ပထမအကြိမ် တရုတ်နိုင်ငံတကာ လက်ဖက်အကပြိုင်ပွဲကို ပါဝင်လျှင် နာမည်စာရင်း ပေးသွင်းနိုင်
2018-04-09 17:12|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ပထမအကြိမ် တရုတ်နိုင်ငံတကာ လက်ဖက်အကပြိုင်ပွဲ၏ နာမည်စာရင်း ပေးသွင်းခြင်း လုပ်ငန်းကို စတင်ဆောင်ရွက်ပါပြီ၊ ဇွန်လ ၁၂ရက်နေ့အထိ ဖြစ်ပါသည်။ လက်ဖက်အနုပညာပါရဂူ၊ လက်ဖက်ယဉ်ကျေးမှု နှစ်သက်သူ၊ အနုပညာလုပ်ဆောင်သူ၊ အနုပညာစွမ်းရည်ရှိသူ စလုံးသည် ပြိုင်ပွဲကို ပါဝင်နိုင်ပါသည်။ နာမည်စာရင်းပေးသွင်း ပြီးနောက် ပဏာမပြိုင်ပွဲ၊ ထပ်ဆင့်ပြိုင်ပွဲတို့ကို ကျင်းပ၍ ဖိုင်နယ်ပွဲကို ဤနှစ်သြဂုတ်လတွင် ယူနန်ပြည်နယ်၌ ကျင်းပမည်။
လက်ဖက်အကပြိုင်ပွဲသည် အကဖြစ်သော နည်းလမ်းဖြင့် တရုတ်နိုင်ငံ လက်ဖက်ယဉ်ကျေးမှု ထဲမှ လက်ဖက်ရွက်၊ လက်ဖက်အနုပညာ၊ လက်ဖက်ဝတ်စုံ စသည့်တို့ကို ပြသ၍ အနုပညာဖြစ်သော ရှုထောင့်မှ လက်ဖက်၏အလှကို ဖွင့်ဆိုပါသည်။ ဤအကြိမ်ပြိုင်ပွဲသည် ပြိုင်ပွဲဝင်များ၏ လက်ဖက်ရည်ဖျော်သော တတ်ကျွမ်းမှု၊ အကစွမ်းရည်အခြေခံ၊ လက်ဖက်နှင့်ပတ်သက်သော အထူးပညာ၊ ဇာတ်ခုံပေါ်မှ ပြသခြင်းနှင့် စကားဖော်ပြရန်စွမ်းရည် စသည့်တို့ကို ဆန်းစစ်အကဲဖြတ်မည်။
ဖိုင်နယ်ပွဲသို့ ဝင်ရောက်သော ပြိုင်ပွဲဝင်စလုံးသည် တန်းဖိုး အယွမ်(၉.၈)ထောင်ရှိသော လက်ဖက်ရွက် အလှဗေဒသင်တန်းကို အခမဲ့ရရှိနိုင်မည်။ ချန်ပီယံသည် နောက်အကြိမ် တရုတ်နိုင်ငံတကာ လက်ဖက်အကပြိုင်ပွဲကို ကြော်ငြာပေးသူ ဖြစ်လာ၍ လက်ဖက်နှင့် သက်ဆိုင်သော လှုပ်ရှားမှုများ၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ဖြန့်ချီရေးလှုပ်ရှားမှု စသည်တို့ကို ပါဝင်ရန် ထောင့်ခံအကြံပေးသည့် ဦးစားပေးသော အခွင့်အလမ်းများကို ခံစားနိုင်မည်။
အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့


