၂၀၁၈ခုနှစ်တွင် ကူမင်းမြို့၏ ပထမအကြိမ် ဆီးနှင်းကျ
2018-01-03 16:01|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ကူမင်းကျောက်ဇင်တောင် ရှုခင်းရပ်ကွက်၌ ဇန်နဝါရီလ ၂ရက်နေ့ ညနေ ၁၇နာရီ ၁၈မိနစ် မှစ၍ နှင်းကျ၍ ၂၀၁၈ခုနှစ်တွင် ကူမင်းမြို့၏ ပထမအကြိမ် နှင်းကျခြင်းလည်း ဖြစ်ပါသည်။ ဤအကြိမ် နှင်းကျခြင်း အလွန် ကြီးမား၍ ရှုခင်းသာယာ လှပါသည်။
ကျောက်ဇီနှင်းတောင်သည် ကူမင်းမြို့ တုံးချွမ်းနယ်မြေ လုချွန့်ခရိုင်နှင့် ဆက်စပ်နေရာ၌ တည်ရှိနေ၍ ပင်လယ်ရေမျက်နှာပြင်ထက် မီတာ(၃)ဘောင်မှ (၄)ထောင်အထိ ရှိ၍ တစ်နှစ် နိုဝင်ဘာလ တတိယဆယ်ရက်ပိုင်းမှ လာမည့်နှစ် မတ်လအထိ ရေခဲခြင်းနှင့် နှင်းကျ အချိန်ကာလ ဖြစ်လျက်ရှိသည်။ နှင်းကျလျှင် တောင်မြင့်၊ ရေကန်၊ နှင်းတောင်၊ ရေခဲခြင်းရေတံခွန်၊ အဇိမ်လီယာပန်းတော၊ ဖားထင်းရူးသစ်တော စသော ရှုခင်းများသည် အချင်းချင်း ရောထွေးယှက်သန်း၍ အံ့သြဖွယ် ရှိပါသည်။ ကူမင်းမြို့မှ မထွက်ခွာ၍ မြောက်ပိုင်းဒေသ၏ ရှုခင်းကိုလည်း လက်တွေ့ခံစား နိုင်ပါသည်။ ကူမင်းမြို့တွင်းဒေသမှ ထွက်ခွာ၍ ကျောက်ဇီနှင်းတောင်သို့ ရောက်ရန် ခရီးစဉ်သည် အချိန် (၃)နာရီမှ (၄)နာရီအထိ လိုပါသည်။
အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့