“လိကျန်းဟောင့်” အမြန်ရထားသည် ပီကင်းမြို့သို့ ဝင်ရောက်၊ ခရီးသွားယဉ်ကျေးမှု၏ အမှတ်တံဆိပ်ကို ပြသ

2018-01-24 12:27|ရောင်စုံတိမ်တံတား

1

(ရောင်စုံတိမ်တံတား၊ မြရွှေစင်) လိကျန်း အမျိုးသားယဉ်ကျေးမှု၊ လူမှုရိုးရာဓလေ့ထုံးစံနှင့် သဘာဝအခြေအနေများကို အပြည့်အဝ ပါရှိသော “လိကျန်းဟောင့်” ဟုခေါ်သည့် အမြန်ရထားအမှတ်စဉ် G406သည် ဇန်နဝါရီလ ၂၃ရက်နေ့ နံနက်ပိုင်း ၁၀နာရီ ၅၈မိနစ်တွင် ကူမင်းတောင်ဘူတာရုံမှ ထွက်ခွာ၍ ပီကင်းမြို့သို့ ခုတ်မောင်းသွား ခဲ့ပါသည်။ ၎င်းသည် လိကျန်းမြို့သည် အမြန်ရထားဖြင့် ခရီသွားယဉ်ကျေးမှု “ရွေ့လျားစောင်းတန်း”ကို ဆောက်လုပ်ပြီး ခရီးသွားလာရေး ဖြန့်ဝေခြင်းနှင့် အရောင်းမြှင့်တင်ခြင်း တို့၏ နည်းလမ်းကို ဆန်းထွင်သော အပြုအမူသစ် ဖြစ်ပါသည်။

2

“လိကျန်းဟောင့်” ယဉ်ကျေးမှု ခရီးသွား အမြန်ရထားသည် နယ်ခံ ကိုယ်စားပြုခြင်း အကြီးဆုံးသော သဘာဝရှုခင်းနှင့် လူမှုရေးရှုခင်းများကို အမြန်ရထားထဲသို့ ထည့်သွင်း၍ အမြန်ရထားကို လိကျန်းမြို့တွင် ခရီးသွားရှုခင်း၊ ခရီးသွားကုန်ပစ္စည်းနှင့် အမျိုးသား ယဉ်ကျေးမှုများအား ပြသသော “ရွေ့လျားစောင်းတန်း”ဖြစ်ရန် ဆောက်လုပ် ခဲ့ပါပြီ။

3

၂၀၁၇ခုနှစ် ဇန်နဝါရီလကနေ နိုင်ဝင်ဘာလအထိ လိကျန်းမြို့သည် ပြည်တွင်းပြည်ပ ခရီးသည်များကို အယောက်(၃၇.၈၂၀၇)သန်း ဧည့်ခံပြီး ၂၀၁၆ခုနှစ် အချိန်တူကာလထက် ၁၆.၈၉ ရာခိုင်နှုန်း တိုးပွားလာ ခဲ့ပါသည်၊ ၎င်းအနက်၊ ပြည်ပခရီးသည်များကို အယောက် (၁.၀၈၆၇)သန်း ပါဝင်ပြီး ၂.၃ ရာခိုင်နှုန်း တိုးပွားလာပြီး ပြည်နယ် တစ်ခုလုံးမှ ဒုတိယနေရာတွင် ရှိနေ၍ ပြည်တွင်းခရီးသည်များကို အယောက် (၃၆.၇၃၄၁)သန်း ပါဝင်ပြီး ၁၇.၃၉ ရာခိုင်နှုန်း တိုးပွားလာပြီး ပြည်နယ်တစ်လုံးမှ စတုတ္တနေရာတွင် ရှိနေပါသည်။ ခရီးသွားလုပ်ငန်း၏ စုစုပေါင်းဝင်ငွေသည် အယွမ်(၆၈.၂၇၇)ဘီလျံ ရှိပြီး ၂၀၁၆ခုနှစ် အချိန်တူကာလထက် ၁၅.၉ ရာခိုင်နှုန်းကို တိုးပွားလာ၍ ပြည်နယ် တစ်ခုလုံးမှ ဒုတိယနေရာတွင် ရှိနေပါသည်။

4

၂၀၁၇ခုနှစ်တွင် လိကျန်းမြို့သည် ပြည်တွင်းပြည်ပ ခရီးသည်များကို အယောက်(၄၀)သန်းကျော် ဧည့်ခံ၍ ခရီးသွားလုပ်ငန်း၏ စုစုပေါင်းဝင်ငွေသည် အယွမ်(၈၀)ဘီလျံ ကျော်လွန် ခဲ့ပါသည်ဟု ခန့်မှန်းပါသည်။

ခုတ်မောင်းသော “လိကျန်းဟောင့်” ယဉ်ကျေးမှု ခရီးသွား အမြန်ရထားသည် ကူမင်းတောင်ဘူတာရုံကနေ ပီကင်းအနောက်ဘူတာရုံအထိ အမြန်ရထားတွင် လိကျန်း အမျိုးသားယဉ်ကျေးမှု နှင့်သက်ဆိုင်သော ယဉ်ကျေးမှု အခြေအနေများကို ထည့်သွင်း ခြင်းအားဖြင့် လိကျန်းမြို့မှ ခရီးသွား အမှတ်တံဆိပ်များသည် အမြန်ရထားစီးပြီး ကူမင်းမြို့ကနေ ပီကင်းမြို့အထိ တစ်လျှောက်လုံးတွင် မြို့ပြနှင့် ဒေသများသို့ ဖြန့်ဝေ စေပါသည်။ ပိုများသော လူတို့သည် လိကျန်းမြို့ကို သိရှိစေပါသည်၊ နာလည်စေပါသည်၊ ဝင်ရောက် စေပါသည်၊ ခံစားစေပါသည်။

1

昆明信息港讯 记者上官艳君 1月23日上午10时58分,浸透着丽江民族文化风情的G406次高铁从昆明南站启动,驶向首都北京。由此,“丽江号”文化旅游列车启程。这是丽江以高铁为载体,打造旅游文化“移动长廊”,创新旅游宣传促销方式的新举措。

2

“丽江号”文化旅游列车把当地最具有代表性的自然景观和人文景观融入到高铁列车中,将动车打造成了展示丽江旅游景点、旅游产品及丽江民族文化的“移动长廊”。

3

据介绍,2017年1至11月,全市共接待海内外游客3782.07万人次,同比增长16.89%,其中海外游客108.67万人次,同比增长2.3%,全省排名第二位,国内游客3673.41万人次,同比增长17.39%,全省排名第四位。旅游业总收入测算数为682.77亿元人民币,同比增长15.9%,全省排名第二位。

4

2017年,接待海内外游客预计突破4000万人次,旅游业总收入预计突破800亿元人民币。

开行的“丽江号”文化旅游列车,通过在昆明南至北京西的高铁列车上植入丽江民族文化相关文化元素,让丽江的旅游品牌搭载高铁列车,传播至昆明到北京沿途城市及地域,让更多的人知道丽江、了解丽江、走进丽江、感受丽江。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်