ဖူအယ်မွန်လျန်ခရိုင် “နမ်လင်တွမ့်” တတိယအကြိမ် နွားတိုက်ပွဲကို ဧပြီလ ၁၀ရက်နေ့တွင် စတင်ကျင်းပ
2018-03-28 15:07|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) နွားတိုက်ခြင်း ယဉ်ကျေးမှုကို ဆက်ခံပြီး ဖြစ်ထွန်းအောင် ဆောင်ရွက်ရန်၊ မြို့သူမြို့သားများသည် နွားတိုက်ခြင်း ယဉ်ကျေးမှုကို ပိုမိုနားလည်ရန်၊ ပြည်သူလူထု၏ ယဉ်ကျေးမှုဘဝကို ကြွယ်ဝစေပြီး ဒေသခံ အမျိုးသား ယဉ်ကျေးမှုကို ဖြစ်ထွန်းအောင် ဆောင်ရွက်ရန်၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံစီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် ၂၀၁၈ခုနှစ် ဖူအယ်မွန်လျန်ခရိုင် “နမ်လင်တွမ့်” တတိယအကြိမ် နွားတိုက်ပွဲကို ဧပြီလ ၁၀ရက်နေ့မှ ၁၂ရက်နေ့အထိ နရွင်မြို့နယ် ကျင်ဟေန်ကျေးရွာ နန်လင်တွမ့် အိမ်မွေးတိရစ္ဆာန် ရောင်းဝယ်ရေးဈေး၌ ကျင်းပမည်။
ကျွဲ(၆၄)ကောင်နှင့် နွား(၁၆)ကောင်တို့သည် ဤအကြိမ် နွားတိုက်ပွဲကို ပါဝင်မည်။ ပြိုင်ပွဲသည် ကျွဲ၊ နွား အဖွဲ့(၂)ဖွဲ့ကို ခွဲခြား၍ တစ်ဖွဲ့လျှင် ပထမဆု(၁)ခု၊ ဒုတိယဆု(၁)ခု၊ တတိယဆု(၁)ခုကို ခွဲခြားစီစဉ်ပြီး အများဆုံးသော ဆုငွေသည် အယွမ်(၁.၆၈)သောင်း ရှိမည်။
နွားတိုက်ပွဲ ကျင်းပရာတွင် (၁၅)ကြိမ်မြောက် တရုတ်မွန်လျန်နရွင် ငါးဖမ်းပွဲ၊ သင်္ကြန်ပွဲ စသော ဒေသခံ ထူးခြားချက်ရှိသော လှုပ်ရှားမှုများကို မွန်လျန်ခရိုင်ထဲတွင် ကျင်းပမည်။
အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့








