မြန်မာ့ခရီးသွားလုပ်ငန်းဘဏ် ၂၀၁၈နှစ်လယ်တွင် လုပ်ငန်း စတင်နိုင်ရန် စီစဉ်

2017-12-25 17:16|7daydaily

2594799_500x500

(ရောင်စုံတိမ်တံတား၊ မြရွှေစင်) မြန်မာ့ခရီးသွားလုပ်ငန်းဘဏ်ကို ကျပ်ဘီလီယံ ၂၀ မတည်ရင်းနှီးကာ ၂၀၁၈နှစ်လယ်တွင် လုပ်ငန်းစတင်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောကြားသည်။

မြန်မာ့ခရီးသွား လုပ်ငန်းဘဏ်သည် အသေးစားနှင့် အလတ်စား ခရီးသွားလုပ်ငန်းများအား ငွေကြေးဆိုင်ရာ ၀န်ဆောင်မှု ပေးမည် ဖြစ်ပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ဘဏ်ခွဲသုံးခု စတင်ဖွင့်လှစ်ကာ လည်ပတ်မည် ဟု ၎င်းကဆိုသည်။

‘‘ကွန်ပျူတာစနစ်တွေ တပ်ဆင်တာနဲ့ ဘဏ်ခွဲတွေပြင်တာတွေ အတွက် အနည်းဆုံးငါးလ၊ ခြောက်လလောက်တော့ ပြင်ရဦးမယ်။ အဲဒါပြီးတာနဲ့ ၀န်ဆောင်မှုတွေ စပေးသွားမှာ ဖြစ်ပါတယ်။ ဟိုတယ်နဲ့ ခရီးသွားကဏ္ဍက လူတွေ၊ SMEs တွေကို များများ ထောက်ပံ့ပေး နိုင်အောင် လုပ်ရမှာ ဖြစ်ပါတယ်’’ ဟု ဦးရန်ဝင်းက ပြောသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ခရီးသွားလုပ်ငန်းရှင်များ စုပေါင်း၍ မြန်မာ့ခရီးသွား လုပ်ငန်းဘဏ် အများပိုင် ကုမ္ပဏီကို တည်ထောင်ကာ ဘဏ်လုပ်ငန်းအနေဖြင့် ၀န်ဆောင်မှု ပေးနိုင်ရန် ဆောင်ရွက်ပြီး ဒီဇင်ဘာ ၁ ရက်က ဘဏ်တည်ထောင်ရန် တရားဝင် ခွင့်ပြုချက် ရရှိခဲ့သည်။

‘‘ဟိုတယ်နဲ့ ခရီးသွားကဏ္ဍက ငွေကြေး ထိုက်သင့်သလောက် အကူအညီရအောင် အကုန်လုံး လုပ်ပေးသွားမယ်။ ဘဏ်တွေရဲ့ ပုံမှန်လုပ်ငန်းစဉ်တွေ ဖြစ်တဲ့ ငွေ အပ်လက်ခံတာ၊ ငွေချေးတာတွေ လုပ်သွားမယ့် အပြင် အသေးစားနဲ့ အလတ်စား ခရီးသွားလုပ်ငန်းတွေ အတွက် သီးခြားငွေ ထုတ်ချေးပေးတာ၊ ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုတွေ ပေးတာမျိုးလည်း လုပ်သွားဖို့ ရှိပါတယ်’’ ဟု ၎င်းကပြောသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၏ စာရင်းများ အရ နိုင်ငံတစ်ဝန်းတွင် လိုင်စင် ထုတ်ပေးထားသည့် ခရီးသွားလုပ်ငန်း ၂,၆၈၇ခု ရှိပြီး နိုင်ငံခြားသား ကုမ္ပဏီတစ်ခု၊ နိုင်ငံသားနှင့် နိုင်ငံခြားသား ဖက်စပ်ကုမ္ပဏီ ၄၁ခုနှင့် နိုင်ငံသားပိုင်ကုမ္ပဏီ ၂,၆၄၅ခု ရှိကာ အများစုသည် အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖြစ်သည်။ (By နိုင်လင်းအောင်)

tourist

据缅甸《七日新闻》报道,缅甸旅游业银行计划在2018年中期开始运营,届时,将为中小旅游企业提供金融服务。该银行共投资200亿缅币,分别在仰光、曼德勒和内比都设有3个分行。

缅甸旅游业银行于12月1日正式获许成立,由缅甸旅游业协会企业家共同建设。银行除开展存款、贷款等银行常规业务外,还将为中小企业提供特殊贷款服务及其他金融服务。

缅甸旅游业协会主席吴阳温表示,缅甸旅游业银行计算机系统安装和分行装修至少需要5个月,全部准备工作完成大约需要6个月。投用后将为酒店和旅游业企业家、中小企业提供最大资金支持。

据酒店和旅游部统计,目前缅甸共有2687家旅游公司获得许可证。包括1家外企、41家本国与外国合资公司、2645家本土公司,其中大多数为中小型企业。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: XuTing

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်