ကူမင်း ဆဌမအကြိမ် နိုင်ငံတကာ အလှပြကျောက်တုံး ပြပွဲကို ကျင်းပ
2018-01-09 10:33|
(ရောင်စုံတိမ်တံတား၊ မြရွှေစင်) ၂၀၁၈ခုနှစ် ကူမင်း ဆဌမအကြိမ် နိုင်ငံတကာ အလှပြကျောက်တုံး ပြပွဲနှင့် ကူမင်း နွေဦးရာသီ ကြိုဆိုရန် သစ်ခွပန်းပြပွဲတို့ကို ယူနန်ပြည်နယ် ချိစီချမ်ဈေး၌ ကျင်းပ၍ အံ့ဖွယ်ကောင်းလှသော အလှပြ ကျောက်တုံးနှင့် လှပသပ်ရပ်သော သစ်ခွပန်းများသည် မြို့သူမြို့သား အများကြီးကို ရှုစားရန် ဆွဲဆောင်လာ ခဲ့ပါသည်။
စည်းရုံးရေးကော်မတီသည် သေသေချာချာ ကြိုတင်ပြင်ဆင် ပြီးနောက် ဤအကြိမ်ပြပွဲတွင် ပါဝင်သူများအတွက် အလှပြ ကျောက်တုံးကောင်း အတုံး(၃၀၀)ကျော်နှင့် သစ်ခွပန်းကောင်း ဇလုံ (၃၀၀)ကျော်ကို စုဆောင်းပြီး “ဆုချီးမြှင့်သတ်မှတ်ခြင်း လှုပ်ရှားမှု” ကို ပါဝင်လုပ်ဆောင်၍ အရည်အသွေး အထူးကောင်းသော ပစ္စည်းပြခန်း အပြင်၌ ရှုခင်းရှုကွက်ဖော် အလှစိုက်ပန်းအိုး ပြသရေးနေရာကိုလည်း စီစဉ်ထား ခဲ့ပါသည်။ ဤပြပွဲသည် အလှပြကျောက်တုံး၊ သစ်ခွပန်းများ နှင့်သက်ဆိုင်သော ယဉ်ကျေးမှုများကို ပြန့်ပွား သည့်အပြင် အလှပြကျောက်တုံး ယဉ်ကျေးမှု၏ အမျိုးမျိုးအဖုံဖုံရှိခြင်း ကိုလည်း ထူးချွန်စွာ ပြသ၍ ပြပွဲအတွက် ပိုမို ပေါများကြွယ်ဝသော လှုပ်ရှားမှု အကြောင်းအရာများကို များလာစေ ခဲ့ပါသည်။
ဤအကြိမ်ပြပွဲကို လာရောကပါဝင်သော တစ်ပြည်လုံး နေရာအသီးသီး မှလာသော ကုန်သည်များသည် အထူးကျောက်တုံး၊ သစ်ကိုင်းပန်းပုအနုပညာ၊ ရှေးပစ္စည်းဟောင်း၊ ကြွေထည်ပစ္စည်း၊ ကျောက်မျက်ရတနာ စသည့်ပစ္စည်းများ အမျိုးမျိုးကို ပြသ ခဲ့ပါသည်။
日前,2018昆明第六届国际赏石展暨昆明迎春兰花展在云南奇石城内举办,千奇百怪的精品石和雅致的兰花精品吸引了众多市民前来观赏。
本届展会经组委会精心筹备,向会员征集展示精品石300余件,兰花精品300余盆进行“评奖活动”,还在精品展示厅外设立了盆景展示区。不但体现了石、兰文化的科普性,同时也突出了石文化的多元性,为展会增添了更丰富的活动内容。
本届展会有来自全国各地的参展商展销奇石、根雕根艺、古玩、字画、瓷器、黄龙玉、翡翠、宝石、盆景等展品。(记者熊明 李悦春)
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့
