ကူမင်းမြို့ အခြေစိုက် ဗီယက်နမ် ကောင်စစ်ဝန်ရုံးသည် နိုင်ငံတော်နေ့ ဧည့်ခံပွဲကို ကူမင်းမြို့၌ ကျင်းပခဲ့

2018-08-30 09:24|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ မြရွှေစင်) ကူမင်းမြို့ အခြေစိုက် ဗီယက်နမ် ကောင်စစ်ဝန်ရုံးသည် ဧည့်ခံပွဲကို သြဂုတ်လ ၃၀ရက်နေ့တွင် ကူမင်းမြို့ ကျင်းပ ဗီယက်နမ် ဆိုရှယ်လစ် သမတနိုင်ငံ ထူထောင်ခြင်း (၇၃)နှစ်ပြည့်ကို ထောပနာပြု ခဲ့ပါသည်။

ကူမင်းမြို့ အခြေစိုက် ဗီယက်နမ် ကောင်စစ်ဝန်ချုပ် စူးကော်ကျွင့်သည် ဗီယက်နမ်နှင့် တရုတ် ချစ်ကြည်ရေးသည် ရှည်ဝေးသော ရှေးပဝေသဏီခေတ် မှစ တည်ရှိပြီး နှစ်ဦးနှစ်ဘက် ခေါင်းဆောင်များသည် ယခုနှစ်များတွင် ကြိမ်ပေါင်းများစွာ အပြန်အလှန် လည်ပတ်တွေ့ဆုံ ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး အဖော်ဆက်ဆံရေးကို အားကောင်းပြီး တိုးတက်လာစေ ဗီယက်နမ်နှင့် ယူနန်ပြည်နယ်၏ ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသည် အောင်မြင်မှု ရရှိပြီး နှစ်နိုင်ငံ ချစ်ကြည်သည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အတွက် တက်ကြွသော အကျိုးဆောင်မှုကို ဆောင်ရွက်ကြောင်း။ ၂၀၁၈ခုနှစ်သည် ဗီယက်နမ်နှင့် တရုတ် ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး အဖော် ဆက်ဆံရေးကို ထူထောင်ခြင်း (၁၀)နှစ်ပြည့် ဖြစ် ဗီယက်နမ်၊ တရုတ် ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး အဖော် ဆက်ဆံရေးသည် အဆက်မပြတ် ကျန်းကျန်းမာမာ တည်တည်ငြိမ်ငြိမ် တိုးတက်လာ ဗီယက်နမ်နှင့် ယူနန်ပြည်နယ်၏ ပူးပေါင်းဆောင်ရွက်ရေးသည် ပိုမိုကျယ်ပြန့်နက်ရှိုင်း တိုးတက်လာနိုင်ပြီး နှစ်နိုင်ငံ ပြည်သူပြည်သားများ အတွက် တကယ့်အကျိုးကို ပါလာနိုင်ပါသည် မျှော်လင့်ပါကြောင်း အမှာစကား ပြောခဲ့ပါသည်။

ယူနန် ပြည်နယ်အဆင့် သက်ဆိုင်သောဌာန၊ ကောလိပ်နှင့် သိပံကျောင်း၊ နိုင်ငံတော်ပိုင် လုပ်ငန်း နှင့်ပတ်သက်သော တာဝန်ခံ၊ ကူမင်းမြို့ ဗီယက်နမ် ပညာတော်သင်၊ ပြင်လယ်ရပ်ခြား တိုင်းတပါး နိုင်ငံတွင် မှီတင်းနေထိုင်သူ များသည် ဧည့်ခံပွဲကို ပါဝင် တက်ရောက် ခဲ့ပါသည်။

昆明信息港综合整理 8月30日,越南驻昆明总领事馆在昆明举办招待会,庆祝越南社会主义共和国成立73周年。

越南驻昆明总领事苏国俊在致辞中说,越南与中国友谊源远流长,近年来双方高层互访频繁,全面战略合作伙伴关系得到加强和发展,越南与云南的交流合作也取得了令人鼓舞的成绩,为两国友好交往与合作作出了积极贡献。2018年是越中建立全面战略合作伙伴关系10周年,希望越中全面战略合作伙伴关系持续健康稳定发展,越南与云南的合作在广度和深度上有所发展,为两国人民带来实实在在的利益。

云南省省级有关部门、大专院校、国有企业相关负责人,越南在昆留学生、侨民代表出席招待会。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်