Yangon Waterboom တွင် ပထမဆုံးအကြိမ် Night Market ဈေးရောင်းပွဲ ကျင်းပမည်

2018-01-12 14:45|မဇ်ၥိမ Daily

 

Waterboom

(ရောင်စုံတိမ်တံတား၊ မြရွှေစင်)Yangon Waterboom တွင် ပထမဆုံးအကြိမ် Night Market ဈေးရောင်းပွဲ ကျင်းပမည် ဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့ မှ ၁၈ ရက်နေ့ အထိ Waterboom Car parking အတွင်း ပြုလုပ်သွားမည် ဖြစ်သည်။

“မြို့ထဲသွားရင် နီးတယ်။ သင်္ဃန်းကျွန်း၊ သုဝဏ္ဏ၊ သန်လျင် ဆိုလည်းနီးတယ်။ သာကေတ မြို့နယ် ဆိုတာလည်း ရန်ကုန်နဲ့စာလို့ ရှိရင် Destination နေရာ ဆန်ဆန်သတ်မှတ်လို့ရတယ်ဆိုတာ လူတွေသိစေချင်တာ။” ဟု Waterboom အထွေထွေမန်နေဂျာ ဦးမျိုးသူရက ယနေ့ ဒီဇင်ဘာလ ၁၂ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါ ၀င်ကြေးအခမဲ့ ဈေးရောင်းပွဲကျင်းပမည့် ၄ ရက်အတွင်း ဖက်ရှင်ပစ္စည်းမျိုးစုံ၊ လူသုံးကုန်ပစ္စည်းမျိုးစုံနှင့် စားသောက်ဆိုင်ခန်းများဖွင့်၍ အနုပညာရှင်များက နေ့လည် ၁၂နာရီ မှ ည ၁၀ နာရီအထိရောင်းချသွားမည် ဖြစ်ပြီး နေ့စဉ် ညနေ ၄ နာရီမှ ၇ နာရီအတွင်း ဖျော်ဖြေပွဲများ ဂိမ်းအစီအစဉ်များကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကလေးများအတွက်ရည်ရွယ်၍ KID’s FESTIVAL ပွဲကို ဒီဇင်ဘာ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့ ထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပွဲတွင် ဆေးရောက်ခြယ်ပြိုင်ပွဲ၊ Spelling Bee contest နှင့် KID’s fashion contest တို့ပါဝင်ကာ ဆုကြေးများ ပါဝင်သည်။

ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ကရင်နှစ်သစ်ကူး ပွဲ၊ ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ခရစ်စမတ်ပွဲ တို့ကိုလည်း Waterboom တွင် ပြုလုပ်သွားမည်ဟုလည်း သိရသည်။ အဆိုပါပွဲများအပြင် New Year Count Down Party ကို တေးသံရှင်များ နှင့် DJ ပညာရှင်များ၏ EDM Music များနှင့် အတူ Waterboom ၏ Wavepool တွင် ၀င်ကြေး ကျပ် ၂ သောင်းဖြင့် ကျင်းပသွားမည်ဖြစ်သည်။

 

Waterboom

12月15日至18日,仰光水上乐园首届夜市节在仰光水上乐园停车场隆重举行。本次夜市节免门票费,期间将售卖各类流行饰品、日用品、食品等。此外,此外,12月18日,水上乐园还将举行克伦族新年庆祝活动,

仰光水上乐园经理吴缪杜亚在12月12日举行的新闻发布会上表示,水上乐园距离仰光市区、丁甘炅、杜枉纳、丹林等镇区都很近。只要确定地址,大部分人都能够找到。

艺术节期间,艺术家将在中午12点至晚上8点到夜市售卖艺术品。下午4点至7点还将举行音乐会,包括游戏环节。

据悉,12月仰光水上乐园精彩活动纷呈,将于25日举行圣诞节庆祝活动,12月22日至25日举行儿童节活动,开展彩绘大赛、拼字比赛、时装赛等为孩子们庆祝节日,参加活动的孩子还有机会获得奖金。此外,歌手和调音师还将在仰光水上乐园Wavepool举办电子舞曲主题派对和新年倒计时派对,门票费为2万缅币。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: XuTing

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်