ဟေလုံထန်ဥယျာဉ် တတိယအကြိမ် နဂါးမင်းပွဲကို ကျင်းပ၊ မြို့သူမြို့သား အယောက် (၁.၅)သောင်းသည် ဝင်ရောက်

2018-03-19 15:30|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား မြရွှေစင်) ဟေလုံထန်ဥယျာဉ် တတိယအကြိမ် နဂါးမင်းပွဲကို မတ်လ ၁၈ရက်နေ့တွင် ကျင်းပ ခဲ့ပါသည်၊ အနှစ်သာရနှင့် ပြည့်စုံသော ရိုးရာဓလေ့ထုံးစံ လှုပ်ရှားမှု၊ အခမဲ့ဆံပင်ညှပ်ခြင်း၊ ဘေးမဲ့လွှတ်ပြီး ဆုမွန်ကောင်းတောင်းခြင်း စသော လှုပ်ရှားမှုများကို ကျင်းပ၍ မြို့သူမြို့သားများသည် ရိုးရာဓလေ့ထုံစံကို လက်တွေ့ခံစား စေခဲ့ပါသည်။ စာရင်းကောက် ခြင်းအားဖြင့် မတ်လ ၁၈ရက်နေ့တွင် ဟေလုံထန်ဥယျာဉ်သို့ လည်ပတ်လာသော ခရီးသည်များကို အယောက်(၁.၅)သောင်း ရှိပါသည်။

ဟေလုံထန်ဥယျာဉ် နဂါးမင်းပွဲသည် သမိုင်းအနှစ်(၁.၇)ထောင်ကျော် ရှိပါပြီ၊ ကူမင်းမြို့ ပတ်လည်နားမှ မြို့သူမြို့သားများသည် ဟေလုံထန်သို့ ဆုမွန်ကောင်းတောင်းသော ဓလေ့ထုံးစံကို ရှေးအခါမှစ၍ ရှိပါသည်။

နဂါးမင်းပွဲတွင် အလျား(၁၂)မီတာ၊ အမြင့်(၆)မီတာ ရှိသော နဂါးနက်ကြီးတစ်ကောင်သည် လူများကို အလွန်ဆွဲဆောင်ပါသည်။ ဆိုက်ပရက်အကိုင်းနှင့် ရေသန့်များကို ဥယျာဉ်သည် ကြိုတင်စီစဉ်၍ ခရီးသည်များသည် နဂါးနက်ထံ တန်းစီးရေဖျန်းပြီး ဆုမွန်ကောင်းတောင်း ခဲ့ပါသည်။ ထို့ပြင်၊ မြို့သူမြို့သားများထံ အခမဲ့ ဆံပင်ညှပ်ခြင်း ဝန်ဆောင်မှုကို ပေးအပ်ရန် ဥယျာဉ်သည် စေတနာ့ဝန်ထမ်း (၆)ယောက်ကို ဖိတ်ခေါ်လာ၍ မြို့သူမြို့သားနှင့် ခရီးသည်များကို အယောက်(၁)ရာကျော်ရှိပြီး တန်းစီးဆံပင်ညှပ်၍ နှစ်သစ်အတွင်း အတိတ်နိမိတ်ကောင်း များများရှိပါသည်ကို စောင့်မျှော်ခဲ့ပါသည်။

昆明信息港综合整理 18日,黑龙潭公园第三届龙王会在黑龙宫门口举行,精彩纷呈的传统民俗活动、免费“剃龙头”、放生祈福、悬挂祈福等活动,让市民体验到了难得的传统习俗。据统计,昨日黑龙潭公园游园人数达1.5万人次。

据介绍,黑龙潭“二月二”龙王会至今有1700多年历史,昆明城周边老百姓自古就有到黑龙潭祈求国泰民安、风调雨顺的习俗。

龙王会上,一条长12米、高6米的大黑龙格外引人注目,公园提前准备了柏枝、净水,不少游人排队向黑龙洒净,祈求福泰安康。另外一边,公园邀请了6名志愿者在龙泉广场为市民提供免费“剃龙头”服务,百余名市民及游客排队理发,期待新一年有好兆头。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်