နေပြည်တော် ကျောက်မျက်ပြပွဲတွင် ယူရိုသန်း ၄၃၀ ကျော်ဖိုး ရောင်းချရ
2018-01-11 17:06|
(ရောင်စုံတိမ်တံတား၊ မြရွှေစင်)နေပြည်တော်မဏိ ရတနာ ကျောက်စိမ်းခန်းမတွင် ၁၀ ရက်ကြာ ကျင်းပသည့် ၂၀၁၇ နှစ်လည် ကျောက်မျက်ရတနာပြပွဲ၌ ကျောက်စိမ်းအတွဲ ငါး ထောင်ကျော်၊ ယူရိုသန်း ၄၃၀ ကျော်ဖိုး ရောင်းချရကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပရေးကော်မတီက သတင်းထုတ် ပြန်သည်။
ဒီဇင်ဘာ ၁၂ မှ ၂၁ ရက်အထိ ကျင်းပသည့် အဆိုပါ ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းတွဲ ၆,၆၈၅ တွဲနှင့် ကျောက်မျက်အ တွဲ ၁၉၀ ကို တင်ဒါစနစ်ဖြင့် ပြသရောင်းချရာ ကျောက်စိမ်းတွဲ ၅,၀၈၆ တွဲနှင့် ကျောက်မျက် ၃၂ တွဲ ရောင်းချနိုင်ခဲ့သည်။
ပြပွဲတွင် ရောင်းချနိုင်ခဲ့သည့် ကျောက်စိမ်းတွဲများသည် ကုမ္ပဏီတစ်ခုက ကြမ်းခင်းဈေး ယူရို ၁၂၈,၀၀၀ သတ်မှတ်ကာ ပြသ ရောင်းချခဲ့သော အလေးချိန် ၈၀၀ ကီလိုဂရမ်ရှိသည့် ခြောက်တုံး (6 Pieces) ပါ ကျောက်စိမ်းတွဲသည် ယိုရို ၁၂ ဒသမ ၅ သန်းဖြင့် ဈေး အများဆုံး ရရှိခဲ့သည်ဟု ကျောက် စိမ်းလုပ်ငန်း ကော်မတီအတွင်း ရေးမှူး ဦးမင်းသူက ပြောကြား သည်။
ပြပွဲတွင် ကြမ်းခင်းဈေး ယူရို ၅ ဒသမ ၈ သန်း သတ်မှတ်ထား သော ကျောက်စိမ်းတွဲနှစ်တွဲနှင့် ကြမ်းခင်းဈေး ယူရို ငါးသန်းသတ် မှတ်ထားသော ကျောက်စိမ်းတွဲတစ်တွဲ ပြသရောင်းချခဲ့သော် လည်း ဝယ်ယူသူမရှိကြောင်း မြန် မာ့ကျောက်မျက်ရတနာပြပွဲ ကျင်း ပရေးကော်မတီ ဒုတိယဥက္ကဋ္ဌဦး သန့်ဇော်ဦးက ပြောကြားသည်။
ယခင်ကျင်းပပြီးစီးခဲ့သော ၂၀၁၆ နှစ်လည် ကျောက်မျက်ပြ ပွဲနှင့် နှိုင်းယှဉ်ပါက ယခုပြပွဲတွင် ကျောက်စိမ်းတွဲများ ပိုမိုရောင်းချ နိုင်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။
၂၀၁၆ နှစ်လည်ပြပွဲတွင် ကျောက်စိမ်းတွဲ ၅,၉၈၈ တွဲ ပြသခဲ့ပြီး ၄,၀၄၁ တွဲ ရောင်းချရကာ ယူရို ၃၂၆ ဒသမ ၀၂ သန်းရရှိခဲ့သည်။
ယခု ကျောက်မျက်ပြပွဲသို့ ပြည်တွင်း၊ပြည်ပ ကုမ္ပဏီ ၁,၆၀၀ ကျော်မှ ရတနာကုန်သည် ၄,၄၃၂ ဦး တက်ရောက်ဝယ်ယူခဲ့သည်။ ပြပွဲတွင် တရုတ်နိုင်ငံမှ ၂,၈၂၇ ဦး ဖြင့် အများဆုံးတက်ရောက်ခဲ့ကာ ထိုင်း၊ ကနေဒါ၊ ကိုရီးယားစသည့် နိုင်ငံများမှ ရတနာကုန်သည်များ တက်ရောက် ဝယ်ယူခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။
据缅甸《七日新闻》报道,近日,缅甸2017财年年中翡翠公盘在内比都玛尼雅达娜玉石大厅闭幕。此次翡翠公盘为期10天,共6685份玉石、190份宝石以投标方式进行展销。其中,售出玉石5086份、宝石32份,成交额达4.3亿余欧元。
展销现场,一份由6块组成,最低标价12.8万欧元、重800公斤的玉石最终以1250万欧元最高价被拍卖。2份最低标价为580万欧元、一份最低标价为500万欧元的翡翠未成功拍卖。
据悉,本财年年中翡翠公盘成交额比2016有所增加。2016财年年中翡翠公盘共展出珠宝玉石5988份,卖出4041份,交易额达3.2602亿欧元。此外,本届翡翠公盘共有来自中国、泰国、加拿大、韩国、缅甸等国内外1600余家企业、4432位商人参加。其中,中国商人数量最多,达2827人。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: XuTing
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့