ယူနန် ၂၀၁၈ခုနှစ် အမျိုးသားဝတ်စုံပြိုင်ပွဲနှင့် တရုတ်- ရုံဇေဇီဇိုး ယီလူမျိုးဝတ်စုံပြိုင်ပွဲကို ကျင်းပ
2018-03-02 16:10|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) “ရောင်စုံဝတ်စုံ၊ တစ်ကမ္ဘာလုံး အတူစံစားကြခြင်း” ခေါင်းစဉ်ဖြင့် ရောင်စုံယူနန် ၂၀၁၈ခုနှစ် အမျိုးသားဝတ်စုံ ယှဉ်ပြိုင်ခြင်း ယဉ်ကျေးမှုပွဲ ကွင်းဖွင့်အခမ်းအနားနှင့် တရုတ်- ရုံဇေဇီဇိုး ယီလူမျိုးဝတ်စုံပြိုင်ပွဲကို မတ်လ ၂ရက်နေ့တွင် ချူရှုံယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ရုံဇေခရိုင်၌ ကျင်းပ ခဲ့ပါသည်။
ဤပွဲကျင်းပရာတွင် ရောင်စုံယူနန် ၂၀၁၈ခုနှစ် အမျိုးသားဝတ်စုံ ယှဉ်ပြိုင်ခြင်း ယဉ်ကျေးမှုပွဲ ကွင်းဖွင့်အခမ်းအနားနှင့် တရုတ်- ရုံဇေဇီဇိုး ယီလူမျိုးဝတ်စုံပြိုင်ပွဲ၊ ရောင်စုံယူနန် ၂၀၁၈ခုနှစ် အမျိုးသားအဝတ်တန်ဆာ ပြပွဲနှင့် ရုံဇေခရိုင် ၂၀၁၈ခုနှစ် ဝတ်စုံပြိုင်ပွဲမှ ရင်းနှီးမြှုပ်နှံမှု သိမ်းသွင်းခြင်း စီမံကိန်း မိတ်ဆက်ဖြန့်ချီပွဲနှင့် စာချုပ်ချုပ်ဆို အခမ်းအနား ဖြစ်သော လှုပ်ရှားမှု (၃)ခုကို ကျင်းပပါသည်၊ ထို့ပြင်၊ ၂၀၁၈ခုနှစ် နွေဦးရာသီ ဝတ်စုံပြိုင်ပွဲ၊ ယီလူမျိုး ပန်းထိုးပြိုင်ပွဲနှင့် ယီပန်းထိုးခြင်း လက်တွေ့ပြပွဲ၊ ယဉ်ကျေးမှု ခရီးသွားလာရေး အဆန်းထွင်ဒီဇိုင်း လက်ရာပြပွဲ၊ လက်ရေးလက်သား၊ ပန်းချီလက်ရာနှင့် ဓာတ်ပုံပြပွဲ၊ ရုံဇေခရိုင် ဒသမအကြိမ် လန်ချီယီလူမျိုး ပန်းထိုးပွဲနှင့် ဒုတိယအကြိမ် စတော်ဘယ်ရီပွဲ၊ ကွင်းပြင်ယဥိကျေးမှု လှုပ်ရှားမှု၊ လမုန့်ပွဲတော်ကို အတူတူ ထောပနာပြုပွဲ စသော လှုပ်ရှားမှု (၇)ခုကို ကျင်းပမည်။ လှုပ်ရှားမှု (၁၀)ခုသည် ခရိုင်မြို့၊ မြို့နယ်၊ ကျေးရွာ၌ ပျံ့နှံ့၍ ကြည့်ပြီး အလွန်ကောင်းမွန်သည်။
ရောင်စုံ အမျိုးသားဝတ်စုံ ယှဉ်ပြိုင်ခြင်း ယဉ်ကျေးမှုပွဲကို ၂၀၁၆ခုနှစ်၊ ၂၀၁၇ခုနှစ်တွင် ရုံဇေခရိုင်၌ စတင်ကျင်းပ၍ ချူရှုံ၊ ကူမင်း၊ ရှန်ဟိုင်း၊ ပီကင်း၌ ယူနန်အမျိုးသားဝတ်စုံ ယဉ်ကျေးမှု၏ အလှကို အားရပါးရ ပြသပြီး ကြွယ်ဝပေါများသော လှုပ်ရှားမှုများသည် တစ်နှစ်လုံးအတွင်း ကျင်းပ ခဲ့ပါသည်။
၂၀၁၇ခုနှစ်၊ ရုံဇေခရိုင်တွင် အမျိုးသား ယဉ်ကျေးမှု ခရီးသွားလုပ်ငန်း စီမံကိန်း (၁၄)ခုကို စာချုပ်ချုပ်ဆိုပြီး စတင်ဆောင်ရွက်ပြီး ကြေးငွေ အယွမ်(၄၄၅)သန်းကို တကယ့် ရင်းနှီးမြှုပ်နှံ ခဲ့ပါသည်။ ပြည်တွင်းပြည်ပ ခရီးသည် အယာက်(၁၇၇.၇၁)သောင်းကို ဧည့်ခံပြီး ၂၀၁၆ခုနှစ်ထက် ၃၅.၃ရာခိုင်နှုန်းကို တိုးပွား ခဲ့ပါသည်။ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း တိုးပွားငွေ အယွမ်(၂၂၁၄၇)သောင်းကို အကောင်အထည်ဖော်ပြီး ၂၀၁၆ခုနှစ်ထက် ၁၈.၅ရာခိုင်နှုန်းကို တိုးပွား ခဲ့ပါသည်။ ခရီးသွားလုပ်ငန်းသည် ဝင်ငွေ အယွမ်(၁.၅၆)ဘီလျံကို အကောင်အထည်ဖော်ပြီး ၈၇ရာခိုင်နှုန်းကို တိုးပွား ခဲ့ပါသည်။ အမျိုးသား ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းများသည် ခရိုင်တစ်ခုလုံး၏ စီးပွားရေးနှင့် လူမှုရေးသည် ရေရှည်ကျန်းမာစွာ ဖွံ့ဖြိုးတိုးတက်စေရန် အားကောင်းစွာ တွန်းအားပေး ခဲ့ပါသည်။
昆明信息港讯 记者徐毅杰 3月2日,以“七彩云裳、世界共享”为主题的七彩云南2018民族赛装文化节启动仪式暨中国·永仁直苴彝族赛装节系列活动在楚雄彝族自治州永仁县举行。
活动期间,将开展七彩云南2018民族赛装文化节启动仪式暨中国·永仁直苴彝族赛装节、七彩云南2018民族服装服饰精品展演和永仁县2018年赛装节招商引资项目推介会暨签约仪式三个主体活动,同时还有“相约阳光城”2018年春季赛装周、“指尖上的创意”彝族刺绣大赛暨彝绣现场展示、“美丽彝州·品味永仁”文化旅游创意设计作品展、“大美永仁·魅力赛装”书画摄影展、永仁县第十届莲池彝族绣花节暨第二届草莓节、“苴却欢歌”万人打跳广场文化活动、欢乐老街共庆元宵节系列活动(吃汤圆、猜灯谜、赏美食活动)等七个配套活动。十项活动分布在县城、乡镇、村庄,精彩纷呈。
2016年、2017年,连续两年的“七彩云南民族赛装文化节”均从永仁启动,在楚雄、昆明、上海、北京的舞台尽情展示云南服装服饰文化之美,一系列丰富精彩的活动贯穿全年。
2017年,永仁全县民族文化旅游产业签约并落地项目14个,实际到位资金4.45亿元;接待国内旅游者177.71万人次,同比增长35.3%;完成文化和旅游产业增加值22147万元,同比增长18.5%;实现旅游业收入15.6亿元,增长87%。民族文化旅游产业有力推进了全县经济社会持续健康发展。
အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့




