လန်မဲနိုင်ငံတကာ အသက်မွေးဝမ်းကျောင်း ပညာကောလိပ်ကျောင်း အခြေခံအုတ်မြစ်ချ အခမ်းအနားကို ကျင်းပခဲ့

2017-12-18 17:22|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) လန်မဲ(လန်ချာဖြစ်- မဲခေါင်မြစ်) နိုင်ငံတကာ အသက်မွေးဝမ်းကျောင်း ပညာကောလိပ်ကျောင်း အခြေခံအုတ်မြစ်ချ အခမ်းအနားကို ၁၂လပိုင်း ၁၇ရက်နေ့တွင် တယ်ဟုံ တိုင်လူမျိုး ကျင်ဖေါ်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ရွှေလီမြို့၌ ကျင်းပ ခဲ့ပါသည်။

လန်မဲနိုင်ငံတကာ အသက်မွေးဝမ်းကျောင်း ပညာကောလိပ်ကျောင်းကို ယူနန် တိုင်းရင်းသားလူမျိုးစု တက္ကသိုလ်နှင့် ရွှေလီမြို့အစိုးရတို့သည် အတူတူ တည်ဆောက်၍ အစိုးရတည်ထောင်သော အဆင့်မြင့် တက္ကသိုလ်ဘာသာရ စာသင်ကျောင်း ဖြစ်ပြီး ယူနန်တိုင်းရင်းသားလူမျိုးစု တက္ကသိုလ်အောက်မှ သီးခြား ဒုတိယအဆင့် ကောလိပ် ဖြစ်၍ လန်မဲနယ်ပယ် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်မှုနှင့် သက်ဆိုင်သော ပင်ကိုယ်အရည်အချင်း မြင့်သော လက်တွေ့အသုံးချ လူတော်လူကောင်းများကို အဓိက ပြုစုပျိုးထောင်မည်။

လန်မဲနိုင်ငံတကာ အသက်မွေးဝမ်းကျောင်း ပညာကောလိပ်ကျောင်းသည် တရုတ်- အာဆီယံ ပညာသွန်သင် လေ့ကျင့်ပျိုးထောင်ခြင်း ဗဟိုချက်မ၊ လန်မဲနိုင်ငံတကာ အသက်မွေးဝမ်းကျောင်း ပညာကောလိပ်၊ လန်မဲနိုင်ငံတကာ အသက်မွေးဝမ်းကျောင်း ပညာသွန်သင် မဟာမိတ်အဖွဲ့၊ လန်မဲနိုင်ငံတကာ အသက်မွေးဝမ်းကျောင်း ပညာသွန်သင်ခြင်းနှင့် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး သုတေသနအကယ်ဒမီ၊ လန်မဲ ပညာရေးနှင့် လုပ်ငန်း ရောနှောပေါင်းစပ်ရုံ၊ လန်မဲနိုင်ငံတကာ ဝန်ထမ်းကောလိပ် ဖြစ်သော လန်မဲ အသက်မွေးဝမ်းကျောင်း ပညာသွန်သင် အခြေခံစခန်းကို တည်ဆောက်မည်။ ပညာကောလိပ်ကျောင်းနှင့် မဟာမိတ်အဖွဲ့တို့ကို တည်ဆောက်ခြင်းသည် လန်မဲ ပူပေါင်းဆောင်ရွက်ရေး ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး၏ အရေးကြီးသော အောင်မြင်မှုမျာထဲသို့ ထည့်သွင်းပေး ခဲ့ပါသည်၊ ၂၀၁၇ခုနှစ် ယူနန်ပြည်နယ် ပညာရေးလုပ်ငန်းတွင် အရေးကြီးသော အလုပ်တာဝန် (၁၁)ခုထဲမှ တစ်ခုလည်း ဖြစ်ပါသည်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ ဦးစီးဌာန လန်မဲ ပူပေါင်းဆောင်ရွက်ရေး တရုတ် အတွင်းရေးမှူးအဖွဲ့၊ ဆရုတ်- အာဆီယံ ပညာရေး ဖလှယ်မှုပတ် ဦးစီးကျင်းပရေး ကော်မတီ၊ ကူမင်းမြို့အခြေစိုက် ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ၊ လာအိုနိုင်ငံ (၃)နိုင်ငံ၏ ကောင်စစ်ဝန်ချုပ်ရုံး၊ တယ်ဟုံပြည်နယ်ခွဲ၊ ရွှေလီမြို့၊ ယူနန် တိုင်းရင်းသား လူမျိုးစု တက္ကသိုလ်၊ မြန်မာနိုင်ငံ မူဆယ်ဒေသ အစိုးရကိုယ်စားလှယ်နှင့် လုပ်ငန်းကိုယ်စားလှယ များသည် လန်မဲနိုင်ငံတကာ အသက်မွေးဝမ်းကျောင်း ပညာကောလိပ်ကျောင်း အခြေခံအုတ်မြစ်ချခြင်းကို အတူတူ မျက်မြင်သက်သေ ခဲ့ပါသည်။

昨日,澜湄国际职业学院奠基开工仪式在德宏傣族景颇族自治州瑞丽市举行。

据悉,澜湄国际职业学院由云南民族大学和瑞丽市政府共同建设,为公办高等本科职业院校,是云南民族大学的二级学院,将重点培养与澜湄区域经济社会发展需求相关的高素质应用型人才,突出国际化、沿边性、应用型的办学特色,以应用型本科教育为主,包括国内国际本专科学历教育、非学历教育培训等。

澜湄国际职业学院将建设中国—东盟教育培训中心、澜湄国际职业学院、澜湄职业教育联盟、澜湄职业教育与产业发展研究院、澜湄产教融合园和澜湄国际干部学院“六位一体”的澜湄职业教育基地。据了解,学院和联盟的建设被列入澜湄合作第二次外长会议重要成果清单,也是2017年云南省11项教育工作重点任务之一。

外交部亚洲司澜湄合作中国秘书处,中国—东盟教育交流周组委会,泰国、缅甸、老挝驻昆明总领事馆,德宏州、瑞丽市、云南民族大学,以及缅甸木姐地区政府、企业的代表共同见证学院奠基开工。(记者韩成圆 刘祥元)

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်