ကုံးစမ်း-တုန်းချွမ်း အမြန်ပြေးလမ်းမကြီးမှ ကျင်းတုန်းတံတားကြီးသည် ၂၀၁၈ခုနှစ်တွင် လမ်းပေါက်ရန် မျှော်လင့်ချက်ရှိ
2018-02-09 18:18|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အလေးချိန် အတန်(၃၀)ရှိသော ကုန်တင်ကား(၃၈)စီးသည် ဇန်နဝါရီလ ၂၈ရက်နေ့တွင် ကျင်းတုန်းတံတားကြီးပေါ်၌ အဆင်ပြေ ခုတ်မောင်းသွား ခဲ့ပါသည်၊ ဤတံတားသည် လမ်းပေါက်သော အကြောင်းအချက်ရှိပါပြီဟု ၄င်းသည်ပြသ၍ ကျင်းတုန်းတံတားကြီးနှင့် ကုံးစမ်း-တုန်းချွမ်း အမြန်ပြေးလမ်းမကြီးတို့သည် ၂၀၁၈ခုနှစ်တွင် လမ်းပေါက်ရန် မျှော်လင့်ချက် ရှိပါသည်။
ကျင်းတုန်းတံတားကြီးသည် ကျင်းစားမြစ်ကြေ အလယ်ပိုင်းမှ ရှန့်ဘီလင်အစိတ်အပိုင်း၌ တည်ရှိနေပြီး စုစုပေါင်း (၉၁၄)မီတာရှည်၍ စီချွမ်နှင့်ယူနန် (၂)ပြည်နယ်မှ ပြည်နယ်ခွဲ(မြို့)(၄)ခုနှင့် ခရိုင်(ဒေသ)(၅)ခုကို ဆက်သွယ်သော လမ်းများအတွင်း အရေးကြီးသော စီမံကိန်းလုပ်ငန်း ဖြစ်ပြီး ယူနန်ပြည်နယ်သည် စီချွမ်ပြည်နယ်၊ ချူချင့်မြို့နှင့် ဆက်သွယ်သော အမြန်ပြေးလမ်းလည်း ဖြစ်၍ ယူနန်ပြည်နယ်မှ စီချွမ်းပြည်နယ်သို့ လမ်းမကြီး၏ အသွားအလာစွမ်းအားကို တိုးမြှင့်နိုင် သည့်အပြင် အခု G5 မီကင်းမှကူမင်းသို့ အမြန်ပေးလမ်းမကြီးနှင့် G85 ချူချင့်မှကူမင်းသို့ အမြန်ပေးလမ်းမကြီးတို့၏ အသွားအလာ ဖိအားကို လျှော့ချ၍ ဖန်းဇီးဟွားမြို့၊ လျံစမ်းမြို့နှင့် ကူမင်းမြို့တို့၏ စီးပွားရေး၊ ယဉ်ကျေးမှုများအတွက် ဖွံ့ဖြိုးတိုးတက်သော အခွင့်အလမ်းနှင့် အင်အားများကို တင်ပြမည်။
ကုံးစမ်း-တုန်းချွမ်း အမြန်ပြေးလမ်းမကြီးကို တည်ဆောက်ပြီးသားပြီးနောက် ကူမင်းမြို့မှ ထွက်ခွာပြီး တုန်းချွမ်းဒေသရောက်လျှင် အချိန်(၂)နာရီသာ လိုမည်။ ဤလမ်းဖြင့် ချမ်တူးမြို့သို့ ရောက်လျှင် ပီကင်း-ကူမင်းအမြန်ပြေးလမ်းမကြီးထက် လမ်းခရီးသည် ကီလိုမီတာ(၁၂၀) လျှော့ကျပြီး ကုန်သောအချိန်သည် (၂)နာရီခန့် အတိုချို့ပါသည်။ ဤ လမ်းဖြင့် ချူချင့်မြို့သို့ ရောက်လျှင် G85 နိုင်ငံတော်အဆင့် အမြန်ပြေးလမ်းမကြီးထက် လမ်းခရီးသည် ကီလိုမီတာ(၇၀)ခန့် လျှော့ကျမည်။
အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့