“ရပ်ဝန်းတစ်ခု လမ်းကြာင်းတစ်ခု၊ ရောင်စုံယူနန်” နိုင်ငံတကာ ရေလီကားပြိုင်ပွဲ စတင်ခြင်းအခန်းအနားကို ကူမင်းမြို့၌ ကျင်းပ
2017-12-12 17:14|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ၂၀၁၇ခုနှစ် “ရပ်ဝန်းတစ်ခု လမ်းကြာင်းတစ်ခု၊ ရောင်စုံယူနန်” နိုင်ငံတကာ ရေလီကားပြိုင်ပွဲ၏ စတင်ခြင်းအခမ်းအနားကို ၁၂လပိုင်း ၁၁ရက်နေ့ မနက်ပိုင်း ၁၀နာရီတွင် ကူမင်းမြို့၌ ကျင်းပ ခဲ့ပါသည်။
လမ်းကြမ်းမောင်းကား (၄၇)စီးနှင့် ပြိုင်ပွဲဝင်၊ ကုန်သွယ်ရေးကိုယ်စားလှယ်၊ မီဒီယာ သတင်းထောက်၊ စည်းရုံးရေးကော်မတီဝင် အယောက်(၁၄၄) တို့သည် ဤအကြိမ် ရေလီကားပြိုင်ပွဲကို ပါဝင်ပါသည်။ အချိန်သည် စုစုပေါင်း အရက်(၂၀) ရှည်ကြာ၍ ခရီးစဉ်တစ်ခုလုံးသည် ကီလိုမီတာ (၇)ထောင်ခန့် ရှိပြီး လာအို၊ ထိုင်းနှင့် ကမ္ဗောဒီးယား တို့ကို ဖြတ်ကျော်ပြီး အရှေ့တောင်အာရှ၊ တောင်အာရှ ကုန်းတွင်း အာဆီယံ၏ ဗဟိုချက်မဒေသကို ဖြတ်ကူးပါသည်။
ဤနှစ် ရေလီကားပြိုင်ပွဲသည် “ကာယဗလက ဇာတ်ခုံထိုး၊ စီးပွားကုန်သွယ်ရေးက အော်ပရာဆို” ပုံစံနည်းလမ်းကို ဆက်လက်အသုံးပြု၍ ခရီးစဉ်တစ်ခုလုံး တစ်လျှေက်တွင် အကြိမ်များသော နိုင်ငံတကာ ဒုတိယအဆင့် ရေလီကားပြိုင်ပွဲ၊ ရေလီကားပြိုင်ပွဲနှင့် ပြိုင်ကွင်းပတ် ပြိုင်ပွဲများကို ကျင်းပပြီး ပြည်တွင်းပြည်ပ မော်တော်ကားပြိုင်ပွဲဝင် ဆွေးနွေး ဖလှယ်ပွဲကိုလည်း ကျင်းပမည်။
ဤအကြိမ်ပြိုင်ပွဲသည် ယူနန်ပြည်နယ်မှာ နိုင်ငံတော် “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု” ကမ်းလှမ်းချက်ကို အကော်အထည်ဖော်ပြီး ဖြန့်ချီသော အရေးကြီးသည့် အပြုအမူ ဖြစ်၍ ရည်ရွယ်ချက်သည် ယူနန်ပြည်နယ်တွင်း နိုင်ငံတကာ အမှတ်တံဆိပ် အားကစားပြိုင်ပွဲကို တီထွင်ဖန်တီး ပါသည်။ ပြိုင်ပွဲကို ယူနန်ပြည်နယ် အားကစားဌာန၊ ယူနန်ပြည်နယ် ကုန်သွယ်ရေးဦးစီးဌာန၊ ယူနန်ပြည်နယ် အရှေ့တောင်အာရှ တောင်အာရှ စီးပွားကုန်သွယ်ရေး ပူပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအဖွဲ့ များသည် ဦးစီးကျင်းပပါသည်။
အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့


