ကောက်ညှင်းထုပ်ထုပ်ခြင်း၊ ဆေးဒန်းနီလိမ်းခြင်း၊ ကျေးလက်လူထု ထူးချွန်သည့် ရိုးရာယဉ်ကျေးမှု ပြပွဲကို ကူမင်းမြို့၌ ကျင်းပ
2018-06-13 15:10|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) “ပန်းမြို့တော် ကောက်ညှင်းထုပ်မွှေး၊ ကောက်ညှင်းထုပ်ပွဲတော် အခြေအနေများ” နှင့် ကျေးလက်လူထု ထူးချွန်သည့် ရိုးရာယဉ်ကျေးမှု ပြသခံစားပွဲကို ဇွန်လ ၁၀ရက်နေ့တွင် ယူနန်ကုန်းတပ် စစ်ပညာ သင်ကြားပို့ချကျောင်း၌ ကျင်းပခဲ့ပါသည်။ “အဝတ်အစား၊ အစားအသောက်၊ တေးဂီတ၊ ပြသရေး၊ တင်ဆက်ပြသခြင်း” အကြောင်းအရာ (၅)မျိုးနှင့် သက်ဆိုင်ရာ ကြွယ်ဝပေါများသော ဥယျာဉ်ပျော်ပွဲဝင်နွှဲခြင်း လှုပ်ရှားမှုများကို လက်တွေ့ ကျင်းပပါသည်၊ မိဘနှင့် ကလေးများသည် ကောက်ညှင်းထုပ်ထုပ်ခြင်း၊ အိတ်မွှေးတပ်ခြင်းကို ခံစားနိုင် ရုံသာမက သိမ်မွေ့နက်နဲသော ယဉ်ကျေးမှု အမွေအနှစ် သင်ပြဆက်ခံသူများသည် လက်တွေ့ တင်ဆက်ပြသသော သိမ်မွေ့နက်နဲသော ယဉ်ကျေးမှု အမွေအနှစ် ရိုးရာလက်မှုအနုပညာကိုလည်း ကြည့်နိုင်ပါသည်။
လှုပ်ရှားမှု ကျင်းပရာတွင် ကလေးအယောက် (၁)ရာကျော်သည် မိမိပြုလုပ်သည့် ရိုးရာ အဝတ်အစုံ ဝတ်၍ အနှစ်သာရနှင့် ပြည့်စုံသည့် အက၊ ရွတ်ဆိုခြင်း စသည့် အနုပညာ တင်ဆက်ပြသရေးကို ပြုလုပ်ပါသည်။ ပြည်သူလူထု ဓလေ့ထုံးစံ အနုပညာ ခံစားပြသရေး နေရာ၌ မြို့သူမြို့သားများသည် ကောက်ညှင်းထုပ်ထုပ်ခြင်း၊ ဆေးဒန်းနီလိမ်းခြင်း၊ ဒေါနပင်ချိတ်ဆွဲခြင်း စသော ကောက်ညှင်းထုပ်ပွဲတော်၏ ရိုးရာ ဓလေ့ထုံးစံကို ခံစားသည့်အပြင် တရုတ်လက်ရေးလက်သား၊ ပန်းချီပညာ၊ ကျေးလက်တေးဂီတ စသော ရိုးရာအနုပညာ၏ ဆွဲဆောင်ချက်ကိုလည်း ခံစား နိုင်ပါသည်။
ကျေးလက် အနုပညာရှင် (၁၀)ယောက်ကျော်သည် သကြားလူဆွဲခြင်း၊ မှုန့်လူဆုပ်ကိုင်ခြင်း၊ ဆေးဒန်းနီလိမ်းခြင်း၊ တရုတ်ရိုးရာအထုံး၊ အိတ်မွှေးချုပ်ခြင်း၊ မြေထည်အနုပညာ၊ ကတ်ကျေးညှပ်စက္ကူပုံ၊ ရုပ်ပြဇာတ်လမ်း၊ ရှေးဟောင်းတူရိယာ စသော ကြွယ်ဝပေါများသည့် ရိုးရာ အနုပညာပြသရေးကို လက်တွေ့ ပြုလုပ်ပါသည်။
ဤလှုပ်ရှားမှု၏ ရည်ရွယ်ချက်သည် ရိုးရာယဉ်ကျးမှုကို ဖြစ်ထွန်းအောင် ဆောင်ရွက်ရန်၊ ကျေးလက် ထူးချွန်သော ရိုးရာ လက်မှုအနုပညာကို သင်ပြဆက်ခံရန်၊ လူငယ်ကလေးသည် တရုတ်ထူးချွန်သော ရိုးရာယဉ်ကျေးမှုအတွက် သိရှိနားလည်မှုနှင့် ခံစားသင်ကြားအောင် တွန်းအားပေးရန်၊ လူငယ်လူရွယ်သည် သိမ်မွေ့နက်နဲသော ယဉ်ကျေးမှု အမွေအနှစ်၊ ကျေးလက် လက်မှုအနုပညာ၊ ပန်းချီပညာနှင့် ရိုးရာယဉ်ကျေးမှုကို ပိုမိုသိရှိနားလည်စေ၍ ရိုးရာပွဲတော်၏ အခြေအနေမျိုးကို တိုးတက်ပြီး ယဉ်ကျေးမှုဘဝကို ကြွယ်ဝဖြစ်လာစေပြီး မြို့ပြ၏ ယဉ်ကျေးမှု အရည်အချင်းကို တိုးမြှင့်ရန် ဖြစ်ပါသည်။
昆明信息港讯 记者上官艳君 6月10日,“花都粽香 浓情端午”暨民间优秀传统文化展演体验活动在云南陆军讲武堂举办。现场围绕“衣、食、乐、展、演”五大元素展开丰富多彩的游园活动,家长和孩子们不仅可以体验包粽子、佩香囊,还可以看到非遗传承人现场表演的非遗传统手工艺。
活动现场,100余名儿童身穿自己亲手制作的传统植物扎染服饰,进行了精彩的舞蹈、朗诵等文艺表演。在民俗艺术体验展览区域,市民在体验包粽子、佩香囊、挂艾草等端午习俗的同时,还能感受中华书法、绘画、民乐等传统艺术的魅力。
现场还有10余位民间艺术家带来的画糖人、捏面人、点雄黄、中国结、缝香包、陶艺、剪纸、连环画、古代乐器等丰富多彩的传统艺术展演。
活动意在弘扬传统文化,传承民间优秀传统技艺,促进少年儿童对中华优秀传统文化的了解和体验学习,让广大青少年对非物质文化遗产、民间工艺美术乃至传统文化有更深层次的认识,增强传统节庆氛围,丰富文化生活,提升城市文明程度。
အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့










