ဝေစမ်းပြည်နယ်ခွဲ ထူထောင်ခြင်း (၆၀)နှစ်ပတ်လည် ထောပနာပြု အခမ်းအနားကို မတ်လ ၃၁ရက်နေ့တွင် ကျင်းပ
2018-03-29 11:13|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဝေစမ်းပြည်နယ်ခွဲသည် ထူထောင်ခြင်း (၆၀)နှစ်ပတ်လည် ထောပနာပြုရန် လှုပ်ရှားမှု အမျိုးမျိုးကို မတ်လ ၃၀ရက်နေ့မှ ဧပြီလ ၂ရက်နေ့အထိ ကျင်းပမည်၊ ခရီးသည်များသည် ဤအခွင့်ဖြင့် ဝေစမ်းပြည်နယ်ခွဲသို့ လာရောက်၍ အမျိုးသား လူမှုရိုးရာဓလေ့ထုံးစံနှင့် သဘာဝအခြေအနေများကို ကြည့်ရှုပြီး သဘာဝရှုခင်းများကို လည်ပတ်ကြည့်ရှုပြီး ဝေစမ်းကို အထွေထွေ နားလည်သိရှိနိုင်မည်။
ဝေစမ်းပြည်နယ်ခွဲသည် ထူထောင်ခြင်း (၆၀)နှစ်ပတ်လည် ကုန်သွယ်ရေးပြပွဲနှင့် ၂၀၁၈ခုနှစ် (၁၄)ကြိမ်မြောက် တရုတ်ဗီယက်နမ်(ဝေစမ်း) နိုင်ငံတကာ ကုန်သွယ်ရေး ခရီးသွားလာရေး ကုန်စည်ပြပွဲ၊ ဝေစမ်းပြည်နယ်ခွဲ ရင်းနှီးမြှုပ်နှံငွေ သိမ်းသွင်းခြင်းနှင့် ခရီးသွားလုပ်ငန်း မိတ်ဆက်ဖြန့်ချီပွဲတို့ကို မတ်လ ၃၁ရက်နေ့တွင် ကျင်းပမည်။ ဝေစမ်းပြည်နယ်ခွဲ ထူထောင်ခြင်း (၆၀)နှစ်ပတ်လည် ထောပနာပြု အစည်းအဝေး၊ ဝေစမ်းပြည်နယ်ခွဲ (၆၀)နှစ်ပတ်လည်အတွင်း ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှု ဖော်ပြပွဲ တို့ကို ဧပြီလ ၁ရက်နေ့တွင် ကျင်းပမည်။
ပြည်နယ်ခွဲထူထောင်ခြင်း (၆၀)နှစ်ပတ်လည် ထောပနာပြုခြင်းကို ဆောင်ရွက်ရာတွင် ဝေစမ်းပြည်နယ်ခွဲသည် စာပေအနုပညာ တင်ဆက်ပြသပွဲများကို ကျင်းပပြီး လူတွေသည် အမျိုးသား လူမှုရိုးရာဓလေ့ထုံးစံနှင့် သဘာဝအခြေအနေများကို အပြည့်အဝ ကြည့်ရှုစေမည်။ ဧည့်သည်ကြိုဆိုရန် အဆိုအကညပွဲကို မတ်လ ၃၁ရက်နေ့တွင် ကျင်းပမည်။ “ခေတ်သစ်၊ ဝေစမ်းသစ်” အကြီးစား စာပေအနုပညာ တင်ဆက်ပြသပွဲကို ဧပြီလ ၁ရက်နေ့ မနက်ပိုင်းတွင် ကျင်းပမည်။ နိုင်ငံတော် အမျိုးသား ကော်မတီသည် စည်းရုံးသော ဝေစမ်းသို့ ဝင်ရောက်ခြင်း လှုပ်ရှားမှု၏ စတင်ဖွင့်လှစ်ခြင်း အခမ်းအနားကို ဧပြီလ ၁ရက်နေ့ညတွင် ကျင်းပပြီးနောက် မီးပုံညပွဲကို ဖန်လုံအားကစားကွင်းပြင်၊ ဟွာလုံကန်တို့၌ ကျင်းပမည်။
ပြည်နယ်ခွဲထူထောင်ခြင်း (၆၀)နှစ်ပတ်လည် ထောပနာပြုရန် ဝေစမ်းပြည်နယ်ခွဲသည် ကိုယ်ပိုင် ကားမောင်းပြီး ခရီးသွားလာရေး လှုပ်ရှားမှုများကိုလည်း ကျင်းပခဲ့ပါသည်။ မတ်လ ၃၀ရက်နေ့မှ မေလ ၃၀ရက်နေ့အထိ၊ ဝေစမ်းသို့ ကိုယ်ပိုင် ကားမောင်းပြီး ခရီးသွားလာလျှင် ကားတစ်စီးသည် ထောက်ပံ့ကြေး အယွမ်(၃၀၀) ရနိုင်မည်။ ဆန္ဒရှိသူသည် ယူနန် ကိုယ်ပိုင်ကားမောင်းပြီး ခရီးသွားလာရေး မဟာမိတ်အဖွဲ့ သို့မဟုတ် ဝေစမ်း ခရီးသွားလာရေးအသင်းနှင့် ဆက်သွယ်ပြီး နာမည်စာရင်းပေးသွင်း နိုင်ပါသည်။
昆明信息港综合整理 3月30日至4月2日,文山州将开展建州60周年丰富多彩的系列庆祝活动,无论是招商引资还是观赏民族风情、游览自然风光,这都是一个不可错过全面了解文山的好机会。
3月31日,文山州将举行成立60周年商贸展洽暨2018年第十四届中越(文山)国际商贸旅游交易会、文山州招商引资和旅游产业推介会。4月1日,将举行文山州成立60周年庆祝大会、文山州60周年发展成就汇报会。
在州庆期间,文山州还将开展多项文艺演出,让大家饱览民族风情。3月31日晚,将举办“锦绣文山-壮乡苗岭请你来”歌舞迎宾晚会;4月1日上午,庆祝大会后将举办“新时代·新文山”大型文艺演出;晚间,将举办由国家民委组织的“中华民族一家亲”三下乡走进文山活动启动仪式;启动仪式结束后,将在盘龙体育场、华龙湖举办精彩的焰火晚会。
为迎接建州60周年庆,文山州还开展了系列自驾游活动。州庆期间自驾游文山,可享受补贴,即3月30日起至5月30日期间,文山州对报名参加车队自驾游的,每辆车补贴300元。有意向者可联系云南自驾联盟或文山旅游协会报名。
အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့




