ထိန်ချုံး ကျန်းတုံးဂျင်ဂိုကျေးရွာသည် “တရုတ်နိုင်ငံ လှပသည့် အပန်းဖြေကျေးရွာ” ဂုဏ်ထူးဘွဲ့ထူးကို ရရှိ

2018-06-20 17:01|ရောင်စုံတိမ်တံတား

1

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ၂၀၁၇ခုနှစ် “တရုတ်နိုင်ငံ လှပသည့် အပန်းဖြေကျေးရွာ” နာမည်စာရင်းကို အခုတလော ထုတ်ပြန်ကြေညာ ခဲ့ပါသည်၊ ထိန်ချုံးမြို့ ကုတုံးမြို့နယ် ကျန်းတုံး ဂျင်ဂိုကျေးရွာသည် ယူနန်ပြည်နယ်တွင် ဤဂုဏ်ထူးဘွဲ့ထူးကို ရရှိသည့် နေရာလေးခုထဲမှ တစ်ခု ကံကောင်း ဖြစ်လာပါသည်။

ဂျင်ဂိုကျေးရွာသည် ထိန်ချုံးမြို့ အမြောက်ပိုင်း ကုတုံးမြို့နယ် ကျန်းတုံးကွန်မြူနီတီ၌ တည်ရှိနေပြီး ထိန်ချုံးမြို့တွင်းရပ်ကွက်နှင့် (၃၅)ကီလိုမီတာ ကွာဝေး၍ နယ်မြေ အကျယ်အဝန်းသည် (၃၅.၄၂) စတုရန်းကီလိုမီတာ ရှိပါသည်။ သဘာဝ ဂျင်ဂိုသစ်တော အမို(၁)သောင်းကျော်၊ အပင်(၃)သောင်းကျော် ရှိပါသည်။ ၎င်းအနက်၊ အသက်အရွယ် အနှစ်(၁)ထောင် ကျော်လွန်သည့် ဂျင်ဂို (၁၀)ပင်ကျော်၊ အနှစ်(၅)ရာထက် အပြင်(၄)ရာကျော်၊ အနှစ်(၄)ရာထက် အပင်(၇၄၀)ကျော်၊ အနှစ်(၂)ရာမှ (၃)ရာအထိ အပင်(၁)ထောင်ကျော် ရှိပါသည်။

ဂျင်ဂိုကျေးရွာသည် တစ်နှစ်လျှင် ခရီးသည် အယောက်(၃)သိန်းခန့်ကို ဧည့်ခံ၍ စုစုပေါင်း ခရီးသွားလာရေးဝင်ငွေ အယွမ်(၄၀)သန်း ရရှိခဲ့ပါသည်။ တစ်ပြည်လုံး ဇီဝထိန်းသိမ်းရေး ယဉ်ကျေးမှုကျေးရွာ၊ တစ်ပြည်လုံး ဆွဲဆောင်ချက် အကြီးဆုံးသည့် ကျေးရွာ၊ တစ်ပြည်လုံး အပန်းဖြေ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် ကျေးရွာ ခရီးသွားလာရေး စံပြဒေသ၊ တစ်ပြည်လုံး ကျေးရွာ ခရီးသွားလာရေး စံပြဒေသ၊ ယူနန်ပြည်နယ်တွင် ဆွဲဆောင်ချက် အကြီးဆုံးသည့် ကျေးရွာအခု(၃၀)၊ ယူနန်ပြည်နယ်တွင် ခရီးသွားလာရေး ထူးခြားချက်ရှိ ကျေးရွာ စသည့် ဂုဏ်ထူးဘွဲ့ထူးများကို ရရှိခဲ့ဖူးပါသည်။

1

昆明信息港综合整理 日前,2017年“中国美丽休闲乡村”名单公布,腾冲市固东江东银杏村有幸成为云南省获此称号的四个之一。

银杏村位于腾冲市北部,位于固东镇江东社区,距腾冲市区35公里,国土面积35.42平方公里。银杏村拥有天然连片的银杏林1万余亩3万余株。其中,树龄1000年以上的10余株,500年以上的400余株,400年以上的740余株,200到300年的1000余株。

据悉,银杏村年接待游客30万人次,实现旅游总收入4000万元。曾获全国生态文化村、全国最有魅力休闲乡村、全国休闲农业与乡村旅游示范点、全国乡村旅游典范、云南30佳最具魅力村寨、云南省旅游特色村等荣誉称号。

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်