ယူနန်ယဉ်ကျေးမှု အမျိုးမျိုးသည် ထိုင်ဝမ်၌ လူတို့ကို ဆက်လက်ဆွဲဆောင်

2018-03-02 16:27|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) “ရောင်စုံယူနန်၊ ထိုင်ဝမ်၌ ချိန်းထားခြင်း” လှုပ်ရှားမှုများထဲမှ ပထမအကြိမ် ထိုင်ဝမ် ရေးလက်ကြား နှစ်ဖက်ကမ်း တရုတ်လက်ဖက်ခြောက် ယဉ်ကျေးမှု ဖိုရမ်၊ လိကျန်း ခရီးသွားလာရေး သီးခြား မိတ်ဆက်ဖြန့်ချီပွဲနှင့် ယူနန်အမျိုးသား အဆိုအက တင်ဆက်ပြသပွဲကို ဖေဖော်ဝါရီလ ၂၈ရက်နေ့တွင် ထိုင်ဝမ်၌ ကျင်းပ ခဲ့ပါသည်။

ပထမအကြိမ် ထိုင်ဝမ် ရေးလက်ကြား နှစ်ဖက်ကမ်း တရုတ်လက်ဖက်ခြောက် ယဉ်ကျေးမှု ဖိုရမ်တွင် နှစ်ဖက်ကမ်း နာမည်ရှိသော လက်ဖက်ချစ်သူ၊ စာပေပညာရှင် အယောက် (၃၀၀)ခန့်သည် “တရုတ် ယဉ်ကျေးမှုကို ယုံကြည်မှုနှင့် ကောင်းမွန်သောဘဝ” ခေါင်းစဉ်ဖြင့် တရုတ်ရိုးရာ လက်ဖက်ယဉ်ကျေးမှု၊ မျက်မှောက်ခေတ် ဘဝအလှဗေဒ၊ ဖူအယ်လက်ဖက်ခြောက်နှင့် ကျန်းမာရေး စသော စကားရပ်များကို ဆွေးနွေးဖလှယ် ခဲ့ပါသည်။ လိကျန်းခရီးသွားလာရေး သီးခြား မိတ်ဆက်ဖြန့်ချီပွဲသည် တုံးပါးလက်ရေးလက်သားနှင့် ပန်းချီလက်ရာ၊ အမျိုးသားအဆိုအက စသည့် နည်းလမ်းများဖြင့် လိကျန်းမြို့မှ ထွေပြားစုံလင်သော အမျိုးသား ယဉ်ကျေးမှုနှင့် သဘာဝ ခရီးသွားလာရေး သယံဇာတများကို မိတ်ဆက်၍ စွယ်စုံရ ခရီးသွားလာရေးနှင့် ထွန်းသစ်စ ခရီးစဉ် ကုန်ပစ္စည်းများကို အဓိက မိတ်ဆက်ဖြန့်ချီ၍ ပရိသတ်များကို ဆွဲဆောင် ခဲ့ပါသည်။ ယူနန်အမျိုးသား အဆိုအက တင်ဆက်ပြသပွဲတွင် ကောင်းမွန်သော အစီအစဉ်သည် လက်ခုပ်သီးသံကို အကြိမ်ကြိမ် ခံယူရရှိ ခဲ့ပါသည်။

记者昨日从省台办了解到,2月28日,“七彩云南·相约台湾”系列活动中的首届两岸中华茶文化论坛、丽江旅游专场推介会及云南民族歌舞演出在台湾举行。

据介绍,首届两岸中华茶文化论坛上,约300位两岸知名茶人、文化人以“中华文化自信与美好生活”为主题,就中华传统茶文化、当代生活美学和普洱茶大健康等话题展开交流。丽江旅游专场推介会以东巴字画、民族歌舞等方式,介绍了丽江丰富多彩的民族文化和自然旅游资源,重点推介了智慧旅游和新兴旅游线路产品,引起现场观众的极大兴趣。云南民族歌舞表演中,美轮美奂的节目赢得阵阵掌声。(记者刘子语 通讯员唐勇)

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်