လူအယောက် (၄၂၀၀)ကျော်သည် တယ်ဟုံကျင်ဖော်လူမျိုး၏ ရွက်စိမ်းထမင်းစားပွဲကို အတူတူစားကြ
2018-03-02 15:42|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ၂၀၁၈ခုနှစ် တရုတ်-တယ်ဟုံ ကျင်ဖော်လူမျိုး နိုင်ငံတကာ မနောပွဲမှ ကျင်ဖော်လူမျိုး၏ ရွက်စိမ်းထမင်းစားပွဲကို မတ်လ ၁ရက်နေ့တွင် ယူနန်ပြည်နယ် တယ်ဟုံ တိုင်လူမျိုးးနှင့် ကျင်ဖော်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ မန်စီမြို့ အားကစားစင်တာ၌ ကျင်းပ ခဲ့ပါသည်၊ ဧည့်သည် စုစုပေါင်း အယာက်(၄၂၀၀)ကျော်ရှိပြီး ပါဝင်ဆင်နွှဲလာပြီး သမိုင်းတွင် လူအများကြီးရှိသော တစ်နှစ် ဖြစ်ပါသည်။
ရွက်စိမ်းထမင်းစားပွဲသည် ကျင်ဖော်ကျေးရွာထဲတွင် ရှေးဟောင်းဆန်ပြီး ရိုးရိုးသန့်သန့် ရှိရုံသာမက ရိုင်းစိုက်မှု နည်းနည်း ပါရှိသော နာမည်ကျော်သည့် ထမင်းစားပွဲ ဖြစ်ပါသည်။ ရိုးရာသော ကင်ခြင်း၊ ပြုတ်ခြင်း၊ ကြော်ခြင်း၊ ဆားစိမ်ခြင်း စသော နည်းလမ်းဖြင့် အဓိက နယ်ခံတွင် ကြွယ်ဝပေါများသော တောဟင်းသီးဟင်းရွက်နှင့် အမဲများကို ချက်ပြုတ် လျက်ရှိသည်၊ ကြီးလွန်သောသစ်ရွက် သို့မဟုတ် ငှက်ပျောရွက်များဖြင့် ဟင်းလျားနှင့် ထမင်းများကို ထုပ်ခပ်၍ သစ်ရွက်ဖြင့် ပြုလုပ်သော ဇွန်းနှင့် ဇလုံများသည် ဟင်းရည်ကို ခပ်ပါသည်၊ တစ်ပွဲလုံးသည် မြစိမ်းရောင် ဖြစ်ပြီး ပန်းကန်လုံးနှင့်တူများကို မသုံးစွဲ သောကြောင့် နာမည်ကျော်ကြား လျက်ရှိသည်။
ထို့ပြင်၊ ကျင်ဖော်လူမျိုးသည် ကြာရှည်ပြီး အရောင်အဆင်း တောက်ပရွှန်းတင့်သော သမိုင်းယဉ်ကျေးမှုနှင့် ထူးခြားသော လူမှုရိုးရာဓလေ့ထုံးစံ ရှိပါသည်။ ရွက်စိမ်းထမင်းစားပွဲ ပြုလုပ်ရာတွင် ကျင်ဖော်လူမျိုးသည် ဧည့်သည်များအတွက် ကျင်ဖော်အဆိုအက တင်ဆက်ပြသ ခဲ့ပါသည်။
အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့








