(၁၁)ကြိမ်မြောက် စင်ရော်ယဉ်ကျေးမှုပွဲနှင့် ဒုတိယအကြိမ် ကူမင်း ဇာတ်ပွဲကို ၂၀၁၈ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှ စတင်ကျင်းပ

2017-12-28 10:55|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ၂၀၁၈ခုနှစ် (၁၁)ကြိမ်မြောက် စင်ရော်ယဉ်ကျေးမှုပွဲနှင့် ဒုတိယအကြိမ် ကူမင်း ဇာတ်ပွဲကို လာမည့်နှစ် ဇန်နဝါရီလ ၁ရက်နေ့ မနက်ပိုင်းတွင် ယူနန်ပြည်နယ် သိပံနည်းပညာပြတိုက်ကြီးကျယ်ခန်းနားစွာ စတင်ကျင်းပမည်။ ဇန်နဝါရီလ ၁ရက်နေ့မှ ၁၃ရက်နေ့အထိ ယူနန်ပြည်နယ် သိပံ္ပနည်းပညာပြတိုက်၊ စွေ့ကန်ဥယျာဉ်၊ နန်ဖင်လူသွားလမ်း၊ လျန်ဟွာကန်ဥယျာဉ်၊ နန်ချမ်လမ်း၊ ပထမဦးဆုံး ကူမင်းမြို့တော်ဝန် မစ္စတာမာကျိမ်း၏ အိမ်ဝင်း၊ ကူမင်းလာကျယ်လမ်း စသည့်နေရာများ၌ ရိုးရာဇာတ်သဘင် ပြသရေး၊ စင်ရော် ချစ်ရေးနှင့် ထိန်းသိမ်းစောက်ရှောက်ရေး လှုပ်ရှားမှု စသည့် ထူးခြားချက်ရှိ လှုပ်ရှားမှု အမျိုး(၃၀)ကျော် ခွဲခြား ကျင်းပမည်။

ပွဲကျင်းပရာတွင် တစ်နှစ်တစ်ကြိမ် ဖြစ်သော “နှစ်သစ်ကို ကြိုဆိုရန် ကျန်းမာရေး အပြေး”ကိုလည်း စွေ့ကန်ဥယျာဉ်ပတ်လမ်း၌ ကျင်းပဤ မြို့သူမြို့သား၊ ဌာနအဖွဲ့အစည်း၊ ကျောင်းသူကျောင်းသား စေတနာ့ဝန်ထမ်း၊ လုပ်ငန်းကိုယ်စားလှယ် စသော အသင်းအဖွဲ့များ မှလာသော လူအယောက်(၃)ထောင်ခန့်သည် ပါဝင်လာမည်။ ထို့ပြင်၊ စီရင်အုပ်ချုပ်သော ဒေသအတွင်း အထက်တန်းကျောင်း၊ ပြည်နယ်(မြို့)နှင့် ခရိုင်(နယ်မြေ)၊ လမ်းစီမံခန့်ခွဲရေးဌာနများ မှလာသော ဌာနအဖွဲ့အစည်း (၂၁)ခုမှ ယဉ်ကျေးမှုအဖွဲ့၊ စပေအနုပညာအဖွဲ့များသည် စပေအနုပညာ တင်ဆက်ပြသရေး၊ အမျိုးသား အဝတ်တန်ဆာ ပြသရေး၊ ယူနန် မီးပေဒေသာ အဆိုအက၊ ယောဂပြသရေး စသော ကောင်းမွန်သည့် စာပေအနုပညာပြပွဲ (၁၆)ပွဲကို နန်ဖင်လူသွားလမ်း၌ ကျင်းပမည်။

ဒုတိယအကြိမ် ကူမင်း ဇာတ်ပွဲကို ကျင်းပရာတွင် မြို့သူမြို့သားများနှင့် ခရီးသည်များသည် ရိုးရာဇာတ်သဘင်၊ ကူမင်းနယ်ခံဇာတ်သဘင်၊ တီန်းဇာတ်သဘင်၊ မီးပဒေသာ စသည့် အကောင်းဆုံးသော လက်ရာများကို ရှုစားနိုင်မည်။ ထို့ပြင်၊ အခုတလော ဖန်တီး ပြီးသားသော ဇာတ်သဘင်သစ်များကိုလည်း ပြသမြို့သူမြို့သားများသည် ရိုးရာ မီးပဒေသာ၊ ဇာတ်သဘင်များကို ရှုစားသည့်အပြင် တရုတ်နိုင်ငံ ရိုးရာဇာတ်သဘင်နှင့် ခေတ်မီ ဇာတ်သဘင်များ၏ ညှိ့နိုင်စွမ်းကိုလည်း ခံစားနိုင်ပါသည်။

စာပေအနုပညာ အမျိုးမျိုးအပြင်၊ ဝူဟွာနယ်မြေ စီးပွားရေးနှင့် ကုန်သွယ်ရေး ဦးစီးဌာနသည် နယ်မြေတစ်ခုလုံးထဲမှ လုပ်ငန်း(၂၁၃)ခုကို စုစည်းအရောင်းမြှင့်တင်ရေး လှုပ်ရှားမှု အမျိုးမျိုးကို နန်ဖင်လူသွားလမ်း၊ ကျင်းရင်း ကုန်ပစည်းဝယ်ခြင်း ဗဟိုချက်မ ကွင်းပြင်၊ ကူမင်းလာကျယ်လမ်း၊ ချင်းညန်လမ်း ကုန်သွယ်ရေးရပ်ကွက်၊ ရှီးချမ်စီတိုက် စသောနေရာဆောင်ရွက်မည်။

昆明信息港综合整理 记者近日获悉,2018第十一届昆明海鸥文化节暨第二届昆明戏剧节将于明年1月1日上午在云南省科技馆隆重开幕。从明年1月1日-13日期间,云南省科技馆、翠湖公园、南屏步行街、莲花池公园、南强街、马家大院、昆明老街等地将分别开展传统戏剧表演以及爱鸥护鸥志愿活动等30余项特色鲜明的主题活动。

届时,每年一届的“迎新年健康跑”也将在翠湖环线举行,将有来自市民群众、机关单位、学生志愿者、企业代表等团体方阵约1000人参加。除此之外,南屏步行街将有来自辖区高校、省市及县区、街道办事处21家单位的文化团体、文艺队伍,组织开展“活力青春”文艺汇演、民族服饰演、云南花灯歌舞、瑜伽表演等16场文艺精品展演。

在第二届昆明戏剧节期间,市民和游客将欣赏到传统戏剧、昆明本土经典戏剧、滇剧、花灯等经典作品展演。同时,一批新创作的情景庭院戏剧将展现给观众,让许多老昆明在欣赏到久违的传统花灯、折子戏中,感受中国传统戏剧和现代情景剧的魅力。

除各类精彩的文艺演出之外,五华区经贸局还将组织全区213家商业企业,在南屏步行街、金鹰购物中心广场、昆明老街、青年路商圈、小西门大观商业城商圈、西城时代等区域开展各种形式的主题促销活动。

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်