံယူနန်ကို ဖန်တီးခြင်း" ခေါင်းစဉ်ဖြင့် ၁၃ရက်နေ့အထိ ကူမင်းမြို့နှင့် ဝေစမ်း ကျွမ့်လူမျိုး မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ နှစ်နေရာ၌ ကျင်းပ၍ ယူနန်၊ ဟောင်ကောင်၊ မတ်ကောင်၊ ထိုင်ဝမ် (၄)နေရာမှ လူငယ် ကိုယ်စားလှယ် အယောက်(၁၀၀)ကျော်သည် ပါဝင်လာပါသည်။ ကူမင်းမြို့၌ ကျင်းပသည့် လှုပ်ရှားမှုများသည် ယူနန်- ဟောင်ကောင်- မတ်ကောက်- ထိုင်ဝမ် လူငယ်များ အောင်မြင်စွာ လုပ်ငန်းဖွင့်လှစ်ခြင်း ဝေမျှခံစားပွဲ၊ စတုတ္တအကြိမ် ယူနန်- ဟောင်ကောင်- မတ်ကောက်- ထိုင်ဝမ် လူငယ်များ စားပွဲဝိုင်းစည်းဝေးပွဲ၊ ကူမင်း၊ ဆီလင်၊ ထိုင်ဝမ် လယ်သမားများ လုပ်ငန်းဖွင့်လှစ်ခြင်း ဇုန်များကို လေ့လာခြင်း စသည်တို့ကို ပါဝင်ပါသည်။ လှုပ်ရှားမှုများ ဝေစမ်းပြည်နယ်ခွဲ၌ ကျင်းပရာတွင် ပါဝင်သူ ကိုယ်စားလှယ်များသည် ရှုဒိုဂျင်စင်း လုပ်ငန်းများကို ကြည့်ရှုလေ့လာပြီး ဒေသခံ လုပ်ငန်းရှင် ကိုယ်စားလှယ်များနှင့် နှီးနှောဆွေးနွေး ဖလှယ်၍ ချူးပီခရိုင် ပါးသောက်စောက် ယီလူမျိုးမြို့နယ်မှ သက်ကြီးဂေဟာသို့ လူထုကောင်းစားရေး လှုပ်ရှားမှုကို သွားရောက်ဆောင်ရွက်၍ ဖူဇယ်ဟေး ရှုခင်းရပ်ကွက်သို့ ကြည့်ရှုလေ့လာ ပါသည်။

ယူနန်- ဟောင်ကောင်- မတ်ကောက်- ထိုင်ဝမ် လူငယ်များ လုပ်ငန်းဖွင့်လှစ်ခြင်းနှင့် ဆန်းသစ်တီထွင်မှုအပတ်၏ ရည်ရွယ်ချက်သည် ယူနန်နှင့် ဟောင်ကောင်၊ မတ်ကောင်၊ ထိုင်ဝမ်း လေးနေရာ အချင်းချင်း ဆက်သွယ်ဖလှယ်သည့် ပြင်ညီစင်ကို တည်ခင်းခြင်း၊ လူငယ်များအကြား အချင်းချင်း နားလည်စေရန် အားဖြည့်ပေးခြင်း၊ လူငယ်များ လုပ်ငန်းဖွင့်လှစ်စေရန် တွန်းအားပေးခြင်း ဖြစ်ပါသည်။ ထို့ပြင်၊ ဝေမျှခံစားပွဲများ၊ စားပွဲဝိုင်း စည်းဝေးပွဲများ၊ နှီးနှောဆွေးနွေးပွဲများနှင့် လက်တွေ့လေ့လာခြင်း အားဖြင့် ယူနန်၊ ဟောင်ကောင်၊ မတ်ကောက်၊ ထိုင်ဝမ် လေးနေရာမှ လူငယ်များသည် ကိုယ့်အားသာမှုကို ထုတ်ဖော်ပြီး လုပ်ငန်းဖွင့်လှစ်ခြင်းနှင့် ဆန်းသစ်တီထွင်မှု နှင့်ပတ်သက်သော ပူးပေါင်းဆောင်ရွက် လာအောင် တွန်းအားပေးရန်အတွက် ကူညီ၍ ယူနန်၊ ဟောင်ကောင်၊ မတ်ကောက်၊ ထိုင်ဝမ် လေးနေရာသည် အတူတူ ဖွံ့ဖြိုးတိုးတက်လာစေရန် တွန်းအားပေး၍ လေးနေရာမှ လူငယ်များသည် ယူနန်ပြည်နယ်၌ လုပ်ငန်းဖွင့်လှစ်သည့် စိတ်အားထက်သန်မှုကို နှိုးဆော်ပြီး သူတို့သည် ယူနန်ပြည်နယ်၌ လုပ်ငန်းဖွင့်လှစ်ပြီး ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပါသည်။

昆明信息港综合整理 9月7日,第2届云港澳台青年双创周在昆明启动。

本次双创周主题为“共融中国梦 青创彩云南”,双创周活动在昆明市、文山壮族苗族自治州两地开展,将持续到13日,共有云南和香港、澳门、台湾4地的100余名青年代表参加。在昆明期间的活动包括云港澳台青年成功创业分享会、第4届云港澳台青年圆桌会议、考察昆明石林台湾农民创业园等。在文山期间,参会代表将参观考察三七产业,与当地企业家代表座谈交流,到丘北县八道哨彝族乡养老院开展公益活动,考察普者黑景区。

云港澳台青年双创周旨在搭建云南和香港、澳门、台湾4地沟通交流的平台,加强青年间相互了解,促进青年创业。同时,通过一系列分享会、圆桌会、座谈会及实地考察,帮助云港澳台4地青年发挥各自优势,加强创业创新合作,促进云港澳台4地共同发展,并激发4地青年扎根云南的创业热情,帮助他们在云南创业发展。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်