ကျင်သွန်း ပဉ္စမအကြိမ် လယ်သမား အားကစားပြိုင်ပွဲသည် ကွင်းဖွင့်
2018-03-05 15:28|
(ရောင်စုံတိမ်တံတား၊ မြရွှေစင်) ကျင်သွန်း ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင် ပဉ္စမအကြိမ် လယ်သမား အားကစားပြိုင်ပွဲကို မတ်လ ၃ရက်နေ့တွင် မန့်သိန်မြို့နယ် လျုပ်ခွင်းယဉ်ကျေးမှုရင်ပြင်၌ ကျင်းပ ခဲ့ပါသည်။ ခရိုင်အတွင်း မြို့နယ်အသီးသီး မှလာသော ယှဉ်ပြိုင်အဖွဲ့ (၁၃)ဖွဲ့၊ လယ်သမား အယောက် (၂၆၀)ကျော်သည် ပါဝင် ခဲ့ပါသည်။
ဤအကြိမ်ပြိုင်ပွဲသည် (၄)ရက်ကြာ ကျင်းပပြီး ဂျင်ကစားခြင်း၊ လွန်ဆွဲပြိုင်ပွဲ စသည့် ယှဉ်ပြိုင်ပွဲ(၅)ခုကို စီစဉ်ပြီး လယ်သမား ကိုယ်လက် ကြံ့ခိုင် သန်စွမ်းရေး လှုပ်ရှားမှုကို နက်ရိုင်းစွာ ဆောင်ရွက်သည့်အတွက် ပိုမို တွန်းအားပေးပြီး လယ်သမားများ၏ ပင်ကိုယ်အရည်အချင်းကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။ ထို့ပြင်၊ ပရိသတ်များသည် အတူတူ ပါဝင်နိုင်သော လမ်းသလားခြင်း၊ ဝက်ပြေးရန်မောင်းခြင်း စသော စိတ်ရွှင်ဖွယ်ရာရှိ လှုပ်ရှားမှု (၄)မျိုးကိုလည်း စီစဉ် ခဲ့ပါသည်။
လယ်သမား အားကစားပြိုင်ပွဲ ဧည့်သည် ကြိုဆိုညပွဲနှင့် ၂၀၁၈ခုနှစ် ဆင်းရဲပြတ်ကင်းမှု ယဉ်ကျေးမှု တင်ဆက်ပြသပွဲကိုလည်း မတ်လ ၂ရက်နေ့ညတွင် ကျင်သွန်းခရိုင်၌ ကျင်းပပြီး ပြိုင်ပွဲဝင်တို့အတွက် အားပေး ခဲ့ပါသည်။ ညပွဲသည် နယ်ခံ ရိုးရာအမျိုးသား အဆိုအက တင်ဆက်ပြသခြင်း၊ စာတိုပေစ၊ မီးအိမ်ပေါ် ရေးထားသည့် ပဟေဠိ၊ ဆင်းရဲပြတ်ကင်းမှု ဗဟုသုတ နှင့်ပတ်သက်သော ဆုရှိ အမြေးအဖြေပွဲ စသည့် လှုပ်ရှားမှုများကိုလည်း ပါဝင်ပါသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့