ယူနန် ပထမအကြိမ် လမုန့်ယဉ်ကျေးမှုပွဲတော်ကို သြဂုတ်လ ၃၀ရက်နေ့မှ စတင်ကျင်းပ
2018-08-21 18:13|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ယူနန် ပထမအကြိမ် လမုန့်ယဉ်ကျေးမှုပွဲတော်ကို သြဂုတ်လ ၃၀ရက်နေ့မှ စက်တင်ဘာလ ၂၄ရက်နေ့အထိ ပြည်နယ်တစ်ခုလုံး၌ ကျင်းပမည်၊ ထိုအခါရောက်လျှင် စားခြင်း၊ ကစားခြင်း၊ လည်ပတ်ခြင်း၊ ဝယ်ယူခြင်း၊ ကစားပျော်ရွှင်ခြင်းကို ပါဝင်သော လမုန့်ပွဲ အခမ်းအနားကို ကျင်းပ၍ စားသုံးသူများသည် အရည်အသွေးကောင်းမွန်သော လမုန့်များကို ဝယ်နိုင်ရုံသာမက မိုများသော အရည်အသွေးကောင်းမွန်သည့် ထူးခြားချက်ရှိ လယ်ထွက်ကုန်ပစ္စည်း များကို စားသုံးနိုင်မည်။
ဤအကြိမ်ပွဲတွင် ပြည်နယ်တစ်ခုလုံးထဲမှ အရည်အသွေး အကာင်းဆုံးသော အမှတ်တံဆိပ် လမုန့်ကုန်သည်များ၊ ယူနန်ပြည်နယ် ပြည်နယ်ခွဲ၊ ခရိုင် (၁၂၉)ခုမှ ကိုယ်စားလှယ် အပြုနိုင်ဆုံးသော ထူးခြားချက်ရှိ ထွက်ကုန်ပစ္စည်းများ၊ ယူနန်မိုးဆန်းပန်းများ၊ လတ်ဆတ်သော သစ်သီးဝလံများ၊ အရှေ့တောင်အာရှမှ သွင်းယူလာသော အစားအစာများ၊ ယဉ်ကျေးမှု အဆန်းထွင်ခြင်း ထွက်ကုန်ပစ္စည်းများနှင့် အနုပညာ တင်ဆက်ပြသခြင်း ဖြစ်သည့် အစိတ်အပိုင်း (၆)ခု ရှိမည်။
အဓိက ကျင်းပရာနေရာသည် ကုန်သွယ်ရေးကွင်းပြင်ကြီး (၁၀)ခု၌ တည်ရှိ၍ ကူမင်းတစ်မြို့လုံးကို ဖုံးလွှမ်းထားပါသည်။ ၎င်းအနက်၊ ရွှေတင်ကုန်တိုက်ကြီး၊ ချမ်ကုန်လုံတုပ်ရီးဟောက်၊ ဝေဟွခွန်းကျန်း၊ ကျာဇေ့ချမ်စေ၊ ဝမ့်သာကွင်းပြင်၊ တစမ်းဟွေ့၊ ဟယ်ရှယ်စစ်ကျီ စသည်တို့ကို ပါဝင်ပါသည်။ ထို့ပြင်၊ ရှီလင်၊ ယီလျံ၊ ကူးရမ်၊ ဟိုင်ခုတ်၊ ကူကမ်း၊ အန်းနင်၊ ဖုမင်၊ ဝူတင့်၊ လူချွမ့်၊ စုံးမင်၊ ရွှင်တျန့်၊ တုန်းချွမ်း စသော ကူမင်းမြို့ဘေးနားမှ နယ်မြေနှင့် ခရိုင်များတွင် တည်ရှိသော နေရာခွဲ (၂၀)ခုလည်း ရှိပါသည်။
ပွဲကျင်းပရာတွင် အဓိက ကျင်းပရာနေရာ အသီးသီးသည် ချစ်စိတ်လှုပ်ရှားမှုကို ကျင်းပ၍ အားလုံးသည် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ဆင်းရဲသူဆင်းရဲသားများ အတွက် နွေးထွေးသော ပွဲတော်ဆုတောင်းခြင်းကို ပေးရန် နှိုးဆော်မည်။ လမုန့်ပွဲတော် ယဉ်ကျေးမှု အဓိကထားသော လက်တွေ့ ကစားပျော်ရွှင်လှုပ်ရှားမှု များကိုလည်း ကျင်းပ၍ နယ်ခံ နာမည်ကျော်သော အစီအစဉ်မှူးသည် မြို့သူမြို့သားများနှင့် အပြန်အလှန် လှုပ်ရှားမှု ဆောင်ရွက်ပြီး ကောင်းကျိုးပေးပြီး ဆုတောင်းစကား ပြောပေးမည်။
ဤအကြိမ်ပွဲသည် ကူမင်းမြို့တွင်းနှင့် ဘေးနားမှ လမုန့်ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း ကုန်သည်များအတွက် ပွင့်လင်းမြင်သာသည့် ပြသရေးပြင်ညီစင်ကို ပေးအပ်သည့် အပြင် တခြားထူးခြားသော ကုန်ပစ္စည်းများသည် ထူးခြားချက်ကို အပြည့်အစုံပြသပြီး ပြည်နယ်တွင်း ပြည်နယ်ပ စားသုံးသူများသည် ပိုမိုစံကိုက်သော နည်းလမ်းဖြင့် ယူနန်ထွက် အရည်အသွေး ကောင်းသော ကုန်ပစ္စည်းများကို ဝယ်ယူပြီး လှုပ်ရှားမှုများကို ပါဝင် ခြင်းအားဖြင့် ယူနန် ကျေးလက်ယဉ်ကျေးမှု တင်ပြဆက်ခံခြင်းကို သိရှိနားလည်ရန် ရည်ရွယ်ပါသည်။
昆明信息港讯 记者上官艳君 记者获悉,云南首届中秋月饼文化节将于8月30日至9月24日在全省开展,届时,将开启一场吃、玩、游、购、娱的中秋盛宴,消费者不仅可以买到优质放心的品牌月饼,还能享受到更多优质放心的农副特产。
据介绍,本次“中国云南首届中秋月饼文化节”将汇聚全省最优质的品牌月饼商家、云南129州县最具代表性的特色产品、云南鲜花、四季鲜果、东南亚进口食品、文创产品及文化演艺专区六大板块。
主会场为10大商业广场,覆盖全昆明。其中,东边有瑞鼎城购物公园、呈贡龙斗壹号,西边有文化空间、假日城市,南边有南亚风情第一城、万达广场、大商汇,北边有北站奥斯迪广场、和谐世纪。另外,还有昆明周边区县石林、宜良、昆阳、海口、昆钢、安宁、富民、武定、禄劝、嵩明、寻甸、东川等20大分会场联动。
期间,各个主会场将举办关注社会弱势群体的爱心活动,倡导大家为老人、残疾人、贫困人群送上温暖的节日祝福。还有中秋文化为主的现场娱乐活动,并由本地知名的主持人到场和市民互动,为大家发福利、送祝福。
此次活动旨在为昆明市市内及周边月饼生产、销售商家提供透明展示平台,同时,让其他特色产品也可以充分地将自己的亮点展现,让省内外的消费者通过更规范的渠道购买到云南的质优特产,通过参与活动了解云南民间文化的传承。
အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့