ခန်းပါးအနုပညာပွဲကို စက်တင်ဘာလ ၁၂ရက်နေ့ ယူနန်ပြည်နယ် တီချင့်ပြည်နယ်ခွဲ၌ ကျင်းပမည်
2018-09-11 16:12|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဒသမအကြိမ်မြောက် ခန်းပါးအနုပညာပွဲကို စက်တင်ဘာလ ၁၂ရက်နေ့မှ ၁၅ရက်နေ့အထိ တီချင့်ပြည်နယ်ခွဲ၌ ကျင်းပမည်။ ခန်းပါးအနုပညာပွဲတော်ကို ယူနန်၊ တိဗက်၊ စီချွမ်၊ ချင်းဟိုင်နှင့် နယ်နိမိတ်ချင်းဆက်စပ်သည့် ခန်းပါးတိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပြည်နယ်ခွဲ(မြို့) (၄)ခုသည် အလှည့်ကျ ကျင်းပလျက်ရှိသည်။ ၁၉၉၄ခုနှစ်တွင် ပထမအကြိမ် ကျင်းပ၍ ယူနန်၊ တိဗက်၊ စီချွမ်၊ ချင်းဟိုင် ပြည်နယ်(၄)ခုမှ ခန်းပါးတိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၏ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာများ စည်ပင်သာယာ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် လူမျိုးအမျိုးမျိုးသည် အတူတူ စည်းလုံး တိုးတက်လာခြင်းကို ပြသ၍ အနုပညာပွဲ လှုပ်ရှားမှုများအားဖြင့် ခန်းပါးတိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် လူမျိုးချင်း ဖလှယ်ခြင်း၊ ပေါင်းသင်းဆက်ဆံခြင်း၊ ရောနှောပေါင်းစပ်ခြင်းကို တိုးမြှင့်ပြီး နယ်နိမိတ်ချင်း ဆက်စပ်သည့် ပြည်နယ်ခွဲ(မြို့)မှ ယဉ်ကျေးမှု ခရီးသွားလာရေး အမှတ်တံဆိပ်၏ နာမည်ကျော်ခြင်းနှင့် ထိခိုက်မှုကို တိုးချဲ့၍ နယ်ပယ်တွင်း ခရီးသွားလာရေး စသည့် လုပ်ငန်းစီးပွားရေး၏ ဖွံ့ဖြိုးတိုးတက်ရေးကို အတူတူစွမ်းဆောင်ပေးရန် ရည်ရွယ်ချက်များ ရှိပါသည်။
အကြီးစား စာပေအနုပညာ ကပြဖျော်ဖြေပွဲ၊ ခန်းပါးတိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပြည်နယ်(မြို့) (၄)ခု၏ သီးခြား စာပေအနုပညာ ကပြဖျော်ဖြေပွဲ၊ ကုန်သည်ဖိတ်ခေါ်ပြီး ရင်းနှီးငွေသွင်းယူခြင်းနှင့် ထူးခြားသည့် ထွက်ကုန်ပစ္စည်းများ ခင်းကျင်းပြသရောင်းချပွဲ၊ ပထမအကြိမ်မြောက် ခန်းပါးတိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ “ကယ်စ်အလ်” မြားပစ်ခြင်း ယဉ်ကျေးမှုပွဲတော်၊ ပထမအကြိမ်မြောက် ရှန်ဂရီလာ “ဇင်ဝိုင်ရှန်” မိုးကာတဲ တေးဂီတပွဲတော်၊ ပထမအကြိမ်မြောက် ခန်းပါးတိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ယဉ်ကျေးမှု အနုပညာ အောင်မြင်ချက်ပြပွဲ စသည့် လှုပ်ရှားမှု(၉)ခုကို ကွင်းဖွင့်ပွဲတွင် ကျင်းပ၍ ခရီးသည်များအတွက် ကစားပြီး သွားရန် ကောင်းမွန်သော နေရာကို ပေးအပ်မည်။
အထူးသဖြင့်၊ ရှန်ဂရီလာ ထူးခြားသည့် ထွက်ကုန်ပစ္စည်းများ ခင်းကျင်းပြသရောင်းချပွဲကို စက်တင်ဘာလ ၁၂ရက်နေ့ တီချင့်ပြည်နယ်ခွဲ ရှန်ဂရီလာမြို့ Matsutake ဥယျာဉ်ခြံ၌ ကျင်းပမည်။ ခန်းပါးတိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ တစ်နိုင်ငံလုံးနှင့် ပြည်ပရေးရာ နှင့်ပတ်သက်သော လုပ်ငန်းများ အခု(၄၀၀)ခန့် ပါဝင်လာ၍ ထူးခြားသည့် ထွက်ကုန်ပစ္စည်းများ အမျိုး(၂)ထောင်ကျော်ကို ပြသမည် ခန့်မှန်းပါသည်။ တီချင့်ပြည်နယ်ခွဲသည် ဒသမအကြိမ်မြောက် ခန်းပါးအနုပညာပွဲတော် ခင်းကျင်းပြသ ရောင်းချပွဲကို လွန်ခဲ့သည့် ပွဲအကြိမ်ကြိမ်ထဲမှ အတိုင်းအတာ အကြီးဆုံး၊ အချိန်ကာလ အရှည်ဆုံး၊ ထွက်ကုန်ပစ္စည်းများ အကြွယ်ဝဆုံး၊ ထူးခြားချက် အထင်ရှားဆုံးသော ခင်းကျင်းပြသရောင်းချပွဲအဖြစ် ကျင်းပရန် အားထုတ်မည်။ ထို့ပြင်၊ ခန်းပါး တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ခရီးသွားလာရေး (ရှန်ဟိုင်း) မိတ်ဆက်ဖြန့်ချီပွဲကို နိုဝင်ဘာလ ကျင်းပ၍ တတိယအကြိမ်မြောက် ရှန်ဂရီလာ ဆောင်းရာသီ နိုင်ငံတကာ ငှက်ကြည့်ရှုခြင်းပွဲ စသည့် လှုပ်ရှားမှုများကို ဒီဇင်ဘာလ ကျင်းပမည်။
昆明信息港综合整理 9月12日至9月15日,第十届康巴艺术节将在迪庆举行。据悉,康巴艺术节由滇、藏、川、青毗邻的康巴藏区四州(市)轮流举办。1994年首次举办,旨在展示云南、西藏、四川、青海四省区康巴藏区的民族文化艺术繁荣发展,各民族共同团结进步,并通过艺术节活动,增进康巴藏区各民族交流、交往、交融,扩大毗邻州(市)文化旅游品牌的知名度和影响力,共同促进区域旅游等产业经济的发展。
记者了解到,开幕式上将有大型文艺表演、康巴藏区四州(市)专场文艺展演、招商引资与特色产品展销会、首届康巴藏区“格萨尔”射箭文化节、首届香格里拉“紫外线”帐篷音乐节、首届康巴藏区文化艺术成果展等9项活动,给游客提供好玩处、好去处。
最值得一提的是,9月12日香格里拉特色产品展销会将在迪庆香格里拉市松茸园区举行。本次展销会预计有来自康巴藏区、全国各地以及部分涉外的参展企业近400家,展示展销2000多个特色产品。迪庆将致力于把第十届康巴艺术节展销会办成历届康巴艺术节上“规模最大”“时间最长”“产品最丰富”“特色最突出”的展销会。除此之外,11月还将举办康巴藏区旅游(上海)推介会,12月举办第三届香格里拉冬季国际观鸟节等系列活动。
အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့




