ကျင်ဟုံမြို့တွင် ၂၀၁၈ခုနှစ် “ကထန်းဖတ်”ပွဲကို ပျော်ပျော်ရွှင်ရွှင် ကျင်းပ
2018-01-09 09:35|
(ရောင်စုံတိမ်တံတား၊ မြရွှေစင်) သီချင်းဆိုခြင်းနှင့် အကကခြင်းဖြင့် ပွဲတော်ကို ပျော်ပျော်ရွှင်ရွှင် ကျင်းပပြီး ကောင်းချီး သြဘာပေးသံနှင့် ရယ်မောသံဖြင့် နှစ်သစ်ကို ကြိုဆိုပါသည်။ ကျင်ဟုံမြို့ ၂၀၁၈ခုနှစ် “ကထန်းဖတ်”ပွဲကို ဇန်နဝါရီလ (၅)ရက်နေ့တွင် ကျင်ဟာကျေးရွာ၌ ကျင်းပ ခဲ့ပါသည်။ ပွဲတော် ဝတ်ကောင်းစားလှကို ဝတ်ထားသော ဟာနီလူမျိုး ပေါက်ဖော်နှင့် အခြားလူမျိုး တို့သည် ပွဲတော်ကို အတူတူ ကျင်းပခြင်း၊ အမျိုးသား ချစ်ကြည်ရေးကို ပြောဆိုခြင်း၊ ကောင်းမွန်သော အနာဂတ်ကို မျှော်ကြည့်ခြင်းတို့ကို အတူတူ လုပ်ဆောင် ခဲ့ပါသည်။
“ကထန်းဖတ်”ပွဲသည် ဆစ်ဆောင်ပန်းနား ပြည်နယ်ခွဲ ဟာနီလူမျိုးတို့၏ တစ်နှစ်တစ်ကြိမ် ကျင်းပသည့် ကြီးကျယ်ခမ်းနားသော ရိုးရာပွဲတော် ဖြစ်၍ ဟာနီဘာသာစကားထဲတွင် “ကထန်းဖတ်”၏ အဓိပ္ပယ်သည် နှစ်သစ်အစ၊ အရာဝတ္ထု အားလုံးသည် ပြန်လည် နှိုးလာခြင်းကို ဖြစ်ပါသည်။ ထိုနေ့တွင် ကျင်ဟကျေးရွာ၌ ရောင်စုံအလံ အမျိုးမျိုး လွင့်ပျံပြီး အလွန် စည်ကား လှပါသည်။ ကျင်ဟုံမြို့ အမျိုးသား ယဉ်ကျေးမှု လုပ်ငန်းအဖွဲ့နှင့် ကျေးရွာအသီးသီး၏ အဆိုအကအဖွဲ့တို့သည် အလှည့်ကျ တင်ဆက်ပြသ၍ အားလုံးသည် ပျော်မြူးတက်ကြွ လှပါသည်။
ထိုနေ့တွင် အမျိုးသား ရိုးရာ အားကစားပြိုင်ပွဲ၊ အမျိုးသား ရိုးရာ လက်မှုအနုပညာ ပစ္စည်း ပြပွဲနှင့် ဒေသထွက် အထူးကုန် ရောင်းဝယ်ရေးပွဲ တို့ကိုလည်း ကျင်းပ ခဲ့ပါသည်။
昆明信息港综合整理 载歌载舞庆佳节,欢声笑语迎新年。5日,景洪市2018年“嘎汤帕”节庆祝大会在景哈乡举行。身着节日盛装的哈尼族同胞与各族干部群众,共同欢庆节日、共叙民族情谊、展望美好未来。
“嘎汤帕”节是西双版纳州哈尼族人民一年一度盛大的传统节日,哈尼语意为新年开始、万物复苏。当天,景哈乡彩旗猎猎、热闹非常。庆典大会上,景洪市民族文化工作队与各村寨歌舞队轮番登场,台上台下一片欢腾。
当天还举行了民族传统体育竞技体验、民族手工艺品展示以及土特产商品交易活动。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့
